Saturday 5 May 2012

Palau Ubin - 1



Changi Point Ferry Terminal မှာ လှေခ တယောက်ကို  စင်ကာပူ ဒေါ်လာ ၂ ဒေါ်လာခွဲ ပေးရတယ် ။ Palau Ubin ကို  ၁၀ မိနစ်လောက်ပဲ မောင်းရတယ်ပြောတယ် ။  အောက်ထပ်ကနေ လှေဆိပ်ကိုဆင်းသွားတယ် ။ လှေတစင်းပေါ် လိုက်ပါတဲ့ ခရီးသည် လူဦးရေကတ်သတ်မူရှိတယ် ။ ၁၁ ယောက် လား ။ ၁၂ ယောက်လား မသိဘူး ။ အသက်အန္တရယ်မဖြစ်အောင် လူဦးရေ ကတ်သန့်ထားတယ်လို့သိရတယ် ။


 စနေ ၊ တနင်းဂနွေ ရက်မလို့ထင်တယ် Palau Ubin ကို သွားတဲ့သူများတယ် ။ ကိုယ်ပိုင် စက်ဘီးတွေ ၊ ( တောင်တက်ဘီး ) ကို လှေနဲ့သယ်သွားကြတာကိုတွေ့ရတယ် ။ တရုတ်ရိုးရာ နဂါး ကမယ့် အဖွဲ့တဖွဲ့ကိုလည်း တွေ့ရတယ် ။






လှေနောက်ပိုင်းက ရေမျက်နှာပြင်နဲ့ တော်တော်နီးတယ် ။ ညဘက်အိပ်မပျော်တဲ့ အခါ ကြည့်ရအောင် လှေမောင်းသွားတုန်း ဗီဒီယိုကလစ်အတိုလေး ရိုက်ထားလိုက်တယ် ။




ကမ်းကပ်တော့ ကိုယ့်စီးလာတဲ့လှေ ကမ်းကပ်ဖို့ရအောင် ခဏ စောင့်ရတယ် ။ လှေပေါ်မှာထွက်ပြီး ဓါတ်ပုံရိုက်တဲ့သူတွေတွေ့ရတယ် ။ ဖေ့ဘွတ် နဲ့ တခြား လူမူဆက်သွယ်ရေးကွန်ယက်တွေအသုံးများလာတာကြောင့် လူတိုင်းနီးပါး ကင်မရာအသေးလေး တလုံးစီရှိတယ်လို့ထင်ရတယ် ။ ကင်မရာမဟုတ်လည်း လက်ကိုင်ဖုန်း ။










8 comments:

  1. တို့နဲ့ဝါသနာတူတယ် လက်ရာတာ့ကွာသပါ့
    မရောက်ဘူးသေးဘူးသွားဦးမယ်သေချာရေး.။ လမ်းညွန်။

    ReplyDelete
  2. Changi Point Ferry Terminal ကို ဘယ်လိုသွားရသလဲ။ Taxi နဲ့လို့တော့မပြောနဲ့ တိန်.ဖြစ်သွားမယ်။

    ReplyDelete
  3. Changi Point Ferry Terminal ကို ဘယ်လိုသွားရသလဲ။

    Tampines Interchange ကနေ ဘတ်စကား နံပါတ် ၂၉ ကို ဂိတ်ဆုံးထိစီးသွားပါ ။ ဂိတ်ဆုံးမှာ ဖယ်ရီ စီးရမယ့်နေရာကိုရောက်ပါတယ် ။

    လှေပေါ်မှာ ချော ပါတယ် ။ ရေစိုနေတဲ့ကြမ်းပြင်ကြောင့်ပါ ။ ဖိနပ်အပါး စီးလျင် တွဲမယ့်သူပါရင်အဆင်ပြေပေမယ့် running shoes က အကောင်းဆုံးလို့ထင်တယ် ။ ( ဘောင်းဘီကတော့ hot pant ဝတ်သွားလျှင် ဓါတ်ပုံဆရာများ မျက်စိကျပါမယ် ။း)

    ReplyDelete
  4. ဓါတ်ပုံများလှ၏ သွားချင်သော်လည်းရောက်နိုင်မည်မထင်

    ReplyDelete
    Replies
    1. စင်ကာပူ နဲ့ တော်တော်နီးတယ် ။ ကိုရဲထွန်းဇော် ၊ ဒီကနေတော့ သွားရလွယ်တယ် ။

      Delete