Saturday, 10 November 2012

ဘာလီပုံရိပ်များ - ၇- ပုံကြမ်းနှစ်ပုံ




ဘာလီပုံရိပ်များ - ၆ dream land beach



Dream land beach က ဆိုင်ထဲမှာဆွဲခဲ့တဲ့ပုံ ။

ကမ်းခြေ ကို လာသူတွေက လိုင်းစီးဖို့ ဆိုင်ကယ်ဘေးမှာ surfboard တွေတင်ပြီး ကမ်းခြေ ကိုလာကြတယ် ။ နေခင်းဘက် ၃ နာရီလောက် နေရောင်ပြင်းပြင်းအောက်မှာ လိုင်းစီးသူတွေရော ၊ ရေထဲဆင်းဆော့နေသူတွေကိုပါတွေ့ခဲ့ရတယ် ။ အားလုံးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဝန်းကျင်ထဲမှာ --





ဘာလီပုံရိပ်များ-၅ -- မျောက်



လူဆိုတာမျောက်က ဆင်းသက်တယ် လို့ပြောကြတာကြားဖူးပါတယ် ။ ကိုယ့်အမျိုးတွေရဲ့ ဓါတ်ပုံကိုရိုက်လာတယ်လို့တော့ မပြောကြေး ။ ခရီးသွားတွေရဲ့ ရေဘူး ။ ဦးထုတ် ။ စတာတွေကို လုချင်ရာလုခွင့်လိုင်စင်ရထားသူများ ---း)


ဘာလီပုံရိပ်များ-၄ Kintamani



Kintamani ဧရိယာမှာရိုက်ထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီးဆွဲထားတဲ့ပုံ နဲ့ ဓါတ်ပုံတချို့ ။


Thursday, 8 November 2012

ဘာလီပုံရိပ်များ - ၃



Uluwatu( Temple )မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။ Uluwatu မှာ ညနေဘက် ၆ နာရီကပြမယ့် ဘာလီရိုးရာ ကက်ချပ် အက မစခင် ဓါတ်ပုံရိုက်တဲ့သူကလည်း အချိန်လုပြီး ဓါတ်ပုံရိုက်ကြတယ် ။ ပြီးတော့ ပွဲမစခင် ပွဲကြည့်စင်ဆီကို ခုံ နေရာဦးဖို့စောသွားတဲ့သူသွားကြတယ် ။  ပွဲကြည့်ခပေးရတယ် ။ ဘယ်လောက်ပေးရသလဲဆိုတာမမှတ်မိတော့ဘူး ။  အဲဒီနေရာတဝိုက်မှာ မျောက်တွေရှိတယ် ။ ခရီးသည်တွေဆီက ရေဘူးတွေ လုယူတာတွေ့ခဲ့ရတယ် ။ မျက်မှန်တို့ဦးထုတ်တို့လည်း လုတယ်လို့သိရတယ် ။ လိုချင်တာ လုဖို့လိုင်စင်ရထားတဲ့ပုံ ။း)






Wednesday, 7 November 2012

ဘာလီပုံရိပ်များ - ၂



ဘာလီကမ်းခြေမှာ ရိုက်ခဲ့တဲ့ဓါတ်ပုံ ၂ ပုံ နဲ့ မြို့တွင်းမှာရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အခြေခံပြီး ဆွဲထားတဲ့ ပုံ ၃ ပုံ ။


Sunday, 4 November 2012

ဘာလီပုံရိပ်များ


ဘာလီရိုးရာအက Kecak Dance အက ကိုကြည့်ပြီးနောက်ဆွဲထားတဲ့ပုံဖြစ်ပါတယ် ။ Jimbaran ကမ်းခြေမှ ဂီတသမားများ ၊ ဘာလီဆည်းဆာ ၊ လှေကားထစ်များ ။။---