မနေ့ကတင်တဲ့ တောင်ကြီးဈေး ပိုစ့်မှာ မမီးမီးငယ် က “ ငါးထမင်းပုံလေး မပါဘူးလား ” ဟုမှတ်ချက်မှာမေးသွားပါတယ် ။ ဒါနဲ့ ညောင်ရွှေဈေးထဲမှာ ဗိုက်ဆာလို့ မုန့်စားရင်း ရိုက်ထားတဲ့ပုံတွေကို ဒီပိုစ့်မှာဆက်တင်လိုက်ပါတယ် ။
ပုံထဲက “ ဂျူး” မြစ်တွေက အားရစရာသိပ်ကောင်းတယ် ။ အများကြီး ။ အစားအသောက်တွေကလည်း ဈေးမကြီးဘူး ၊ တစ်ပွဲကို မြန်မာငွေ တစ်ထောင်မကျော်ဘူး ။ ၅၀၀ လောက်ပဲ ပေးရတယ်ထင်တယ် ။
ပုံလေးကိုကော်ပီလုပ်ပြီးသိမ်းထားမယ်။
ReplyDeleteအင်းသားရှမ်းကပြားဆိုတော့။
မြင်ရင်သရေကျတယ်။
သတိရတယ်။
လွှမ်းတယ်...။
ဈေးနေ့ ဆိုရင်အင်းမုန့် ဟင်းခါးဆိုတာရောင်းတယ်။
စားဖူးလား။
ကြက်သွန်မိတ်နဲ့ ချက်တာ။
ငါးများများနဲ့ လေ။
မစားဖူးဘူး အမ။ အင်းထဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ။ အသိမိတ်ဆွေလဲမရှိတော့ သိပ်မသိဘူး ။ ဈေးနေ့ကိုတော့ ကံကောင်းလို့ကြုံခဲ့တယ် ။
ReplyDeleteဂလု ဂလု စားချင်တယ်
ReplyDeleteဟုတ်တယ် ။ ကျနော်လည်း ရောက်တုန်းစားဖူးတယ် ။ ဈေးသက်သာတယ် ။ စားလို့အရမ်းကောင်းတယ် ။ ဆယ်ကွေ့တစ်ကွေ့ပေါ့။
ReplyDelete