Showing posts with label Mandalay. Show all posts
Showing posts with label Mandalay. Show all posts

Wednesday, 23 October 2013

ပန်းရဲ့လမ်း - ၆၄လမ်း မင်းသီဟ လက်ဖက်ရည်ဆိုင်- မန္တလေး




မန္တလေးမြို့ ။ ၆၄ လမ်း မှာရှိတဲ့ မင်းသီဟ လက်ဖက်ရည်ဆိုင်ကို လက်ဖက်သောက်သွားရင်း ပန်းရဲ့လမ်း လူမူကွန်ယက် ဖျော်ဖြေမူ ပွဲရှိတယ် ဆိုတဲ့ ကြော်ငြာကိုတွေ့ခဲ့ရပါတယ် ။ အင်တာနက်ပေါ် ၊ ဖေ့ဘွတ်ပေါ်တွေမှာသာ မြင်တွေ့ဖူးတဲ့ ကိုရဲလွင် ဦးစီးတဲ့ ပန်းရဲ့လမ်း ဖျော်ဖြေမူကို အပြင်မှာတွေ့ဖူးချင်တာကြောင့် နောက်တနေ့ နေ့လည် ၃ နာရီ မထိုးခင် မင်းသီဟ ဆိုင်ကို အရောက်ပြန်သွားခဲ့ပါတယ် ။


Friday, 9 August 2013

မန္တလေး အနီးအနား ပတ်ဝန်းကျင် - ၂




မန္တလေးမြို့အနီးအနား ပတ်ဝန်းကျင်-၂ ။ ဆွဲထားတဲ့ ပုံ ၂ပုံ ။


Thursday, 8 August 2013

မန္တလေးတောင် ပတ်ဝန်းကျင်




မန္တလေးတောင် ပတ်ဝန်းကျင် ကို ဆွဲထားတဲ့ ပုံ ၃ ပုံ ။







Monday, 29 July 2013

“ဟာလာဟင်းလင်း “ကဗျာ ၊ ရန်ကင်းတောင်

 





၂၀၁၂ ဒီဇင်ဘာတုန်းက ပုဂံကိုရောက်ခဲ့တယ် ။ ရွှေစည်းခုံ စေတီ အနားမှာ မနက်စောစော ၆ နာရီခွဲလောက်ဓါတ်ပုံရိုက်ဖြစ်တယ် ။ အဲသည့်ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံနဲ့ ဆရာသုခမိန်လှိုင်ရဲ့ ဟာလာဟင်းလင်း ကဗျာကို ပြန်တွဲစပ်ဖြစ်ပါတယ် ။


Saturday, 12 January 2013

မယ်နုအုတ်ကျောင်း - ၁ ( Me Nu's Brick Monastery )



မယ်နုအုတ်ကျောင်း ဆီကိုသွားတဲ့ လမ်းတလျောက်မှာဖူးမြင်ရတဲ့ ဘုရားစေတီပုထိုးများဖြစ်ပါတယ် ။ ကင်မရာပျက်သွားလို့ ဖုန်း နဲ့ ရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ် ။


Sunday, 21 October 2012

အင်းလျားရေ တစည်လောက်တော့ လိုချင်ပါတယ်



ရန်ကုန်- မန္တလေး ရထားလမ်းမကြီးပေါ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ဆွဲထားတာပါ ။



မန္တလေးအလွမ်း

မန္တလေး -၁ ( ၂၀-အောက်တိုဘာ-၂၀၁၂)

မူရင်းဓါတ်ပုံသို့---

မန္တလေးမြို့ဟာ ကျနော်အတွက်တော့ နေလို့ကောင်းတဲ့မြို့တမြို့ပါပဲ ။ မန္တလေးကို လေး ၊ ငါး ကြိမ်ရောက်ဖူးပါတယ် ။ မန္တလောင်းတောင် ၊ အလုပ်သမားဆေးရုံဝင်း ဘက်မှာရှိတဲ့ ကျုံးဘေးနားကလမ်းကနေ မန္တလေးတောင်ဘက်ကို ဒီဇင်ဘာညတညမှာ လမ်းလျောက်ဖူးပါတယ် ။ ဆိုင်ကယ်နဲ့လည်း ညဘက် မန္တလေးတောင်ဘက်ကိုသွားဖူးတယ် ။ သိသာတာတခုက မန္တလေးတောင်နားနီးလေလေ အေးလာလေလေပါပဲ ။ မန်းတောင်ရိပ်ခို ၊ မန်းတောင်ရိပ်ခို ဆိုတဲ့သီချင်းစာသားကို သတိတရဖြစ်စေပါတယ် ။ အဲသည့်လမ်းမပေါ်မှာ ကော်ဖီဆိုင်တဆိုင်ရှိတယ် ။ အဲသည့်ကော်ဖီဆိုင်မှာ ပန်းချီဆရာ ဦးခင်မောင်ရင် ရဲ့ ပန်းချီကားတကားချိတ်ထားတယ် ။ ဒီနေရာမှာတခုပြောစရာရှိတာကတော့ မန္တလေးကို မရင်းနှီးတဲ့သူတယောက်မို့လို့ လမ်းနာမည်တွေ ၊ ဆိုင်နာမည်တွေကို အတိအကျမပြောနိုင်တာပါ ။ ကော်ဖီဆိုင်မှာ ညဘက် ကော်ဖီလာသောက်တဲ့သူတွေ သိပ်မများပေမယ့် မနည်းပါဘူး ။ ဆိုင်အပြင်ဘက်က အုတ်နံရံက အနီရောင်လို့မှတ်မိနေတယ် ။ အခုရှိသေးလားမသိဘူး ။ ကျနော်ထိုင်ခဲ့ဖူးတာ ၂၀၀၂ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ် ။


Saturday, 13 October 2012

မန္တလေး ၂




မန္တလေး ဘုရားကြီးမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီးဆွဲထားပုံ ၂ ပုံ ။


Monday, 8 October 2012

Mandalay မန္တလေး

မန္တလေးညများ ၁


မန္တလေးပုံများ ၊ စုစုပေါင်း ၅ ပုံ ။




မန္တလေးညများ ၂