Sunday 1 September 2013

၂၀၁၃ ။ ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

၂၀၁၃ ။  ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

ဝှက်ထားသောအရာ

ကောက်ကွေ့သောမျဉ်းတကြောင်းပေါ်မှ
ဖြောင့်တန်းသောမျဉ်းတကြောင်းပေါ်မှာ
သတင်းတပုဒ်ထဲမှာ
ကဗျာတပုဒ်ထဲမှာ
လမ်းညွန်မြေပုံထဲမှာ
ရှိုက်ချလိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ
ဝယ်ယူထားတဲ့ ထီလက်မှတ်တွေထဲမှာ
ရှုသွင်းလိုက်တဲ့လေထုထဲမှာ
ဝှက်ထားသောအရာ
ဝှက်ထားသောအရာများထဲမှ
ပျော်ရွှင်မှုရာနှုန်းများဖို့ကိုသ
ဆုတောင်းနေခဲ့တာ။

Icn2
31-aug-13




" -------"
 ပုစ္ဆာအဟောင်းများ
သစ်လွင်တဲ့ အခြေအနေပေါ်ပြန်တက်လာ။
ကိုက်လမ်း ပေါ် ဖြတ်လျောက်သွား
မနေ့တနေ့က
ဒီနေ့မနက်လေးတင်
ညနေစောင်းဆို ရောက်လာတတ်တယ်
ချိန်းဆိုမထားဘဲ
တွေချင်ခဲ့ရင်
အခု
ရူးနေတဲ့ ဆောင်းရာသီထဲ
သူတို့စောင့်နေတယ် ။

icn2
30-8-2013



တွေ့ရှိပုံ

ပလက်ဖောင်းတလျောက် 
ရှော့ပင်းမောကြီးထဲက ဆိုင်ခန်းတွေ တလျောက်
လမ်းလျောက်ခဲ့ရင်း 
ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း 
ရောင်းလိုအား ဝယ်လိုအားကို မတွေ့သေးခင်
ငါ
မင်းကိုတွေ့ခဲ့တယ် ။ 

icn2- 9-Aug-2013

No comments:

Post a Comment