Saturday 9 July 2011

This is Khin Maung Yin

 

ပန်းချီဆရာကြီး ဦးခင်မောင်ရင် ရဲ့ This is Khin Maung Yin   စာအုပ်ကို ဝယ်လို့ရပါတယ် ။ စာအုပ်တန်ဖိုး တစ်သောင်း (ကျပ်) ပေးရပါတယ် ။ စာအုပ်အဖုံးမှ ပန်းချီ ကို (ဦး) စိန်မြင့်က ရေးဆွဲထားပြီး ၊ ဆရာ ခင်မောင်ရင် အကြောင်းကို ဆရာမ မသင်္ဂီက အင်္ဂလိပ်လို ရေးသားပါတယ် ။

ကျနော်ကတော့ သူ့ ပန်းချီလက်ရာတွေအားလုံးထဲမှာ abstract လက်ရာတွေကို အကြိုက်ဆုံးဖြစ်ပါတယ် ။ စာအုပ် နောက်ဆုံးအခန်းမှာ ခင်မောင်ရင် ၊ သူ့မိသားစု ၊ သူငယ်ချင်းများနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါပါတယ် ။





 





iphone  အသုံးပြုတွေအတွက် အလကားဒေါင်းလုပ်လုပ်လို့ရတဲ့ application တွေထဲက တစ်ခုကို သုံးပြီး ဦးခင်မောင်ရင် ရဲ့ ပုဂံ ဆီဆေးပန်းချီကားကို လေ့လားထားတဲ့ပုံ ဖြစ်ပါတယ် ။ Layer တွေ အထပ်ထပ်သုံးပြီး မရေးတတ်သေးလို့ one layer ပဲသုံးထားပါတယ် ။



 ဦးခင်မောင်ရင် ရဲ့ ထင်ရှားတဲ့ လက်ရာများထဲက သူ့ကိုကိုယ်စားပြုတဲ့ မင်းသမီး ပုံကို ဆီဆေး နဲ့ သူ့ရေးဆွဲတဲ့ ဟန်အတိုင်း ရေးဆွဲလေ့လာထားတဲ့ ပုံ။



5 comments:

  1. ဆရာကြီးဦးခင်မောင်ရင်ရဲ့ နှင်းဝေေ၀ ဆီဆေးပန်းချီကားကို ဓာတ်ပုံလိုချင်ပါတယ်။ အခုညွှန်းပေးထားတဲ့ This is Khin Maung Yin စာအုပ်မှာများ ပါနိုင်မလားမသိဘူး။ ပါရင် ၀ယ်ချင်လို့ပါ။

    ReplyDelete
  2. This is Khin Maung Yin စာအုပ်ကို ဝယ်ချင်ရင်တော့ မြန်မာပြည်က ပန်းချီပြခန်းတွေ နဲ့ ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်တွေမှာရပါတယ် ။ နိုင်ငံခြားမှာဆိုရင်တော့ အဲသည့်စာအုပ်ကိုရောင်းတဲ့ ၊ အွန်လိုင်းရောင်းတဲ့ နေရာ ၊ ရှိပါတယ် ။ လင့်ကတော့ မမှတ်မိတော့ပါ ။

    ReplyDelete
  3. Hnin Hnin ခင်ဗျာ။ နှင်းဝေဝေ ဆိုတဲ့ ဆီဆေး ပန်းချီကားကို ကျနော် အခုမှ ကြားဖူးတာပါ ။ (This is Khin Maung Yin) ဆိုတဲ့ စာအုပ်ထဲမှာ ပါ ၊ မပါကို ကျနော် ရှာပြီးတွေ့ရင် ဓါတ်ပုံရိုက်ပြီး ဘလော့ပေါ်တင်ပေးပါမယ် ။ အီးမေလ်းနဲ့လည်းပို့ပေးနိုင်ပါတယ် ။ ခက်တာက နှင်းဝေဝေ ဆိုတာကို ကျနော်လည်းခုမှကြားဖူးတာဆိုတော့ ရှာရင် နှင်းဝေဝေ ပန်းချီကား (ဓါတ်ပုံ)ဟုတ်မဟုတ်မကျိန်းသေတာပါ ။

    ဘလော့လာလည်ပြီး ပိုစ့်အဟောင်းတွေဖတ်ပေးတဲ့ အတွက် ကျေးဇူး..

    ခင်မင်စွာဖြင့်
    icn2

    ReplyDelete
  4. နှင်းတွေထဲမှာ လူသုံးယောက် တစ်နေရာစီကနေ ဈေးတောင်း ခေါင်းရွက်ပြီး သွားနေကြတဲ့ပုံလေးပါ။ ဆရာပေါ်သစ်ရဲ့ အလှရှာတော်ပုံစာအုပ်ထဲမှာ အဖြူအမည်းပုံရှိပါတယ်။ အရောင်နဲ့လိုချင်လို့ပါ။ ရှာတွေ့ခဲ့ရင် hninthidar0001@gmail.com ကို ပို့ပေးပါရှင်။
    ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  5. နောက်ဆုံးတော့လည်းကျွှန်တော်တစ်ယောက်ထဲပါပဲ စာအုပ်ဘယ်မှာဝယ်လို့ရလဲသိချင်ပါတယ်ရှင့်

    ReplyDelete