Sunday 21 October 2012

အင်းလျားရေ တစည်လောက်တော့ လိုချင်ပါတယ်



ရန်ကုန်- မန္တလေး ရထားလမ်းမကြီးပေါ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ဆွဲထားတာပါ ။



မန္တလေးအလွမ်း

မန္တလေး -၁ ( ၂၀-အောက်တိုဘာ-၂၀၁၂)

မူရင်းဓါတ်ပုံသို့---

မန္တလေးမြို့ဟာ ကျနော်အတွက်တော့ နေလို့ကောင်းတဲ့မြို့တမြို့ပါပဲ ။ မန္တလေးကို လေး ၊ ငါး ကြိမ်ရောက်ဖူးပါတယ် ။ မန္တလောင်းတောင် ၊ အလုပ်သမားဆေးရုံဝင်း ဘက်မှာရှိတဲ့ ကျုံးဘေးနားကလမ်းကနေ မန္တလေးတောင်ဘက်ကို ဒီဇင်ဘာညတညမှာ လမ်းလျောက်ဖူးပါတယ် ။ ဆိုင်ကယ်နဲ့လည်း ညဘက် မန္တလေးတောင်ဘက်ကိုသွားဖူးတယ် ။ သိသာတာတခုက မန္တလေးတောင်နားနီးလေလေ အေးလာလေလေပါပဲ ။ မန်းတောင်ရိပ်ခို ၊ မန်းတောင်ရိပ်ခို ဆိုတဲ့သီချင်းစာသားကို သတိတရဖြစ်စေပါတယ် ။ အဲသည့်လမ်းမပေါ်မှာ ကော်ဖီဆိုင်တဆိုင်ရှိတယ် ။ အဲသည့်ကော်ဖီဆိုင်မှာ ပန်းချီဆရာ ဦးခင်မောင်ရင် ရဲ့ ပန်းချီကားတကားချိတ်ထားတယ် ။ ဒီနေရာမှာတခုပြောစရာရှိတာကတော့ မန္တလေးကို မရင်းနှီးတဲ့သူတယောက်မို့လို့ လမ်းနာမည်တွေ ၊ ဆိုင်နာမည်တွေကို အတိအကျမပြောနိုင်တာပါ ။ ကော်ဖီဆိုင်မှာ ညဘက် ကော်ဖီလာသောက်တဲ့သူတွေ သိပ်မများပေမယ့် မနည်းပါဘူး ။ ဆိုင်အပြင်ဘက်က အုတ်နံရံက အနီရောင်လို့မှတ်မိနေတယ် ။ အခုရှိသေးလားမသိဘူး ။ ကျနော်ထိုင်ခဲ့ဖူးတာ ၂၀၀၂ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ် ။


Saturday 20 October 2012

အဓိပတိလမ်းက ကဗျာဆရာ

>


ကဗျာဆရာ ( ကို ) တင်မင်းထက် ရိုက်ထားတဲ့ တရုတ်ပြည်ကမြို့တမြို့ရဲ့ ညရူခင်းဓါတ်ပုံကိုကူးဆွဲထားတဲကပုံ ဖြစ်ပါတယ် ။ နောက်ထပ်တပုံက ကဗျာဆရာရဲ့ ဓါတ်ပုံကိုကူးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။



အဓိပတိလမ်း

ဖြောင့်စင်းတဲ့လမ်းမရဲ့ အဆုံး
ကွေ့ကောက်လိုင်းထန် ဘဝတွေ
ပြန်လှည့်မရတော့ဘူး--။

တင်မင်းထက် (၂၀၀၉ ခုနှစ်)


ပန်းပွင့်များ



ရန်ကုန် အင်းလျား လမ်းမပေါ်ကပန်းဆိုင်တဆိုင်ရဲ့ ဓါတ်ပုံကို ကူးဆွဲထားတဲ့ပုံ။




Monday 15 October 2012

လက်နိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ ထဲကညများ



ကျန်ခဲ့တဲ့ တနင်းဂနွေနေ့ညနေက စာအတိုလေး တပုဒ်နဲ့ ပုံ ၂ ပုံဆွဲဖြစ်ပါတယ် ။ “ လက်နှိပ်ဓာတ်မီးထိုးပြီး ရေးတဲ့ကဗျာ ( သုခမိန်လိုင် ) ” စာအုပ်ထဲမှ ဓါတ်ပုံ ၂ ပုံကို ကိုးကားပြီးဆွဲဖြစ်တာပါ ။ စာမျက်နှာ ၄ နဲ့ စာမျက်နှာ ၈ က ဓါတ်ပုံများဖြစ်ပါတယ် ။ ဓာတ်ပုံများအတွက် ကဗျာဆရာကြီး သုခမိန်လိုင်ကို ကျေးဇူးအထူးတင်ပါတယ် ။


Saturday 13 October 2012

စစ်ကိုင်း - မင်းကွန်း



စစ်ကိုင်း ကိုရောက်တုန်း ရိုက်ထားတဲ့ ဓါတ်ပုံပေါ်အခြေခံပြီးဆွဲထားတဲ့ ပုံ နှစ်ပုံ ။ စစ်ကိုင်းမြို့ဟာ အင်မတန်အေးချမ်းတဲ့မြို့ကလေးတမြို့ဖြစ်ပါတယ်  ။
မင်းကွန်းပုထိုးတော်ကြီးပေါ်ကို ရောက်တုန်းရိုက်ထားတဲ့ ဓါတ်ပုံပေါ်မူတည်ပြီးဆွဲထားတဲ့ ဓါတ်ပုံ ၁ ပုံ ။


မန္တလေး ၂




မန္တလေး ဘုရားကြီးမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီးဆွဲထားပုံ ၂ ပုံ ။


ထင်းရှူးပင်ရိပ် ၊ ရှယ်လီရဲ့ လှေကလေး ၊ သင်္ကေတတောအုပ်




တနေ့ညက ဆရာဦးသာနိုး ဘာသာပြန်ပြုစုရေးသားတဲ့ “ ထင်းရှူးပင်ရိပ်” စာအုပ်ကို ဟိုဟိုဒီဒီပြန်ဖတ်ဖြစ်ပါတယ် ။ ကဗျာဆရာ ရှယ်လီအကြောင်းကိုဖတ်ပြီးတဲ့နောက် ခေါင်းထဲကို အခုလိုအတွေးရောက်လာပါတယ် ။

“သူတို့ရေးတဲ့ ကြေငြာစာတမ်းတွေကို လက်ရေးနဲ့ ကူးပြီး မီးပုံးပျံဘော်လုံးမှာတပ်လွတ် ၊ ပုလင်းထဲထည့် ရေထဲမျောပြီး ဝေခဲ့တယ်လို့ဖတ်ရတယ် ။ ဘလော့တွေ ၊ ဖေ့ဘွတ်တွေ ၊ ယူကြုတွေအလွယ်တကူသုံးနိုင့်တဲ့အချိန်ဆိုဘာများလုပ်မလဲမသိဘူးး)”


 လှေကလေးပေါ်က အဖြစ်အပျက် 
 လှေကလေးနဲ့ထွက်ခဲ့တယ် ။
 အပြန်လမ်းမှာ ပင်လယ်အရွေးမမှားခဲ့ပါ


“ ဘို့ဒလယ် ” အကြောင်းမှာ “ သင်္ကေတ တောအုပ် ” ဆိုတဲ့ အသုံးအနုန်းကိုဖတ်ဖြစ်ပြီး ပုံလေးတပုံဆွဲဖြစ်ပါတယ်။


Sunday 7 October 2012

Saturday 6 October 2012

Inle







အင်းလေး ။ ညောင်ရွှေ ၊ ရွှေအင်းတိန် ။ (စုစုပေါင်းပုံ ၉ ပုံ )


Melaka






စင်ကာပူ


စင်ကာပူမြို့တွင်းသွားရင်းလာရင်း ကျနော့်ကိုဖမ်းစားခဲ့တဲ့ မြင်ကွင်းများကို ဓါတ်ပုံရိုက်ထားခဲ့တယ် ။ ဓါတ်ပုံတွေကိုအခြေခံပြီး ပုံဆွဲဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်ထဲမှာ ဆွဲဖြစ်ခဲ့တဲ့ စားသောက်ဆိုင်များ ၊ အမိုးများ ၊ အဆောက်အဦးပုံ များဖြစ်ပါတယ် ။ စုစုပေါင်း ၆ ပုံ ။






Wednesday 3 October 2012

ရွှေတိဂုံ စေတီတော်



၂၀၁၂ နှစ်မှာဆွဲဖြစ်တဲ့ ရွှေတိဂုံစေတီတော် ပုံသုံးပုံဖြစ်ပါတယ် ။ ပထမ ပုံကို ကဗျာဆရာ ၊ စာရေးဆရာ မနော်ဟရီ ရဲ့ ဓါတ်ပုံကို ကိုးကားပြီးဆွဲထားပါတယ် ။