Showing posts with label book cover. Show all posts
Showing posts with label book cover. Show all posts
Saturday, 7 January 2012
သည်းထိတ်ရင်ဖိုဝတ္ထု
စာအုပ်ရေ သန်း ၃၀ ကျော်လောက်ရောင်းခဲ့ရတဲ့ နာမည်ကျော် ( The Girl with the Dragon Tattoo) စာအုပ်ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Niels Arden Oplev ကရိုက်ကူးခဲ့ပါတယ် ။ မင်းသား Michael Nyqvist မင်းသမီး Noomi Rapace တို့ကသရုပ်ဆောင်ပါတယ် ။ ရုပ်ရှင်အဖြစ်လည်း အုန်းအုန်းထ အောင်မြင်တယ်လို့ သိရပါတယ် ။ ပထမအကြိမ် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကြော်ငြာ ။ ရုပ်ရှင်စာတန်းထိုး မှာ ရေထဲကို မင် အမည်းရောင်တွေကျလာတာကိုရိုက်ပြထားပါတယ် ။ အဲသလို ရိုက်ချက်ကို နိုင်ငံတကာက ကဗျာဆရာတယောက်ရဲ့ စာအုပ်အဖုံးမှာလည်း တွေ့ရပါတယ် ။

Tuesday, 13 December 2011
မြန်မာကဗျာစာအုပ်များ
နောက်ဆုံးအကြိမ်ဝယ်တဲ့ စာအုပ်တွေထဲမှာ မြန်မာကဗျာစာအုပ်လေး ငါး ခြောက်အုပ်လောက်ပါတယ် ။ ကဗျာဖတ်ရတာကြိုက်တဲ့သူမလို့ ကဗျာစာအုပ်တွေ ကိုဝယ်ဖြစ်တယ် ။ ကဗျာဆရာ တွေရဲ့ လုံးချင်းကဗျာစာအုပ်တွေကို ဝယ်သိမ်းလေ့လဲရှိတယ် ။ နာမည်ကျော် ကဗျာဆရာကြီးတွေရဲ့စာအုပ်တွေကတော့ တချို့ဆိုင်ကြီးတွေမှာ သိပ်မရှိတော့ ။ ကုန်သွားတာဖြစ်မယ် ။ ကဗျာဆရာ တဦးခြင်းအလိုက် ၊ ကဗျာစာအုပ်တွေထွက်လာတော့ ကိုယ်ကြိုက်တဲ့ကဗျာဆရာလက်ရာကို တစုတဝေးတည်း အလွယ်တကူဖတ်လို့ရလာတယ် ။
( ဒါပေမယ့် အခုချိန်ထိ ဝယ်ထားပြီးကဗျာစာအုပ်တွေကို မဖတ်ရသေးဘူး ။ ဟိုလှန် ၊ ဒီလှန် နဲ့ သေချာမဖတ်ဖြစ်သေးဘူး ။ ဖတ်စရာကဗျာများလာတော့ ( အွန်လိုင်းကဗျာရော ၊ ပုံနှိပ်ကဗျာများပါ ) အကုန်သေချာဖတ်ဖို့ အချိန်များများလိုလာတယ် ။ အလုပ်ထဲမှာ အချိန်ကုန်တာများတော့ ကဗျာဖတ်ချိန် နည်းသွားပါတယ် ။)

ပန်းချီ ကိုနေမျိုးဆေး ရဲ့ ကဗျာ စာအုပ်ဒီဇိုင်း ၊ လှတယ် ၊ ဆွဲဆောင်မူရှိတယ်လို့ ခံစားရတယ် ။

Saturday, 10 December 2011
ဟိုဟိုဒီဒီများ ( Mark Twain )
ဟုတ်ကဲ့ ။ ရန်ကုန်ကနေဝယ်လာခဲ့တဲ့ စာအုပ်အမျိုးအစားထဲမှာ ကဗျာစာအုပ် နဲ့ ဟာသစာပေ တွေလည်းပါပါတယ် ။ ကုန်ပစ္စည်းကြော်ငြာ စာကြောင်းတိုတိုနံနံလေး ထဲမှာ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့၊ ကုန်ပစ္စည်းအကြောင်းကို အများသိအောင်လုပ်ရတာမလွယ်သလို ၊ ရေးဖွဲ့ထားတဲ့ စာနည်းနည်းလေးနဲ့ လူအများကို စိတ်လက်ကြည်လင်ပျော်ရွှင်အောင်လုပ်ရတာလည်း မလွယ်လှဘူးလို့ကျနော်ထင်တယ် ။
စာရေးဆရာကြီး ဦးသော်တာဆွေ မှ အစ စာရေးဆရာကြီး ဦးမင်းလူ ၊ ဆရာ နီကိုရဲ အလယ် ၊ ဆရာကြီး ဂျက် အဆုံး ၊ သူတို့ရေးတဲ့စာတွေကို ဖတ်ချင်စိတ်ဖြစ်နေမိပါတယ် ။ တဆက်တည်း ဖတ်ချင်နေမိတာက ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain ရဲ့စာတွေဖြစ်ပါတယ် ။ သူ ဘယ်လို စာတွေရေးခဲ့သလဲ ၊ စာဖတ်သူရဲ့ စိတ်ကိုကြည်လင်လာအောင် သူဘယ်လိုရေးခဲ့သလဲ ၊ ဘယ်လိုထောက်ပြဝေဖန်ရေးခဲ့သလဲ ၊ ၂၀ ရာစုက comic writer တွေအကြောင်းပြောရင် သူ့ကို Mark Twain ဘာလို့ကိုးကားနေဆဲလဲ ။ စသဖြင့် စိတ်ဝင်စားဖို့ကောင်းပါတယ် ။
photo reference: wiki

Saturday, 5 November 2011
ဝတ္ထုတိုဆရာ ပိုင်ကျွမ်း စာအုပ် နှင့် ပန်းချီဆရာ ပိုပို ရဲ့ လက်ရာ

အားမန်သစ် စာအုပ်တိုက်က ထုတ်ဝေခဲ့တဲ့ ဝတ္ထုတို ဆရာ ပိုင်ကျွမ်း ရဲ့ စာအုပ် အဖုံး နဲ့ အတွင်းပုံတွေကို ပန်းချီဆရာ ပိုပို ကရေးဆွဲထားတယ် ။ သူရေးဆွဲထားတဲ့ လက်ရာတွေက မိုက်တယ် ။
Saturday, 20 August 2011
ဟိုဟိုဒီဒီများ -၂
Donald Barthelme

ခွင့်ရတုန်း မြန်မာပြည် အလည်ပြန်တုန်းက အိမ်က မဂ္ဂဇင်း အဟောင်းလေးတွေကို ညဖတ် ပြန်ဖတ်ဖြစ်တယ် ။ ဟိုအရင် အလုပ်မရှိတုန်းက ညဘက်အေးအေးဆေးဆေး ( မနက်ထရမယ့် အချိန်ကို နိုးစက် မပေးဘဲ ) မဂ္ဂဇင်းတွေ ဖတ်ရတာကို လွမ်းမိတယ် ။ ညဘက်အေးအေးဆေးဆေး စာဖတ်ရတဲ့ အရသာကို လွမ်းမိ ။
![]() |
| photo:icn2 |
Sunday, 31 July 2011
သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ

ကဗျာဆရာကြီး သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ စာအုပ်ကိုဝယ်လို့ရပါတယ် ။ အင်္ဂလိပ်လို ဘာသာပြန်ဆိုသူမှာ ဆရာ ဇေယျာလင်း ဖြစ်ပါတယ် ။ မျက်နှာဖုံးပန်းချီမှာ ပန်းချီဆရာ ကိုမုတ်သုန်ဖြစ်ပါတယ် ။ အမှာစာအရ ဆရာသစ္စာနီ စာရေးသက် နှစ်ပေါင်း လေးဆယ် လောက်ရှိပြီလို့ ယူဆပါတယ် ။ ကဗျာ ဆယ့်သုံးပုဒ် ပါဝင်ပြီး ၊ ဆယ်သုံးပုဒ် လုံးကို ဆရာ ဇေယျာလင်းက အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပါတယ် ။ အမှာစာကိုတော့ဘာသာမပြန်ထားပါ ။ ကဗျာဆရာ နာမည်နဲ့ ဘာသာပြန်သူ နာမည်ကို အင်္ဂလိပ်လိုပြန်ဆိုထားတာမတွေ့ရပါ ။ အမှာစာမှာ ဆရာသစ္စာနီက သူကဗျာများနဲ့သူ့ကဗျာသက်တမ်းအကြောင်းရေးထားပါတယ် ။ ကျနော်ကတော့ သူ့ကဗျာတွေကိုကြိုက်တယ် ။ သူ့စာများကြိုက်သူများအတွက် လက်တို့ရုံသက်သက် ။
Saturday, 30 July 2011
ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့
![]() |
| photo (icn2) |
“ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့ ” ဆိုတာ ကဗျာဆရာကြီး (ဦး) အောင်ချိမ့် ရဲ့ ကဗျာခေါင်းစဉ်ပါ ။ ဒီနေ့က စနေနေ့လည်းဖြစ်တယ် ။ ဟိုဟိုဒီဒီ လည်းလျှောက်ရေးခြင်တာနဲ့ ဒီခေါင်းစဉ်ကိုယူလိုက်ပါတယ် ။ ဒီစနေ့ကတော့ လကုန်ရက်ဖြစ်နေလို့ ၊ လခဝင်လို့ ကျန်ခဲ့တဲ့စနေနေ့နဲ့ မတူ ၊ နည်းနည်းတော့ ကွဲတာပေါ့ ။ ရန်ကုန်အပြန်တုန်းက အိမ်မှာ ငယ်ငယ်က စုထားတဲ့ စုဗူးထဲကလက်ကျန်အကြွေလေးတွေတွေ့လို့ ယူလာလိုက်တယ် ။ လကုန်ရက်မှာရေးတဲ့ပိုစ့်ဆိုတော့ အကြွေတွေကို ဓါတ်ပုံရိုက်လိုက်တာပေါ့ ။ အသက်ကြီးလာတော့ ဘောလုံးစကားနဲ့ပြောရရင် ( injury time) သိပ်မရှိတော့ဘူး ။ ငယ်ငယ်ကလို တမတ်စေ့အကြွေတွေ မဲနေရင် ၊ သဲပေါ်ချပြီး ဖနောင့်နဲ့ဖိနင်း ၊ လူကို တစ်ပတ်လည်လိုက်ပြီး မတ်စေ့ကို ကြေးရောင်ပြန်တက်အောင်လုပ်လို့ရရင်ကောင်းသား ။ လွမ်းဖို့ကောင်းသား ။ ကဗျာဆရာကြီး အောင်ချိမ့်ရဲ့ အဲသည့် ကဗျာ “ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့“ ကိုပြန်ဖတ်ကြည့်တော့လည်း အရသာတွေ့နေဆဲ ။
Thursday, 28 July 2011
ပန်းချီဆရာ ပိုပို ဘာသာပြန်သော စာအုပ်
| photo( icn2) |
ပန်းချီဆရာ ပိုပို ဘာသာပြန်သော စာအုပ် ။ ကျယ်ရီးဒဒူး အနုပညာ၏ အလုံးစုံသဘော နှင့် ဧကသဘော ။
Wednesday, 27 July 2011
စစ် နှင့် ငြိမ်းချမ်းရေး စာအုပ် အဖုံး ( ဦးစံတိုး ၊ ဦးဝင်းဖေ )
![]() |
| ဆရာ ဦး စံတိုး လက်ရာ |
စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်အဖုံးလက်ရာများ ။ ဆရာစံတိုး စာအုပ်ထဲမှာ ရေးထားတဲ့ပန်းချီကို သဘောကျလို့ ဘလော့ပေါ်တင်လိုက်ပါတယ် ။
Subscribe to:
Posts (Atom)