Sunday 8 April 2012

Sembawang Thingyan 2012



အချိန်တွေမြန်မြန်ဆန်ဆန်ကုန်သွားသလိုပဲ ။ မနှစ်က လုပ်တဲ့ Sembawang သင်္ကြန်ကလည်း မနေ့တနေ့ကလိုပါပဲ ။  ပွဲလုပ်တဲ့နေရာကိုရောက်တော့ နေပူနေသေးတယ် ။ သင်္ကြန်ပွဲလာသူများတယ် ။ ဒါပေမယ့် မနှစ်က ပိုများတယ်လို့စိတ်ထဲထင်တယ် ။







စင်ပေါ်ကနေ ကလေးလေးတွေ မေတ္တာပို့ ဆိုတာကို ဗီဒီယိုလေးရိုက်လာတယ် ။ စင်ရှေ့မှာ သူတို့လေးတွေကို ဓါတ်ပုံရိုက်နေတဲ့သူတွေများတယ် ။



အလကားကျွေးတဲ့ ရွှေရည်အေး နှစ်ပွဲဆက်တိုက် ထမင်းလွတ် ကစ်လိုက်တယ် ။း)
ပိရိသတ်အလည်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ သီချင်းဆိုကနေတဲ့ သူတယောက်နှစ်ယောက်ကို ဓါတ်ပုံရိုက်လာတယ် ။ ကိုယ်တိုင်လည်း က ချင်စိတ်ဖြစ်သွားသေးတယ်း )

မိုးမရွာမီ


ခဏနေတော့ မိုးရွာလာတယ် ။ မိုးရွာလာတော့ အပြင်ဘက်က သူတွေ အမိုးအောက်ဝင်လာတယ် ။

မိုးဖွဲဖွဲလေး ရွာချိန်


အဲသည့်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း သီချင်း ကို စင်မြင့်ပေါ်ကနေဆိုတယ် ။ သီချင်းနာမည်ကို ကျနော်မသိ ။ အားလုံး တက်တက်ကြွကြွပျော်ပျော်ရွှင်ရွင်နဲ့လိုက်ဆိုတယ် ။ ဗီဒီယိုလေးရိုက်လာတယ် ။ သီချင်းပြီးတော့ သံချပ်ဝင်တယ် ။  နေအပူရှိန်ကြောင့် ပူနေတဲ့ကိုယ်ပေါ် မိုးရေတွေမိထားတော့ နေမထိထိုင်မသာဖြစ်လာတယ် ။ ဗိုက်ကလည်းစာလာတာနဲ့ ပြန်ချလာလိုက်တယ် ။ အမိုက်များကို အိတ်တွေထဲထည့်ဖို့ အခမဲ့ ကုသိုလ်ယူ လုပ်အားပေးသူအများအပြားကိုတွေ့ခဲ့ရတယ် ။  လမ်းညွန် ဆိုင်းဘုတ်( စာရွက် ) နဲ့ကူညီသူများ ၊ ကားမရပ်ရ ဆိုင်းဘုတ်ကိုင်ပြီး ကူညီနေသူများ အားလုံးကို ကျေးဇူးတင်ပါတယ် ။

ရန်ကုန် သင်္ကြန် နဲ့ မဆုံဖြစ်တာ တော်တော်ကြာပြီ ။ ၇ နှစ် ၈ နှစ်တော့ရှိမယ်ထင်တယ် ။

4 comments:

  1. That was fast post... I went there yesterday as well... get to eat Thar gu and Hta min... But didn't take any photos. It was too many people and I could barely get to move.
    Thanks for the post and photos.

    ReplyDelete
    Replies
    1.း) မနေ့ကအိမ်ကိုပြန်ရောက်တော့ ဖျားချင်သလိုဖြစ်တာနဲ့နားနားနေနေနေရင်း ရေးထားတာ ။ မှတ်ချက်အတွက် ကျေးဇူး

      Delete
  2. I put your link in my post for others to view the photos. If it is not okay with you, please kindly let me know.

    ReplyDelete
    Replies
    1. အိုခေ ပါတယ် ညီမ ။ လင့်လုပ်လိုက်တဲ့အတွက် ကျနော်ကတောင်ကျေးဇူးတင်ရမှာပါ ။း)

      Delete