Showing posts with label YGN INK. Show all posts
Showing posts with label YGN INK. Show all posts

Tuesday, 22 October 2013

ကို ကကြီး -YGN INK


ဖေ့ဘွတ်အသုံများလာတဲ့အချိန်မှာ ဖေ့ဘွတ်ပေါ်မှာ တက်တူး အနုပညာနဲ့ပတ်သက်တဲ့ပုံတွေစတွေမိပါတယ် ။ ကျနော်တို့ မြန်မာ့လူနေမူအသိုင်းအဝိုင်းမှာ တက်တူး ဆေးမင်ကြောင်ထိုးခြင်းနဲ့ပတ်သက်ပြီး နားလည် ခံယူထားမူကိုအဆင့်ကို သေချာမသိပေမယ့် ဒီဘက်ခေတ် ၊ ဖေ့ဘွတ်အသုံးပြုတဲ့ခေတ်မှာ ယောက်ျားလေး ၊ မိန်းကလေးများထိုးထားတဲ့ တက်တူးပုံများကို ကျနော်တွေ့ရပါတယ် ။ တက်တူး အနုပညာကို ဖန်တီးတဲ့ အနုပညာသမား ၊ တက်တူးထိုးသူကိုလည်း ကျနော်စိတ်ဝင်စားပါတယ် ။ စိတ်ဝင်စားရတဲ့အကြောင်းအချက်အလက်တွေထဲ တချက်ကတော့ ဆေးမင်ကြောင်ထိုးနည်း ကို ဘယ်လိုလေ့လာခဲ့ပါသလဲ ( တနည်း ) ခေတ်ပေါ်ကဗျာဆရာများပြောတဲ့စကားကိုကိုးကားပြောရရင် တက်တူးထိုးနည်းကျောင်းမရှိဘဲ ဘယ်လို လေ့လာသင်ယူခဲ့သလဲ ဆိုတာက တချက်ဖြစ်ပါတယ် ။