Saturday 24 November 2012

Drawings



မန္တလေး ။







ကဗျာဆရာ ၊ တေးရေးဆရာ ၊ ပန်းချီဆရာ ဦးသုခမိန်လိုင် ( သုခမိန်လိုင် ) ရဲ့ ဓါတ်ပုံကိုအခြေခံပြီးဆွဲထားသောပုံ ။

အခြားသော အနုပညာရှင်များ ၂

ကိုသုကာ


ကျနော်ကြိုက်တဲ့ တခြားသော အနုပညာရှင်များရဲ့ပုံကိုဆွဲထားတာဖြစ်ပါတယ် ။


ကိုလဂွန်းအိမ်

အခြားသော အနုပညာရှင်များ



ကဗျာ ၊ ဂီတ စာပေအနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားပြီး ဆုံးပါးသွားဖြစ်တဲ့ အနုပညာရှင်များရဲ့ ပုံတွေဖြစ်ပါတယ် ။ ဦးတင်မိုး ( တင်မိုး ) ၊ ဦးခင်ဝမ်း ( ခင်ဝမ်း ) ၊ ကိုလှသန်း ( လှသန်း ) တို့ရဲ့ပုံသုံးပုံ ဖြစ်ပါတယ် ။ ဦး တင်မိုး ဓါတ်ပုံ နဲ့ ဦးခင်ဝမ်း ဓါတ်ပုံတို့ကို ရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာများကို မသိရပါ ။ ကိုလှသန်း ဓါတ်ပုံကို ရိုက်သူမှာ ကဗျာဆရာ စိုင်းဝင်းမြင့် ဖြစ်ပါတယ် ။ ကျနော် အဲဒီပုံကို အခြေခံပြီး ကိုလှသန်း ပုံကိုဆွဲထားတာပါ ။





အလွမ်းချည်းသက်သက်


ရွှေနတ်တောင်စေတီ(ရွှေတောင်မြို.)အ၀င်လမ်းကအမောပြေစရာအရိပ်ပေးတဲ့သက်တမ်းရင့်ကုက္ကိုပင်ကြီးတွေ

ရွှေနတ်တောင်စေတီ ကိုနှစ်ကြိမ်လောက်ဘုရားဖူးရောက်ဖူးပါတယ် ။ စေတီတော်ကြီးသို့သွားရာလမ်းတဘက်တချက်မှာ သစ်ပင်ကြီးတွေ ၊ နေရောင်သိပ်မကျတဲ့လမ်း ၊နဲ့ သာသာယာယာရှိလှပါတယ် ။ လွမ်းချင်ရင်လွမ်းဖို့ရယ်ပါ ။ အောက်ကပုံ ၃ ပုံကတော့ ကျနော်ဆွဲထားတဲ့ပုံတွေပါ ။ အပေါ်က ဓါတ်ပုံ ပိုင်ရှင်က ကိုစော ဖြစ်ပါတယ် ။


Sunday 18 November 2012

Sunday 11 November 2012

လှေများ




ဘာလီပုံရိပ်များ - ၈- Padang-Padang Beach



Padang-Padang ကမ်းခြေ အနားတဝိုက်မှာရှိတဲ့ နာမည်မမှတ်မိတော့တဲ့ ကမ်းခြေတခုနားမှာရိုက်ခဲ့တဲ့ ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံ ။





Saturday 10 November 2012

ဘာလီပုံရိပ်များ - ၇- ပုံကြမ်းနှစ်ပုံ




ဘာလီပုံရိပ်များ - ၆ dream land beach



Dream land beach က ဆိုင်ထဲမှာဆွဲခဲ့တဲ့ပုံ ။

ကမ်းခြေ ကို လာသူတွေက လိုင်းစီးဖို့ ဆိုင်ကယ်ဘေးမှာ surfboard တွေတင်ပြီး ကမ်းခြေ ကိုလာကြတယ် ။ နေခင်းဘက် ၃ နာရီလောက် နေရောင်ပြင်းပြင်းအောက်မှာ လိုင်းစီးသူတွေရော ၊ ရေထဲဆင်းဆော့နေသူတွေကိုပါတွေ့ခဲ့ရတယ် ။ အားလုံးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဝန်းကျင်ထဲမှာ --





ဘာလီပုံရိပ်များ-၅ -- မျောက်



လူဆိုတာမျောက်က ဆင်းသက်တယ် လို့ပြောကြတာကြားဖူးပါတယ် ။ ကိုယ့်အမျိုးတွေရဲ့ ဓါတ်ပုံကိုရိုက်လာတယ်လို့တော့ မပြောကြေး ။ ခရီးသွားတွေရဲ့ ရေဘူး ။ ဦးထုတ် ။ စတာတွေကို လုချင်ရာလုခွင့်လိုင်စင်ရထားသူများ ---း)


ဘာလီပုံရိပ်များ-၄ Kintamani



Kintamani ဧရိယာမှာရိုက်ထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီးဆွဲထားတဲ့ပုံ နဲ့ ဓါတ်ပုံတချို့ ။


Thursday 8 November 2012

ဘာလီပုံရိပ်များ - ၃



Uluwatu( Temple )မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။ Uluwatu မှာ ညနေဘက် ၆ နာရီကပြမယ့် ဘာလီရိုးရာ ကက်ချပ် အက မစခင် ဓါတ်ပုံရိုက်တဲ့သူကလည်း အချိန်လုပြီး ဓါတ်ပုံရိုက်ကြတယ် ။ ပြီးတော့ ပွဲမစခင် ပွဲကြည့်စင်ဆီကို ခုံ နေရာဦးဖို့စောသွားတဲ့သူသွားကြတယ် ။  ပွဲကြည့်ခပေးရတယ် ။ ဘယ်လောက်ပေးရသလဲဆိုတာမမှတ်မိတော့ဘူး ။  အဲဒီနေရာတဝိုက်မှာ မျောက်တွေရှိတယ် ။ ခရီးသည်တွေဆီက ရေဘူးတွေ လုယူတာတွေ့ခဲ့ရတယ် ။ မျက်မှန်တို့ဦးထုတ်တို့လည်း လုတယ်လို့သိရတယ် ။ လိုချင်တာ လုဖို့လိုင်စင်ရထားတဲ့ပုံ ။း)






Wednesday 7 November 2012

ဘာလီပုံရိပ်များ - ၂



ဘာလီကမ်းခြေမှာ ရိုက်ခဲ့တဲ့ဓါတ်ပုံ ၂ ပုံ နဲ့ မြို့တွင်းမှာရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အခြေခံပြီး ဆွဲထားတဲ့ ပုံ ၃ ပုံ ။


Sunday 4 November 2012

ဘာလီပုံရိပ်များ


ဘာလီရိုးရာအက Kecak Dance အက ကိုကြည့်ပြီးနောက်ဆွဲထားတဲ့ပုံဖြစ်ပါတယ် ။ Jimbaran ကမ်းခြေမှ ဂီတသမားများ ၊ ဘာလီဆည်းဆာ ၊ လှေကားထစ်များ ။။---