Showing posts with label movie. Show all posts
Showing posts with label movie. Show all posts
Saturday, 7 January 2012
သည်းထိတ်ရင်ဖိုဝတ္ထု
စာအုပ်ရေ သန်း ၃၀ ကျော်လောက်ရောင်းခဲ့ရတဲ့ နာမည်ကျော် ( The Girl with the Dragon Tattoo) စာအုပ်ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Niels Arden Oplev ကရိုက်ကူးခဲ့ပါတယ် ။ မင်းသား Michael Nyqvist မင်းသမီး Noomi Rapace တို့ကသရုပ်ဆောင်ပါတယ် ။ ရုပ်ရှင်အဖြစ်လည်း အုန်းအုန်းထ အောင်မြင်တယ်လို့ သိရပါတယ် ။ ပထမအကြိမ် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကြော်ငြာ ။ ရုပ်ရှင်စာတန်းထိုး မှာ ရေထဲကို မင် အမည်းရောင်တွေကျလာတာကိုရိုက်ပြထားပါတယ် ။ အဲသလို ရိုက်ချက်ကို နိုင်ငံတကာက ကဗျာဆရာတယောက်ရဲ့ စာအုပ်အဖုံးမှာလည်း တွေ့ရပါတယ် ။

Thursday, 1 December 2011
စုတ်တံ တစ်ချောင်းဖြင့်---
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ပေါ်ပေါက်လာတဲ့ (Abstract Expressionism) ပန်းချီလူပ်ရှားမူထဲက ကမ္ဘာကျော်ပန်းချီဆရာကြီးတွေက ပန်းချီဆွဲရာမှာ စုတ်တံကိုထွန်းကွပ်နေရမူ အောက်ကနေကင်းလွတ်အောင်၊ သူတို့ရေးဆွဲတဲ့ ပန်းချီကားတွေကို ပန်းချီကားဘောင်ခွေ (ခတ်)တဲ့အပြုအမူတွေဆီကနေလွတ်အောင်ကြိုးစားခဲ့ကြတယ်လို့ ဖတ်မှတ်ဖူးပါတယ် ။ သူတို့ နဲ့ ဆန့်ကျင်ဘက် စုတ်တံတစ်ချောင်းကို တမူထူးခြားစွာထိန်းဆွဲတဲ့ သူတယောက်ကို ရွှေအင်းတိန်ဘုရားဖူးရင်းတွေ့ခဲ့ရပါတယ် ။
အမတယောက်ကလည်း ရွှေအင်းတိန် ဘုရားဇောင်းတန်းကိုရောက်ရင် စုတ်တံကို လက်နဲ့ ထိန်းမရေးတဲ့ (ယွန်းထည်ပန်းချီ) ပန်းချီဆရာတယောက်ကိုတွေ့အောင်ရှာကြည့်ဖို့ ကျနော်တို့ကိုသေချာမှာလိုက်ပါတယ် ။
အမတယောက်ကလည်း ရွှေအင်းတိန် ဘုရားဇောင်းတန်းကိုရောက်ရင် စုတ်တံကို လက်နဲ့ ထိန်းမရေးတဲ့ (ယွန်းထည်ပန်းချီ) ပန်းချီဆရာတယောက်ကိုတွေ့အောင်ရှာကြည့်ဖို့ ကျနော်တို့ကိုသေချာမှာလိုက်ပါတယ် ။
Sunday, 11 September 2011
ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )
Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)
အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။
Sunday, 28 August 2011
ရုပ်ရှင် ( The Lovely Bones )

Susie Salmon ဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးကို သူ့ အိမ်နီးနားခြင်း လူတယောက်က သတ်လိုက်တယ် ။ Salmon က Heaven ဆိုတဲ့ နေရာကနေပြီး သူ့မရှိတော့တဲ့နောက်ပိုင်း သူ့မိသားစု ရဲ့ နေစဉ်ဘဝ ဖြတ်သန်းပုံတွေကိုတွေ့နေရတယ် ၊ အထူးသဖြင့် သမီးဖြစ်သူကိုသတ်သွားတဲ့ တရားခံကို ဖော်ထုတ်ချင်စိတ်ပြင်းပြနေတဲ့ဖခင် နဲ့ဆက်သွယ်ပုံ ( စိတ်ခြင်းဆက်သွယ်သလား ၊ ဝိဥာဏ်ခြင်း ဆက်သွားသလား ၊ ဘယ်လိုဆက်သွယ်သလဲဆိုတာကို သေချာမရေးပြတတ်ဘူး )တို့ကိုရိုက်ပြထားတာ ကြည့်လို့ကောင်းတယ် ။
Thursday, 11 August 2011
Final destination 5
Final Destination ရုပ်ရှင်ဇာတ်လမ်းတွဲဟာ စိတ်ဝင်စားဖို့ကောင်းတယ် ။ ပထမဦးဆုံး ဇာတ်လမ်းပေါက်သွားပြီး (ထုံးစံအတိုင်း) နောက်ဇာတ်လမ်းတွဲတွေ ထပ်ပေါ်လာတယ် ။ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရူံးသွားရပုံကို ရိုက်ပြတာကို စိတ်ဝင်စားမိတာပါ ။ လူဆိုတာသိပ်သေးငယ်လွန်းပြီး အချိန်မရွေးတခုခုဖြစ်သွားနိုင်တာလို့ဆိုတယ်မဟုတ်လား ။
အဝေးပြေးကားလမ်းမပေါ်မှာ ရှေ့က မောင်းနေတဲ့ သစ်လုံးတွေတင်ထားတဲ့ ကားပေါ်ကနေ သစ်လုံးတွေပြုတ်ကျပြီး နောက်ကလိုက်လာတဲ့ကားတွေထဲ သစ်လုံးတွေဝင်လာတာမျိုး ၊ အဲသလိုမျိုး ဖြစ်နိုင်ခြေရှိတာတွေကို ရိုက်ပြတာမို့လို့လည်း ပိုစိတ်ဝင်စားမိတယ် ။ အဲသလို အခန်းမျိုးကို ရိုက်တဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း သဘောကျနေမိတယ် ။အခုတော့ ၅ ကားမြောက် ကို ကြော်ငြာနေတာတွေ့နေရတယ် ။ ပထမကားတွေလောက် အသည်းယားရမလားဆိုတာတော့သွားကြည့်မှပဲသိမှာ ။

Subscribe to:
Posts (Atom)