မြန်မာခေတ်ပြိုင် အနုပညာ (၁) စာအုပ် ၊ စာမျက်နှာ ၁၂ က ကို ရွှေအောင်သိမ်း ရဲ့ ကောင်းမူတော် ပန်းချီကားကို ကူးဆွဲလေ့လာထားတဲ့ပုံ ဖြစ်ပါတယ် ။။ ( oil on paper)
Monday 30 April 2012
ကိုရွှေအောင်သိမ်း ပန်းချီကားကို ကူးဆွဲလေ့လာခြင်း
မြန်မာခေတ်ပြိုင် အနုပညာ (၁) စာအုပ် ၊ စာမျက်နှာ ၁၂ က ကို ရွှေအောင်သိမ်း ရဲ့ ကောင်းမူတော် ပန်းချီကားကို ကူးဆွဲလေ့လာထားတဲ့ပုံ ဖြစ်ပါတယ် ။။ ( oil on paper)
Sunday 29 April 2012
Saturday 28 April 2012
Thursday 26 April 2012
Sunday 22 April 2012
Melaka-6
မီးရောင်စုံတွေနဲ့ ဆိုက်ကားကိုတော့ မစီးခဲ့ဘူး ၊ ဓါတ်ပုံတော့ရိုက်ခဲ့တယ် ။ လှလို့ ။
Melaka-5
တိုက်ဂါး ဘီယာ အသေးတလုံးကို ၁၉ရင်းဂစ် ပေးရပါတယ် ။ ဘိုးတော်ကြီး ဆိုတာ တီးတာ ရေလည်မိုက်တယ် ။
Melaka-2
အိမ်နံရံပေါ်က ပန်းချီလက်ရာတွေက ကြည့်သူကို စွဲဆောင်စေတယ် ။ အမိုးအရောင် ၊ ကောင်းကင်အပြာ နဲ့ ပန်းချီကားပေါ်ကအရောင်တွေက ကျနော့်မျက်စိထဲလှနေတယ် ။
Melaka - 1
Melaka မြို့ရဲ့ နောက်ခံ သမိုင်းကြောင်းကို မသိပေမယ့် ၊ Melaka မြို့ဟာရှေးဟောင်းတိုက်တာ အဆောက်အဦးတွေနဲ့ လှပတဲ့မြို့တမြို့ဖြစ်တယ်လို့ထင်မိတယ်
။ မြို့ကို စတည်ထားတဲ့ မြို့ပြ ၊ မြို့ကွက်ပုံစံအတိုင်း လမ်းတွေနဲ့ တိုက်တာအဆောက်အဦး
နိမ့်နိမ့်လေးတွေကို စနစ်တကျထိမ်းသိမ်းထားတယ် ။ သိပ်မကျယ်တဲ့လမ်းတွေထဲမှာ ခရီးသွားဧည့်သည်တွေရဲ့
ကားတွေ ၊ ဘတ်စ်ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မြို့လေးဟာအသက်ဝင်နေတယ် ။ တထပ်တိုက် ၊ နှစ်ထပ်တိုက်နိမ့်နိမ့်လေးတွေ ၊ ဘုရားရှိခိုးကျောင်းတွေ ၊ လမ်းတွေ ကို စနစ်တကျ
မူလပုံစံအတိုင်း ထားထားတယ် ။
မြို့လေးရဲ့လမ်းလေးတွေဟာကျဉ်းတယ် ။ ကျန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက
သွားလမ်းဆက်သွယ်ရေးအတွက် အဲသလောက်ကျယ်တဲ့လမ်းလေးတွေပဲ လိုတယ်လို့ တည်ဆောက်သူများက တွက်ချက်ထားခဲ့ပုံရပါတယ်
။ ခေတ်မီဘတ်စကားတွေ ၊ မော်တာကားတွေကို လမ်းလေးက
အခုအချိန်ထိ အဲဒီ အလျားအနံ နဲ့ ဆက်လက်ပံပိုးထားနေတယ် ။ တချို့ တိုက်တာတွေဆို ပင်မ အဝင်အဝ တံခါးဝကဆင်းလိုက်တာနဲ့ လမ်းမကိုရောက်သွားတယ်
။ ပလက်ဖောင်းမရှိဘူး ။ ရန်ကုန် ၁၉ လမ်း ၊ လမ်း ၂၀ ဘက်ကတိုက်တာတွေ ၊ ၂ ထပ်တိုက်တွေကို သတိရမိတယ် ။ ဟိုးခေတ်တခါက
နေထိုင်မူပုံစံတွေကို စိတ်ကူးယဉ်ကြည့်နိုင်တယ် ။ တယ်လီဖုန်း ၊ ကြေးနန်း ၊ အင်တာနက်
၊ ဖေ့ဘွတ် တွေမပေါ်ခင်က မြို့တစ်မြို့နဲ့ တစ်မြို့ဘယ်လိုဆက်သွယ်ကြမလဲ ။ သတင်းအချက်အလက်တခုရဖို့
အတွက် အချိန်ဘယ်လောက်ကြာအောင်စောင့်ရမလဲ ။ သတင်းသယ်ယူလာမယ့်  သင်္ဘောတစင်း ကို စောင့်မျှော်နေကြမြို့ကလေး ။---
Tuesday 10 April 2012
Monday 9 April 2012
Sunday 8 April 2012
Sembawang Thingyan 2012
အချိန်တွေမြန်မြန်ဆန်ဆန်ကုန်သွားသလိုပဲ ။ မနှစ်က လုပ်တဲ့ Sembawang သင်္ကြန်ကလည်း မနေ့တနေ့ကလိုပါပဲ ။ ပွဲလုပ်တဲ့နေရာကိုရောက်တော့ နေပူနေသေးတယ် ။ သင်္ကြန်ပွဲလာသူများတယ် ။ ဒါပေမယ့် မနှစ်က ပိုများတယ်လို့စိတ်ထဲထင်တယ် ။
Subscribe to:
Posts (Atom)