Sunday 28 August 2011

ရုပ်ရှင် ( The Lovely Bones )


Susie Salmon  ဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးကို သူ့ အိမ်နီးနားခြင်း လူတယောက်က သတ်လိုက်တယ် ။ Salmon က Heaven  ဆိုတဲ့ နေရာကနေပြီး သူ့မရှိတော့တဲ့နောက်ပိုင်း သူ့မိသားစု ရဲ့ နေစဉ်ဘဝ ဖြတ်သန်းပုံတွေကိုတွေ့နေရတယ်  ၊ အထူးသဖြင့် သမီးဖြစ်သူကိုသတ်သွားတဲ့ တရားခံကို ဖော်ထုတ်ချင်စိတ်ပြင်းပြနေတဲ့ဖခင် နဲ့ဆက်သွယ်ပုံ ( စိတ်ခြင်းဆက်သွယ်သလား ၊ ဝိဥာဏ်ခြင်း ဆက်သွားသလား ၊ ဘယ်လိုဆက်သွယ်သလဲဆိုတာကို သေချာမရေးပြတတ်ဘူး )တို့ကိုရိုက်ပြထားတာ ကြည့်လို့ကောင်းတယ် ။







ဒါရိုက်တာက  Heaven  ဆိုတဲ့နေရာကို သရုပ်ပေါ်အောင် ၊ ရိုက်ပြထားတာ တွေကမိုက်တယ် ။





Salmon ဖခင်မှာ သင်္ဘောသေးသေးလေးတွေကို ပုလင်းထဲထည့်တဲ့ ဝါသနာ ရှိတယ် ။ သူ့သမီးဆုံးပါးသွားတော့ အဲသည့်ပုလင်းတွေကို ရိုက်ခွဲပစ်တယ် ။ အဲသည့်အချိန်မှာ ပင်လယ်ထဲကနေပြီး သင်္ဘောလေးတွေပါတဲ့ပုလင်းလေးတွေ ကမ်းခြေကိုဆိုက်ရောက်လာပြီး ကမ်းခြေက ကျောက်ဆောင်တွေနဲ့တိုက်ပြီးကွဲသွားတာကို တလှည့်စီရိုက်ပြတယ် ။ အဲသလို ရိုက်ပြတဲ့ ပြကွက်တွေတော်တော်ပါတယ် ။





လူသတ်သမားကိုလည်း ကြောက်စရာကောင်းအောင်ရိုက်ပြတယ် ။ ကြောက်စရာပုံဖြစ်နေလို့ ဘလော့ပေါ်မတင်တော့ဘူး ။

ရယ်စရာအနေနဲ့ကတော့ Salmon ရဲ့ အဖွားက သူပထမဆုံး သူ့ချစ်သူနဲ့ ပထမဆုံး အကြိမ် နမ်းတဲ့အကြောင်းကို Salmon ကိုပြောပြတယ် ။ Salmon ဆုံးသွားပြီးတော့ သူ့တို့မိသားစု စိတ်သက်သာအောင် ၊ Salmon အဖွား သူ့တို့ အိမ်မှာလာနေတယ် ။ အဖွားကသောက်လက်စ စီးကရက်ကို လက်ကြားအမြဲညပ်ထားတယ် ၊ အရက်သောက်တယ် ၊ မီးဖိုချောင်ထဲ ချက်လက်စ ဒယ်အိုးမီးလောင်ရင် အနီးအနားကရှိတဲ့ ပန်းအိုးထဲကရေနဲ့ငြိမ်းလိုက်တယ် ။ ပန်းတွေကိုမဖယ်ဘူး ။  မီးငြိမ်းသွားဖို့ကအဓိကမဟုတ်လား ၊ :)


Salmon မောင်လေးက သူ့အဖွားကို ခြေသည်းဆိုးပေးရင်း သူ့အဖွားကိုပြောတယ် ။ မှတ်မိသလိုပြန်ရေးရရင်

မောင်လေး ။      ။“Salmon မရှိတော့ဘူး”

အဖွား။             ။“Salmon Heaven  ကို ရောက်သွားတာ။”

မောင်လေး။       ။“Heaven ဆိုတာမရှိဘူး ။”

အဖွား။             ။“Heaven ဆိုတာမရှိဘူး ဆိုရင် ၊ Salmon သေသွားတာ။”

မောင်လေး ။      ။“ Salmon မသေဘူး ။ အဖွားပဲသေမှာ ။ ဘာလို့လဲဆိုတော့ အဖွားက အသက်ကြီးနေပြီ”

ရုပ်ရှင်ကားအချိန်တော်တော်များက ကြည့်သူကိုဆွဲဆောင်ထားတယ် ။ အသည်းယားစရာဖြစ်အောင် ရိုက်ပြထားတယ် ။ ဘယ်လိုပဲဖြစ်ဖြစ်ကျနော် အဲသည့်ကားကို ကြိုက်တယ် ။ နာမည်ကျော် Ghost ရုပ်ရှင်ကိုလည်း ပြန်လည် အမှတ်ရစေပါတယ် ။

3 comments:

  1. I am going to put it in the list to do for this weekend. Thanks for the review. :)

    ReplyDelete
  2. ကျေးဇူးပဲ မြတ်ကြည်

    ReplyDelete
  3. i have shared the blog link on my blog :) btw, it doesn't show the updates.

    ReplyDelete