Sunday 31 July 2011

ကိုနေဝင်း

Oil and Acrylic on paper ( icn2 )

 Youtubeပေါ်မှာ ကိုနေဝင်း သီချင်းတိုက်နေသော ဗီဒီယိုလေးကို တွေ့ရပါတယ် ။  အဲသည့်ဗီဒီယိုကိုကြည့်ပြီး ဆွဲထားသောပုံ။

ref: (1) , (2)

သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ



ကဗျာဆရာကြီး သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ စာအုပ်ကိုဝယ်လို့ရပါတယ် ။ အင်္ဂလိပ်လို ဘာသာပြန်ဆိုသူမှာ ဆရာ ဇေယျာလင်း ဖြစ်ပါတယ် ။ မျက်နှာဖုံးပန်းချီမှာ ပန်းချီဆရာ ကိုမုတ်သုန်ဖြစ်ပါတယ် ။  အမှာစာအရ ဆရာသစ္စာနီ စာရေးသက် နှစ်ပေါင်း လေးဆယ် လောက်ရှိပြီလို့ ယူဆပါတယ် ။ ကဗျာ ဆယ့်သုံးပုဒ် ပါဝင်ပြီး ၊ ဆယ်သုံးပုဒ် လုံးကို ဆရာ ဇေယျာလင်းက အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပါတယ် ။ အမှာစာကိုတော့ဘာသာမပြန်ထားပါ ။ ကဗျာဆရာ နာမည်နဲ့ ဘာသာပြန်သူ နာမည်ကို အင်္ဂလိပ်လိုပြန်ဆိုထားတာမတွေ့ရပါ ။ အမှာစာမှာ ဆရာသစ္စာနီက သူကဗျာများနဲ့သူ့ကဗျာသက်တမ်းအကြောင်းရေးထားပါတယ် ။ ကျနော်ကတော့ သူ့ကဗျာတွေကိုကြိုက်တယ် ။ သူ့စာများကြိုက်သူများအတွက် လက်တို့ရုံသက်သက် ။

Saturday 30 July 2011

painting

oil on paper(icn2)

ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့

photo (icn2)

“ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့ ” ဆိုတာ ကဗျာဆရာကြီး (ဦး) အောင်ချိမ့် ရဲ့ ကဗျာခေါင်းစဉ်ပါ ။ ဒီနေ့က စနေနေ့လည်းဖြစ်တယ် ။ ဟိုဟိုဒီဒီ လည်းလျှောက်ရေးခြင်တာနဲ့ ဒီခေါင်းစဉ်ကိုယူလိုက်ပါတယ် ။ ဒီစနေ့ကတော့ လကုန်ရက်ဖြစ်နေလို့ ၊ လခဝင်လို့ ကျန်ခဲ့တဲ့စနေနေ့နဲ့ မတူ ၊ နည်းနည်းတော့ ကွဲတာပေါ့ ။  ရန်ကုန်အပြန်တုန်းက အိမ်မှာ ငယ်ငယ်က စုထားတဲ့ စုဗူးထဲကလက်ကျန်အကြွေလေးတွေတွေ့လို့ ယူလာလိုက်တယ် ။ လကုန်ရက်မှာရေးတဲ့ပိုစ့်ဆိုတော့ အကြွေတွေကို ဓါတ်ပုံရိုက်လိုက်တာပေါ့ ။ အသက်ကြီးလာတော့ ဘောလုံးစကားနဲ့ပြောရရင် ( injury time) သိပ်မရှိတော့ဘူး ။ ငယ်ငယ်ကလို တမတ်စေ့အကြွေတွေ မဲနေရင် ၊ သဲပေါ်ချပြီး ဖနောင့်နဲ့ဖိနင်း ၊ လူကို တစ်ပတ်လည်လိုက်ပြီး မတ်စေ့ကို ကြေးရောင်ပြန်တက်အောင်လုပ်လို့ရရင်ကောင်းသား ။ လွမ်းဖို့ကောင်းသား ။ ကဗျာဆရာကြီး အောင်ချိမ့်ရဲ့ အဲသည့် ကဗျာ “ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့“ ကိုပြန်ဖတ်ကြည့်တော့လည်း အရသာတွေ့နေဆဲ ။ 


Thursday 28 July 2011

ပန်းချီဆရာ ပိုပို ဘာသာပြန်သော စာအုပ်

photo( icn2)


ပန်းချီဆရာ ပိုပို ဘာသာပြန်သော စာအုပ် ။ ကျယ်ရီးဒဒူး အနုပညာ၏ အလုံးစုံသဘော နှင့် ဧကသဘော ။

Wednesday 27 July 2011

(ဆရာပေါ်ဦးသက် ။ ဆရာဆောင် ) ပန်းချီရေးနေသောပုံ




ဆရာပေါ်ဦးသက် ပန်းချီရေးနေပုံ (icn2)






watercolor ( Balzac and the little chinese seamstress )

icn2(watercolor)
Balzac and the little Chinese seamstress  အဖုံးကိုကူးဆွဲထား။

စစ် နှင့် ငြိမ်းချမ်းရေး စာအုပ် အဖုံး ( ဦးစံတိုး ၊ ဦးဝင်းဖေ )

ဆရာ ဦး စံတိုး လက်ရာ

စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်အဖုံးလက်ရာများ ။ ဆရာစံတိုး စာအုပ်ထဲမှာ ရေးထားတဲ့ပန်းချီကို သဘောကျလို့ ဘလော့ပေါ်တင်လိုက်ပါတယ် ။

drawing ( Howard Jacobson )

Howard Jacobson (drawing : icn2)

Tuesday 26 July 2011

မာရီယာ ရဲ့ မာယာကော့ဖစကီး




Mayakovsky (icn2) watercolor and pastel on paper

Random photo ( ခရမ်းပြာထက်လူ ရဲ့ ကဗျာစာအုပ် )



ခရမ်းပြာထက်လူ ရဲ့ နံရံမှာ ငါရေးထွင်း ကဗျာစာအုပ် ။ ပင်နီဇူးလားမှာဝယ်တာ ၇ ဒေါ်လာပေးရတယ် ။ ကဗျာတွေဖတ်ရတာကောင်းတယ် ။ ဘာသာပြန်သူက ကဗျာတွေကို အင်္ဂလိပ်လိုဘာသာပြန်ထားပေမယ့် ကဗျာဆရာနာမည်ကို အင်္ဂလိပ်လိုဘာသာမပြန်ထားဘူး ။ :)

Sunday 24 July 2011

drawings ( တိုက်ခန်း ၊ ရေနဂါး )


ink and wash painting ရေးဟန်ကို ကျနော်သဘောကျပါတယ် ။ အဲသလိုရေးဟန်မျိုးကို မြန်မာပန်းချီဆရာ (ကို)မုတ်သုန် ရေးပါတယ် ။  သူတို့လိုမျိုးတုပပြီးရေးထားသော ပုံ။


Random photos (@ ngee Ann city)

photo (icn2)




စာအုပ် အကြောင်း ( Haruki Murakami)

drawing (icn2)


Dance Dance Dance စာအုပ်ကို သူငယ်ချင်းတယောက်ဆီကနေဌားဖတ်တယ် ။ သူလည်း အဲသည့်စာရေးဆရာရဲ့စာအုပ်တွေကို ကြိုက်လို့ဝယ်လည်းဖတ်တယ် ။ စာကြည့်တိုက်ကနေလည်း ဌားဖတ်တယ် ။  Haruki Murakmi စာအုပ်တွေကို စင်ကာပူမှာတော်တော်ဖတ်တယ်လို့ ပြောလို့ရမယ်ထင်တယ် ။ ကျနော်သူ့စာအုပ်ကိုဖတ်ပြီးတော့သူရေးတဲ့အကြောင်းအရာတွေထဲက တူတာတချို့ကိုတွေ့ရပါတယ် ။ ဝတ္တုဖတ်သူ ၊ စာဖတ်သူအခြင်းခြင်း ဝတ္ထုအကြောင်းပြောသလိုမျိုး ပြောရရင်

Saturday 23 July 2011

Random photos ( အင်းလျားကန် )




Random photos ( ရွှေညောင်ပင်)




Random photos ( စန်းဦး - နှစ်ထပ်ဘောလုံး )

photo-icn2

drawings ( မြန်မာပန်းချီဆရာကြီးများ ရဲ့ ပုံများကိုကူးဆွဲလေ့လာထားတဲ့ပုံများ)

မန္တလေးမှ ပန်းချီဆရာကြီး ဦးဘသက် မူရင်း ဓါတ်ပုံ



drawings ( မြန်မာစာရေးဆရာကြီးများ ရဲ့ ပုံများကိုကူးဆွဲလေ့လာခြင်း)

ဆရာကြီး ရွှေဥဒေါင်း




မြန်မာစာရေးဆရာ ၊ ဆရာမကြီးများရဲ့ ဓါတ်ပုံများကို ကူးဆွဲလေ့လာထားတဲ့ ပုံများ ။ စုစုပေါင်း လေးပုံ ။


Random Photos ( ဦးလွန်းကြွယ် )



ကျန်ခဲ့တဲ့ သုံး ၊ လေး နှစ် လောက်တုန်းက ပန်းချီဆရာကြီး ဦးလွန်းကြွယ် စင်ကာပူမှာ ပန်းချီပြပွဲလာလုပ်တုန်းက လက်တွေ့ရေးဆွဲပြသနေပုံ ။ ဆရာကြီး ရဲ့ ပန်းချီကားတချို့ရောင်းရတာတွေ့ခဲ့ရပါတယ် ။ ရွှေတိဂုံဘုရားပုံ ဆီဆေး ပန်းချီကားကြီးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ နဲ့ ရောင်းထားပြီးဆိုတဲ့စတစ်ကာလေးလည်းတွေ့ခဲ့ရပါတယ် ။ အခုဒီ ဓါတ်ပုံကို သိမ်းထားတဲ့ ဖိုင်အဟောင်းတွေထဲမှာတွေ့လို့ပြန်တင်လိုက်ပါတယ် ။ ပြပွဲမှာ အလကားဝေတဲ့ စာရွက်ထဲမှာ ပါတဲ့ ရွှေတိဂုံဘုရားပုံတော် ပန်းချီကားကို (pastel) နဲ့ ပြန်ကူးဆွဲထားတဲ့ပုံလည်း ပြန်တွေ့လို့ဒီပိုစ်မှာတပေါင်းတည်း တင်လိုက်ပါတယ် ။

Random photos ( စေတ ၊ မောင်ကိုကို )

ဝယ်ထားတဲ့ စာအုပ်အဖုံးပုံတွေ ဖြစ်ပါတယ် ။ စာအုပ်မျက်နှာဖုံးတွေကို ဘလော့ပေါ်တင်တာ ကြော်ငြာခ ကော်မရှင်ရလို့ မဟုတ်ပါဘူး ။။  :) အမှန်ကတော့ ဓါတ်ပုံရိုက်ချင်တာ ၊ ဘာကို ရိုက်ရမှန်းမသိတာနဲ့ လွယ်လွယ်ကူကူတွေ့ရတဲ့ စာအုပ်အဖုံးတွေကို ဓါတ်ပုံရိုက်ထားတာပါ ။




ကဗျာဆရာ စေတ ရဲ့ “အပြစ်မဲ့မူ ကမ်းခြေ ကဗျာများ” စာအုပ် အဖုံးပုံ နဲ့ အတွင်းပန်းချီတွေက ဆွဲဆောင်မူအတော်ရှိပါတယ် ။ ပန်းချီဆရာ (ကို) စိုးနိုင် ရဲ့ ပန်းချီကားတွေကို အသုံးပြုထားတယ် ။ ပန်းချီများကို ကာလာဖြင့်ဖော်ပြထားပါတယ် ။ ကဗျာများ ဖတ်ရတာ ခက်ခက်ခဲခဲ သိပ်မရှိပါဘူး ။ စာအုပ်တန်ဖိုး ၂၀၀၀ ကျပ် ။


watercolor (face)

study ( watercolor on paper/icn2) :original image: wyclef jean's knocking on heavens door

Antoine de Saint-Exupery , the Little Prince and Doodles







Antoine de Saint-Exupery ( icn2, watercolor on paper)


The Little prince ကို ရေးတဲ့ စာရေးဆရာကြီး ရဲ့စာရေးစားပွဲခုံကို “ ဖတ်ကိုဖတ်ရမယ့်စာအုပ် --” ဆိုတဲ့ ထဲမှာလား ၊ တခြားစာအုပ်တစ်အုပ်အုပ်ထဲမှာလား ၊ အမှတ်မထင်တွေ့လိုက်ရတယ် ။ သူ့စာကြည့် ၊ စာရေး စားပွဲပေါ်မှာ အရုပ်တွေ ရေးထွင်းထားတယ်လို့မှတ်မိနေတယ် ။ အဲသည့်စားပွဲကို ဘလော့ပေါ်တင်ချင်လို့ အင်တာနက်ပေါ်ရှာကြည့်တာ မတွေ့ရဘူး ။ သူစာရေးနေရင်း တခုခုနဲ့ ( ဓါး ၊ ဒါမှမဟုတ်၊ ထောက်ချွန် ) နဲ့ ထွင်းခဲ့တာထင်တယ် ။ ပြောမယ့်သာပြောရတာ ကျနော်က သူ့စာရေးစားပွဲလို့ထင်နေခဲ့ပြီး တခြားစာရေးဆရာ တယောက်ရဲ့စားပွဲလည်းဖြစ်နိုင်တယ် ။


Friday 22 July 2011

Random photos ( ရေအိုး ၊ ဆေးလိပ်ပြာခွက် )





သိပ္ပံ ဝတ္ထု Flashforward


FlashForward by Robert J Sawyer

FlashForward သိပ္ပံ ဇာတ်လမ်း စီးရီး ကို တီဗီမှာ နည်းနည်းကြည့်လိုက်ရတယ် ။ ပထမဦးဆုံးအဖွင့် ဇာတ်လမ်းအစ ကိုပြတဲ့နေ့ကကြည့်လိုက်ရတယ် ။ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖြစ်တာရယ် ၊ ရိုက်ပြတဲ့အကွက်တွေကလည်းမိုက်နေတာကြောင့် စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့်မကြည့်ဖြစ်ပါဘူး ။ ဘာဆက်ဖြစ်မလဲသိချင်လို့ မူရင်းစာအုပ်ကို လှန်လောကြည့်မိတယ် ။

ဝေဖန်ရေးဆရာရေးတာကတော့ တီဗီဇာတ်လမ်းဟာ မူရင်း ဇာတ်လမ်းကနေ တော်တော်ခွဲထွက်နေတယ် ။ အဓိကဇာတ်ကောင် တွေက လော့စ်အင်ဂျီလစ် FBI ကဆရာသမားတွေဖြစ်နေတယ် ။ မူရင်းမှာက အဓိက ဇာတ်ကောင်တွေဟာ ဆွစ်ဇလန် နိုင်ငံက သိပ္ပံပညာရှင်တွေဖြစ်နေတယ် ။ တကမ္ဘာလုံးကလူတွေ ခေတ္တ ခဏ( နှစ်မိနစ် ၊ ၁၇ စက္ကန့်) ရုတ်တရက်မေ့လဲပြီး ၊ ရှေ့ဖြစ်မှာကိုကြိုမြင်တာက မူရင်း ဝတ္ထုနဲ့တူပေမယ့် ဘာကြောင့် အဲသလိုဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကျတော့ တီဗီဇာတ်လမ်းတွဲနဲ့ ဝတ္ထုကွဲလွဲနေတယ်ဆိုတယ် ။ မူရင်းဝတ္ထုမှာ သချာင်္ ၊ ရူပဗေဒ ဆိုင်ရာ အကြောင်းတွေ ၊ စဉ်းစားစရာ ကိစ္စတွေပါတယ် (ဥပမာ-- ကိုယ့်ကို အသက်အန္တရယ် ဖြစ်စေ၊ သေလောက်တဲ့ အန္တရယ်ဖြစ်နိုင်တဲ့ ကိစ္စကို ရင်ဆိုင်ပြီး ကိုယ့်အနာဂတ်ကို သိဖို့ကြိုးစားမလား ၊) ။ တီဗီဇာတ်လမ်းတွဲကတော့ အဲမျိုးတွေ လျော့နေတယ် လို့ ဆိုပါတယ် ။

ကျနော်ကတော့ ဇာတ်လမ်းတွဲကို မကြည့်ဖူးဘူး ။ စာအုပ်အဖုံး ဒီဇိုင်းကိစ္စတွေ စိတ်ဝင်စားလို့ သူ့စာအုပ်အဖုံးကိုသေချာတော့ကြည့်မိတယ် ။ မျက်စိထဲချက်ခြင်းဆွဲသွားစေတယ်လို့ခံစားရပါတယ် ။ သိပ္ပံဝတ္ထုရေးဆရာတွေရဲ့ ဖန်တီးမူကတော့ လက်ဖျားခါလောက်ပါတယ် ။ မူရင်းစာရေးဆရာရဲ့ အင်တာနက် web page ကိုလည်းသွားကြည့်နိုင်ပါတယ် ။

ရည်ညွန်း ၊ ကိုးကား  (1) 
http://en.wikipedia.org/wiki/FlashForward

Thursday 21 July 2011

Random photos ( ရန်ကုန်-ပုသိမ် ကားလမ်းမ )






ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံ ၄ ပုံ ။ point and shoot နဲ့ အမှတ်တရရိုက်ထားတာ ။



Sunday 17 July 2011

Random Photos ( ကြော်ငြာဘုတ်များ ၊ ပန်းဆိုင် ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်)


အဆင်ပြေလို့ပုံဆွဲဖြစ်ရင် ကြည့်လို့ရအောင် ရိုက်ထားသောပုံတွေ ။ ပန်းဆိုင် ၊ ကြော်ငြာဆိုင်းဘုတ်များ ၊ ဆောက်လက်စ အဆောက်အဦး ။


Random photos ( ငှက် )



ဗိုလ်ချုပ်ဈေး နံရံမှာ ချိတ်ထားတဲ့ စာကလေး အိမ်၊ ခိုအိမ်ကလေးများ ၊ ဓါတ်ပုံရိုက်တဲ့သူတွေ စိတ်ဝင်စားပြီး ဓါတ်ပုံရိုက်နေတာ တွေ့တာနဲ့ တစ်ပုံ ၊ နှစ်ပုံ ဝင်ရိုက်ခဲ့တယ် ။ အရောင်များ မူရင်းအတိုင်း ဖြစ်ပါတယ် ။


Saturday 16 July 2011

Drawing ( ဇေယျာလင်း )



မူရင်း ဓါတ်ပုံကို တောကျောင်းဆရာ ဘလော့ကနေရတယ်လို့ထင်ပါတယ် ။ ပုံဆွဲထားတာ လနည်းနည်းကြာသွားလို့ မူရင်းဘလော့ကိုသေချာမမှတ်မိဘူး ။ ဓါတ်ပုံ အတွက် တောကျောင်းဆရာကို ကျေးဇူးတင်ပါတယ် ။

ရန်ကုန် ( စာအုပ်များ )


“ ဆရာကြီး မင်းသိင်္ခ နှင့် ဒေါက်တာဒဂုန် ၊ ဆရာဒဂုန် နှင့် ဒေါက်တာ မင်းသိင်္ခ ” ဇင်ယော်နီ ဇာတ်ကြောင်းပြန်သည် ဆိုတဲ့ စာအုပ်ကို ဝယ်လာတယ် ။ ၂၀၀၀ ကျပ်ပေးရပါတယ် ။ ဆရာ ဒဂုန် က ဆရာကြီး မင်းသိင်္ခ ကို မေးခွန်းမေးပြီး ၊ ပြန်ဖြေတဲ့ အဖြေတွေကို ဆရာ ဇင်ယော်နီ ကပြန်လည်ရေးသားဖော်ပြတဲ့ စာအုပ်ဖြစ်ပါတယ် ။

အဘ မင်းသိင်္ခ အလွန်လေးစားအားကျသော ဆန်းဆရာကြီး ဦးထွန်းမြတ် ၊ သုံးတန်ပေါ်နိစ် ၊ နဲ့ ဆရာကြီး မင်းသိင်္ခ ရေးထိုးခဲ့သော သုံးတန်ပေါ်နိစ်ကျောက်စာ ၊ ကန်တော့ပွဲထိုးပုံ ၊ ဂဏန်းဗေဒင် ၊ တဲရော့--စတဲ့ အကြောင်းအရာတွေကိုဖတ်ရတယ် ။ ဓါတ်ပုံတွေတော်တော်များများပါတယ် ။

ဗဂျီအောင်စိုး

ဗဂျီအောင်စိုး ( ဗဂျီအောင်စိုး နှစ် နှစ်ဆယ်ပြည့် အမှတ်တရ ) စာအုပ်ကို ဝယ်လို့ရပါတယ် ။ ၅၅၀၀ ကျပ်ပေးရတယ်ထင်တယ် ။ သူရေးဆွဲခဲ့တဲ့ ပန်းချီ ၊ သူ့ဓါတ်ပုံတွေနဲ့ ကြည့်ရ၊ ဖတ်ရတာကောင်းပါတယ် ။ ပန်းချီအောင်စိုး ဘဝပုံရိပ်များ ( အခန်း ၆) မှာ သူ့ဓါတ်ပုံတော်တော်များများကို ဖော်ပြထားပါတယ် ။
မနောမဟိဒ္ဓိ ဓါတ်ပန်းချီ အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူ့လက်ရာအများစုကို ဦးဆန်နီငြိမ်း ကစုဆောင်းထားပုံရပါတယ် ။

painting ( Allen Ginsberg )



ကဗျာစိတ်ဝင်စားသူတိုင်းသိကြတဲ့ အမေရိကန် ကဗျာဆရာ ( Allen Ginsberg ) ပုံကို ရေဆေး ၊ ဆီဆေး တို့နဲ့ ဆွဲဖြစ်ပါတယ် ။ သူ့ရဲ့ ကဗျာများကို ဆရာဦးသာနိုး ၊ ဆရာ သစ္စာနီ ၊ နဲ့ အခြားသော ကဗျာဆရာ၊ ဘာသာပြန်ဆရာကြီးငယ်တို့ ဘာသာပြန်ကြပါတယ် ။ ကျနော်ကတော့ သူတို့အုပ်စုရဲ့ ဖန်တီးမူများ ၊ သူတို့တတွေ တွေ့ကြုံခဲ့ရပုံများကို လျောက်ကြည့်ဖြစ်ပါတယ် ။ သူ ရဲ့ လိင်ကိစ္စဆိုင်ရာ တိမ်းညွတ်မူနဲ့ပတ်သက်ပြီး တချို့ကလည်း မကြိုက်ကြပါဘူး ။


watercolor ( ဂစ်တာတီးဟန်များ )



ဂီတ သမားများ ဂီတ တူရိယာ ပစ္စည်းများ တီးခတ်ပုံကို ရေးဆွဲဖို့ စိတ်ဝင်စားပါတယ် ။ ဂစ်တာတီးနေသော ပုံ များကိုရေဆေး နဲ့ ရေးဆွဲထားတဲ့ ပုံတွေထဲက ၂ ပုံ။


မောင်အောင်ဝင်း အယ်လ်ဘမ်


မောင်အောင်ဝင်း အယ်လ်ဘမ် ဆိုတဲ့စာအုပ်ကို ရန်ကုန်ကအပြန်မှာဝယ်ခဲ့ပါတယ် ။ ဦး စန်းဦး ၊ စိတ်ကူးချိုချို  ကထုတ်ဝေပါတယ် ။ မျက်နှာဖုံး ဒီဇိုင်း (mso) ဖြစ်ပါတယ် ။ ဒဿနိက (အဓိက) ဖြင့် ဝိဇ္ဖာဘွဲ့ရရှိပြီး ၊ ကထိက အဖြစ် ပင်လုံတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း ၂၀၀၉ ခုနစ် ၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားတယ်လို့သိရပါတယ် ။

ကိုရဲလွင် နဲ့ လေးကိုတင် တို့က အမှာစာရေးပေးပါတယ် ။ သူရဲ့ ဝတ္ထုတို ၊ စာပေဆောင်းပါး ၊ အင်တာဗျူး ( ကိုနေဝင်း နှင့် အင်တာဗျူး ) ၊ သူရဲ့ အနုပညာအယူအဆ စတာတွေပါဝင်တာကိုတွေ့ရပါတယ် ။ သူ့ ဓါတ်ပုံ များဒီထက်ပိုပြီး ဖော်ပြနိုင်ရင်ကောင်းမယ်လို့ထင်မိပါတယ် ။ စာအုပ်အဖုံး ဓါတ်ပုံတစ်ပုံပဲတွေ့ရပါတယ် ။

“ ကျွန်တော်ရဲ့ အခန်းကျဉ်း”  ဝတ္ထုတို အဆုံးမှာ “ (မှတ်ချက်) ၂၃-၉-၂၀၀၉ ရက်နေ့တွင် ကွယ်လွန်သွားသော မောင်အောင်ဝင်း ( ကိုနော် ) ၏ ကြွင်းကျန်သော ဝတ္ထုတို ” လို့ရေးထားတဲ့ မှတ်ချက်လေးကို ကျနော်သဘောကျနေပါတယ် ။

ပန်းခရမ်းပြာ သီချင်းကိုရေးသားခဲ့သူတယောက်ရဲ့စာများကို ဖတ်ချင်သူများအတွက် လက်တို့ရုံသက်သက်သာဖြစ်ပါတယ် ။

Friday 15 July 2011

ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်မှာ စာအုပ်ဝယ်ခြင်း



ပန်းဆိုးတန်း က စာပေလောကမှာ စာအုပ်သွားဝယ်တော့ လှေကား အတက်အဆင်းမှာ စာအုပ်ကြော်ငြာတွေတွေ့ရတယ် ။ ကဗျာစာအုပ် ကြော်ငြာကြီးကြီးတွေ တွေ့ရတယ် ။ ကဗျာဆရာ စိုင်းဝင်မြင့် ရဲ့ ကဗျာစာအုပ်ကြော်ငြာ နဲ့ ကဗျာဆရာ အောင်ချိမ့် ရဲ့ ကြော်ငြာကိုတွေ့ရတယ် ။ ဓါတ်ပုံ တစ်ပုံစီ ရိုက်ခဲ့တယ် ။ ကဗျာစာအုပ်ကြော်ငြာကြီးကြီး ကို ကျနော်သိပ်မမြင်ဖူးဘူး ။

Drawings ( Famous Musicians)



pen and watercolor on paper


Drawings ( Lennon Wall)



John Lennon Wall အကြောင်း ၊ Wall ရှိတဲ့နေရာ ကို သူငယ်ချင်းတယောက်ဆီက တဆင့်သိရပါတယ် ။ ကျနော်ကတော့ အဲသည့်နေရာကို မရောက်ဖူးပါဘူး ။  နံရံတွေပေါ်မှာ ရေးထားတဲ့ သီချင်းစာသား ၊ Graffiti လက်ရာတွေ ကို ဓါတ်ပုံရိုက်ထားတဲ့ပုံတွေကို အင်တာနက်မှာ တွေ့ရပါတယ် ။ သူတို့ရေးသလို တုပပြီး ရေးထားတဲ့ ပုံ နှစ်ပုံ ။

Drawing ( Albert Watson and Hitchcock )



ဓါတ်ပုံ ပညာရှင် Albert Watson  ရဲ့ ဓါတ်ပုံတချို့ကို သတင်းစာထဲမှာ တွေ့ရပါတယ် ။ သူ ရိုက်ထားတဲ့ နာမည်ကျော် ဒါရိုက်တာကြီး Hitchcock ရဲ့ ပုံကို သဘောကျလို့ ကူးယူရေးဆွဲထားတာဖြစ်ပါတယ်။

drawings ( i phone free apps နဲ့ ပုံရေးခြင်း )



Free iphone apps ကိုသုံးပြီး ဆွဲထားပါတယ် ။ ပန်းချီဆရာကြီး ပေါ်ဦးသက် ရေးဆွဲခဲ့တဲ့ ဦးဘသက် ပုံတူ ပန်းချီကားက အရောင်တွေလိုမျိုးလိုက်ဆွဲကြည့်တာ ဖြစ်ပါတယ် ။ သူငယ်ချင်း တယောက်က သူလည်း အလကားရတဲ့ (free apps) တွေသုံးပြီး ပုံတွေရေးတယ် ။ သူ သုံးကြည့်တဲ့ ထဲကကောင်းတဲ့ ၊ အလကားရတဲ့ free applications ကို ပြောပြတာနဲ့ စမ်းသုံးကြည့်တာ ။ သုံး ၊ လေး ၊ ငါး ပုံလောက် လျောက်ရေးကြည့်ဖြစ်တယ် ။ ဆွဲဖြစ်တာတွေထဲက ကြည့်ကောင်းမယ်ထင်တဲ့ပုံ ၃ ။ ၄ ပုံကို တင်လိုက်ပါတယ် ။

drawings


Tuesday 12 July 2011

ရန်ကုန် ( ဗိုလ်ချုပ်အောင်ဆန်းဈေး ပန်းချီပြခန်း၊ New Treasure Art Gallery)




Random Photos

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်

ရောက်တတ်ရာရာ ဟိုဟို ဒီဒီ ရိုက်ထားသော ဓါတ်ပုံများ ဖြစ်ပါတယ် ။

Saturday 9 July 2011

This is Khin Maung Yin

 

ပန်းချီဆရာကြီး ဦးခင်မောင်ရင် ရဲ့ This is Khin Maung Yin   စာအုပ်ကို ဝယ်လို့ရပါတယ် ။ စာအုပ်တန်ဖိုး တစ်သောင်း (ကျပ်) ပေးရပါတယ် ။ စာအုပ်အဖုံးမှ ပန်းချီ ကို (ဦး) စိန်မြင့်က ရေးဆွဲထားပြီး ၊ ဆရာ ခင်မောင်ရင် အကြောင်းကို ဆရာမ မသင်္ဂီက အင်္ဂလိပ်လို ရေးသားပါတယ် ။

ကျနော်ကတော့ သူ့ ပန်းချီလက်ရာတွေအားလုံးထဲမှာ abstract လက်ရာတွေကို အကြိုက်ဆုံးဖြစ်ပါတယ် ။ စာအုပ် နောက်ဆုံးအခန်းမှာ ခင်မောင်ရင် ၊ သူ့မိသားစု ၊ သူငယ်ချင်းများနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါပါတယ် ။