Saturday 23 July 2011

Random photos ( စေတ ၊ မောင်ကိုကို )

ဝယ်ထားတဲ့ စာအုပ်အဖုံးပုံတွေ ဖြစ်ပါတယ် ။ စာအုပ်မျက်နှာဖုံးတွေကို ဘလော့ပေါ်တင်တာ ကြော်ငြာခ ကော်မရှင်ရလို့ မဟုတ်ပါဘူး ။။  :) အမှန်ကတော့ ဓါတ်ပုံရိုက်ချင်တာ ၊ ဘာကို ရိုက်ရမှန်းမသိတာနဲ့ လွယ်လွယ်ကူကူတွေ့ရတဲ့ စာအုပ်အဖုံးတွေကို ဓါတ်ပုံရိုက်ထားတာပါ ။




ကဗျာဆရာ စေတ ရဲ့ “အပြစ်မဲ့မူ ကမ်းခြေ ကဗျာများ” စာအုပ် အဖုံးပုံ နဲ့ အတွင်းပန်းချီတွေက ဆွဲဆောင်မူအတော်ရှိပါတယ် ။ ပန်းချီဆရာ (ကို) စိုးနိုင် ရဲ့ ပန်းချီကားတွေကို အသုံးပြုထားတယ် ။ ပန်းချီများကို ကာလာဖြင့်ဖော်ပြထားပါတယ် ။ ကဗျာများ ဖတ်ရတာ ခက်ခက်ခဲခဲ သိပ်မရှိပါဘူး ။ စာအုပ်တန်ဖိုး ၂၀၀၀ ကျပ် ။






နောက်တအုပ်က မန္တလေးမှ စာရေးဆရာမောင်ကိုကို ရဲ့ “ဘုရားကို တို့ဖူးပြီ” ဆိုတဲ့စာအုပ် ၊ စာအုပ်တန်ဖိုးသေချာမမှတ်မိ ။ ၃၀၀၀ ကျပ်လို့ထင်ပါတယ် ။ မျက်နှာဖုံး နဲ့ အတွင်းပန်းချီများကို ပန်းချီဆရာ (ကို) နေမျိုးဆေး ကရေးဆွဲပေးထားပါတယ် ။ အဲသည့်စာအုပ် ကြော်ငြာကိုလည်း ပန်းဆိုးတန်းလမ်းကစာအုပ်ဆိုင်မှာတွေ့ခဲ့ပါတယ် ။ ဆရာ မောင်ကိုကို ရဲ့ အက်ဆေး များဖြစ်ပါတယ် ။

No comments:

Post a Comment