Showing posts with label icn2. Show all posts
Showing posts with label icn2. Show all posts

Sunday, 1 September 2013

၂၀၁၃ ။ ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

၂၀၁၃ ။  ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

ဝှက်ထားသောအရာ

ကောက်ကွေ့သောမျဉ်းတကြောင်းပေါ်မှ
ဖြောင့်တန်းသောမျဉ်းတကြောင်းပေါ်မှာ
သတင်းတပုဒ်ထဲမှာ
ကဗျာတပုဒ်ထဲမှာ
လမ်းညွန်မြေပုံထဲမှာ
ရှိုက်ချလိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ
ဝယ်ယူထားတဲ့ ထီလက်မှတ်တွေထဲမှာ
ရှုသွင်းလိုက်တဲ့လေထုထဲမှာ
ဝှက်ထားသောအရာ
ဝှက်ထားသောအရာများထဲမှ
ပျော်ရွှင်မှုရာနှုန်းများဖို့ကိုသ
ဆုတောင်းနေခဲ့တာ။

Icn2
31-aug-13



Saturday, 11 May 2013

ကျနော်ဆွဲထားသော ပုံများနဲ့ပတ်သက်ပြီး မေတ္တာရပ်ခံချက်

ကျနော် အပျော်တမ်းဆွဲထားတဲ့ပုံများကို စီးပွားရေး မဟုတ်တဲ့ ကိစ္စတွေမှာရော ၊ စီးပွားရေးလုပ်ငန်းသုံးကိစ္စများမှာပါ အသုံးပြုလိုတဲ့အခါ ကျနော့်ကို ဖေ့ဘွတ်မက်ဆေ့ နဲ့၊ ကျနော့်အီးမေး paintergg@gmail.com ကို အကြောင်းကြားပြီးမှ အသုံးပြုစေလိုပါတယ် ။ မူရင်းပုံရေးဆွဲသူနာမည်ကိုလည်း ( ကိုဖြိုး - icn2 ) လို့ ထည့်ပေးစေလိုကြောင်း ကျိုးနွံစွာဖြင့် မေတ္တာရပ်ခံလိုပါတယ် ။ လေးစားလျှက် ကိုဖြိုး - icn2