Saturday 30 July 2011

ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့

photo (icn2)

“ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့ ” ဆိုတာ ကဗျာဆရာကြီး (ဦး) အောင်ချိမ့် ရဲ့ ကဗျာခေါင်းစဉ်ပါ ။ ဒီနေ့က စနေနေ့လည်းဖြစ်တယ် ။ ဟိုဟိုဒီဒီ လည်းလျှောက်ရေးခြင်တာနဲ့ ဒီခေါင်းစဉ်ကိုယူလိုက်ပါတယ် ။ ဒီစနေ့ကတော့ လကုန်ရက်ဖြစ်နေလို့ ၊ လခဝင်လို့ ကျန်ခဲ့တဲ့စနေနေ့နဲ့ မတူ ၊ နည်းနည်းတော့ ကွဲတာပေါ့ ။  ရန်ကုန်အပြန်တုန်းက အိမ်မှာ ငယ်ငယ်က စုထားတဲ့ စုဗူးထဲကလက်ကျန်အကြွေလေးတွေတွေ့လို့ ယူလာလိုက်တယ် ။ လကုန်ရက်မှာရေးတဲ့ပိုစ့်ဆိုတော့ အကြွေတွေကို ဓါတ်ပုံရိုက်လိုက်တာပေါ့ ။ အသက်ကြီးလာတော့ ဘောလုံးစကားနဲ့ပြောရရင် ( injury time) သိပ်မရှိတော့ဘူး ။ ငယ်ငယ်ကလို တမတ်စေ့အကြွေတွေ မဲနေရင် ၊ သဲပေါ်ချပြီး ဖနောင့်နဲ့ဖိနင်း ၊ လူကို တစ်ပတ်လည်လိုက်ပြီး မတ်စေ့ကို ကြေးရောင်ပြန်တက်အောင်လုပ်လို့ရရင်ကောင်းသား ။ လွမ်းဖို့ကောင်းသား ။ ကဗျာဆရာကြီး အောင်ချိမ့်ရဲ့ အဲသည့် ကဗျာ “ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့“ ကိုပြန်ဖတ်ကြည့်တော့လည်း အရသာတွေ့နေဆဲ ။ 



သူက အခုလိုရေးရဲ့ “ ဒေါသမကြီးပါနဲ့ လိမ္မော်သီးရောင်းတဲ့ဆိုင် ၊ မိန်းမလှလှထိုင်တဲ့ ပုဆိုးဆိုင်နဲ့ ၊ မလိုင်များများအထူးလက်ဖက်ရည်တစ်ခွက်ပါ…” ။ တလောက သူငယ်ချင်းတယောက်နဲ့ လမ်းသွားရင်း အရောင်းမြင့်တင်ရေး ညီမလေးတွေနဲ့တွေ့ခဲ့သေးတယ် ။ သူမြင့်တင်နေတဲ့ ကုန်ပစ္စည်းကို ခပ်ဟိုက်ဟိုက်ဝတ်ထားတဲ့ အင်္ကျီနားထားပြီး ကျနော်တို့နှစ်ယောက်ကိုရှင်းပြနေသေးတယ် ။




ကျန်ခဲ့တဲ့ရက်ကပဲ၊ စာပေပညာရပ်ဆိုင်ရာ စကားလုံးတွေ နဲ့ ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ် ။ ဘယ်အကြောင်းအရာကိုပြောဆိုဆွေးနွေးတယ် ဆိုတာသိချင်လို့ ဆရာ ဦးမြင့်သန်း နဲ့ ဆရာ ဦးဇော်ဇော်အောင်တို့ရေးထားတဲ့စာအုပ်နှစ်အုပ်ကို ဟိုဖတ်ကြည့် ဒီဖတ်ကြည့်လုပ်လိုက်သေးတယ် ။ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ကြည့် ၊





drawing (icn2) watercolor on paper

သတင်းတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတဲ့ အဆိုတော် Amy Winehouse အကြောင်းဖတ်လိုက်ရတယ် ။ သူလည်း အသက် ၂၇ နှစ်မှာ ကွယ်လွန်သွားတဲ့ ဂီတသမားတွေ ရဲ့ ကလပ်ထဲရောက်သွားတယ်လို့သိရတယ် ။ သူ့ပုံကို အရင်ကဆွဲကြည့်ဖူးတယ် ။ အခုပြန်ရှာပြီးတင်လိုက်တယ် ။ ပန်းချီဆရာကြီး Lucian Freud လည်းကွယ်လွန်သွားတယ် ။ မျိုးရိုးနဲ့လာတဲ့ ဘိုးတော်ကြီးရဲ့ လက်ရာတွေကိုကျနော်ကြိုက်တယ် ။ ဒါပေမဲ့ အဲသလိုဆွဲတတ်ဖို့မလွယ်ဘူး မဟုတ်လား ။ 

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းများအားလုံး အနည်းနဲ့အများ သက်တောင့်သက်သာရှိပါစေ ။ :)





photo reference: wiki--

No comments:

Post a Comment