Sunday 6 January 2013

WPM 100 Sketches - ပုံကြမ်း ၁၀၀



လောကနတ် ပန်းချီပြခန်းမှာပြသနေတဲ့ ဆရာ ဦးဝင်းဖေမြင့်ရဲ့ ပုံကြမ်း ၁၀၀ ပန်းချီပြပွဲကို ဇန်နဝါရီလ ၃ ရက် ၊ ၂၀၁၃ ။ နေ့ကရောက်ခဲ့ပါတယ် ။ ပြပွဲတင်ထားတဲ့ ပန်းချီကား အာလုံးနီးပါး ရောင်းပြီးဖြစ်တယ်လို့သိရပါတယ် ။ ကျနော်ကြိုက်တဲ့ပန်းချီကားတစ်ကားကိုတွေ့လို့ ဈေးစုံစမ်းကြည့်တော့ ကျပ် ငါးသောင်း ဆိုပြီးတွေ့ရတယ် ။ ဒါပေမယ့် အဲဒီ ပန်းချီကားက ရောင်းပြီးဖြစ်ပါတယ် ။







ပုံကြမ်း ပန်းချီကားတစ်ချပ် ကျပ်ငါးသောင်း နဲ့ရောင်းတာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပါတယ် ။ ရန်ကုန် မြို့မှာရှိတဲ့ ပန်းချီပြခန်းတွေကို အရောက်အပေါက်နည်းလို့ အရင်ကအဲသလိုဈေးနဲ့ရောင်းဖူးလား ၊ မရောင်းဖူးသလား မကျိန်းသေပါဘူး ။  ကျနော့်အတွက်တော့ ပုံကြမ်းပန်းချီကားတစ်ချပ် ကျပ်ငါးသောင်းရောင်းဈေး ဟာ ပန်းချီစိတ်ဝင်စားသူ ၊ မြတ်နိုးသူများ ဝယ်နိုင်မယ့်ဈေးဖြစ်မယ်ထင်လို့ ပန်းချီဆရာ နဲ့ ပွဲစီစဉ်သူကို ကျေးဇူးတင်ရမလိုဖြစ်နေပါတယ် ။









ပန်းချီကားတွေကိုအကုန်လုံးနီးပါးကို ရောင်းဈေး ကျပ်ငါးသောင်းနဲ့ ရောင်းတာကိုတွေ့ရပါတယ် ။ အလကားဝေတဲ့ ပြပွဲဖိတ်စာလေးကိုယူပြီးပြန်ဖို့လုပ်နေတုန်း ဆရာ(ဦး) ဝင်းဖေမြင့်ရောက်လာပါတယ် ။ ပန်းချီဆရာနဲ့ ကြုံတောင့်ကြုံခဲဖြစ်လို့ ဆရာကို အမှတ်တရ တခုခုရေးပေးပါလို့ပြောတော့ ၊ ဆရာဦးဝင်းဖေမြင့် ကသူပြပွဲဖိတ်စာလေးပေါ်မှာ အမှတ်တရ ရေးပေးပါတယ် ။ ဗီဒီယိုအတိုလေးတခုပါ အမှတ်တရ ရိုက်ပါရစေဆိုတော့ သူက သူလောလောလတ်လတ်ဆွဲထားတဲ့ ပုံကြမ်း တွေကို ကျနော်ကိုပြပါတယ် ။ ကျနော်ဗီဒီယိုစရိုက်တော့ သူကဆွဲထားတဲ့ပုံကြမ်းတွေရဲ့ နောက်ခံအကြောင်းတွေကို ရှင်းပြပါတယ် ။











မြန်မာနိုင်ငံရဲ့ နာမည်ကျော် ပန်းချီဆရာတယောက် ( သဘောကောင်းပြီး ၊ မာန်မာနကင်းတဲ့ ပန်းချီဆရာတယောက်) နဲ့ အမှတ်မထင်ဆုံတွေ့ပြီး ဗီဒီယိုအတိုလေးရိုက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ် ။



No comments:

Post a Comment