Friday 29 June 2012

အင်းလေး နံနက်ခင်း - ၂ - နန်းပန်ဈေးသို့



အင်းလေး မနက်ခင်း ၊ နန်းပန်းဈေး ကို သွားရင်းရိုက်ထားတဲ့ပုံတွေထဲက ကြည့်ကောင်းမယ့်ပုံ သုံး ၊ လေး ပုံပါ ။ ဓါတ်ပုံထဲကအရောင်တွေက မူရင်းအတိုင်းပါ ။ နန်းပန်းဈေး ( ငါးရက်ဈေး လို့လည်းခေါ်တယ်ထင်တယ် ) ကိုရောက်တော့ လှေတွေအရမ်းများနေလို့ ကမ်းပေါ်တက်လို့အဆင်မပြေတာနဲ့ လှေပေါ်ကနေပဲ ဓါတ်ပုံတချို့ရိုက်ဖြစ်ခဲ့ပါတယ် ။ ဗီဒီယိုအတိုလေးလည်းရိုက်ဖြစ်ခဲ့တယ် ။


Thursday 28 June 2012

ငါးရံမင်းလိုဏ်ဂူ

ရန်ကင်းတောင်

မန္တလေးကို လေးငါးကြိမ် အလည်ရောက်ဖူးပေမယ့် ရန်ကင်းတောင်ကို မရောက်ဖူးဘူး ။ ငါးရံမင်းလိုဏ်ဂူ ကိုလည်း မရောက်ဖူးဘူး ။ ၂၀၁၁ ၊ နိုဝင်ဘာထဲမှာ မန္တလေးရောက်တော့ အကို တယောက် လိုက်ပို့တာကြောင့် ရောက်ဖူးသွားတယ် ။ ဓါတ်ပုံတချို့နဲ့ ဗီဒီယို အတိုလေး နှစ်ခု သုံးခု ရိုက်ခဲ့တယ် ။ ကျနော်လိုမရောက်ဖူးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဘလော့ပေါ်တင်လိုက်ပါတယ် ။ ကိုယ်ကိုယ်တိုင် ဘယ်နေရာဘာရှိတယ် ဆိုတာသေချာမသိတာကြောင့် ရေးစရာများများစားစားသိပ်မရှိပါ ခင်ဗျ ။း)

အင်းလေး မနက်ခင်း


မနက် ၇ နာရီလောက် အင်းလေးကန်မှာရိုက်ထားတဲ့ ဓါတ်ပုံ တချို့ဖြစ်ပါတယ် ။ ဓါတ်ပုံထဲကအရောင်တွေက မူရင်းအတိုင်းဖြစ်ပါတယ် ။


Thursday 21 June 2012

BIntan 4

ငါ့ရေတွေဘယ်သူစုတ်ထုတ်သွားသလဲး)

ရောက်ဖူးတဲ့ ချောင်းသာကမ်းခြေ နဲ့ မတူတာတချက်က ပင်လယ်ရေပါပဲ ။ မနက်စောစော  ၇ နာရီ ၊ ၈ နာရီကျော်ကျော်လောက်ဆို ကမ်းမြေမှာရေမရှိဘူး ။ တယောက်ယောက်က ပိုက်နဲ့စုတ်ထုတ်သွားသလိုပဲ ။ နေမြင့်လာမှတဖြေးဖြေးရေလည်းလိုက်တက်လာတယ် ။ ရင်ခေါင်းလောက်အမြင့်ရှိတဲ့ရေကိုရောက်ဖို့ နည်းနည်းလှမ်းလှမ်းသွားရတယ် ။ ချောင်းသာကမ်းခြေကတော့ ရေ အဲသလိုကျတာ မကြုံဖူးဘူး ။ ဘယ်အချိန်ရောက်သွားသလဲနဲ့ဆိုင်မဆိုင်တော့မသိ ။

တော်တော်လှမ်းလှမ်းထိ ရေ အနက်ကသိပ်မမြင့်တော့ ငှက်ပျောသီး လှေ စီးတဲ့အခါ ရှေ့ကဆွဲသွားတဲ့လှေမောင်းတဲ့သူက ဇတ်ခနဲကွေ့လိုက်လို့် လှေမှောက်သွားတဲ့အခါ ကြောက်စရာမလိုတော့ဘူး ။ ကျနော်စီးတုန်းကလည်း တခါမှောက်သေးတယ် ။ မှောက်ဆို ကျနော့်တို့စီးတဲ့အခေါက်မှာ စီးတဲ့ ဘစ်ကနီနဲ့ကောင်မလေး နဲ့ လှေဆရာ နဲ့ကြားမှာ  ဘယ်လို ဓါတုဗေဒ ဓါတ်ကြွမူတွေ ၊ ဓါတ်ပြုမူတွေရှိနေမှန်း မသိရဘူးလေ ။ မြန်မြန်မောင်းတာ ၊ ဖြည်းဖြည်းမောင်းတာ ၊ စချင်တာ အားလုံးသူ လက်ထဲမှာကိုး ။ သဘောကတော့ ကောင်းပ ။



Bintan 3

စက်ကူပန်းတွေဟာ သိပ်လှတယ်



အရောင်းမြင့်တင်ရေးလုပ်နေလို့ထင်ပါတယ် ၊ ဟော်တယ် တခု နဲ့ တခုက ချိတ်ဆက်ထားတယ် ။ ကိုယ်ဝယ်တဲ့လက်မှတ်ပေါ်မူတည်ပြီး မနက်စာကို ဟောတယ် အေ မှာစာပြီး ညနေစာကို ဟော်တယ် ဘီ မှာစားဖို့လည်း ရွေးခြယ်နိုင်တယ်လို့သိရတယ် ။ ဟော်တယ် တခုကနေ တခု ကူးဖို့ မီနီဘတ်စကားအသေးလေးတွေ စီစဉ်ထားတယ် ။ မိမိဝယ်ထားတဲ့ လက်မှတ်ထဲမှာပါတဲ့ banana boat ငှက်ပျောသီး လေ ( မပိုင်ဘူးလား ၊ ဘာသာပြန်ထားတာကို ကြည့် ၊ ငှက်ပျောသီးလှေ တဲ့ ) စီးတာတို့ ၊ ဘာတို့ကို ကို ဟော်တယ်အေ မှာသွားလုပ်ပြီး ၊ ကိုယ်တည်းခိုတဲ့နေရာ ဟော်တယ်ဘီကို မီနီဘတ်စကား အသေးလေးစီးပြီး ပြန်အိပ်တာမျိုးပါ ။ ဧည်သည်ကတော့ စနေ ၊ တနင်းဂနွေဖြစ်လို့လားမသိ အတော်များတယ် ။ မနက်စာ စားချိန် ၊ ညစာစားချိန်မှာ စားပွဲဝိုင်းတိုင်းနီးပါးပြည့်နေတယ် ။


Tuesday 19 June 2012

Bintan 2



ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်လို့ ဘယ်နေရာမှာ ဘာရှိမှန်းမသိဘူး ။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်ပြီး လှေတွေပြင်နေတဲ့ နေရာနားရောက်သွားတယ် ။ တည်းတဲ့နေရာက နေ နည်းနည်းလှမ်းတဲ့နေရာနားမှာရှိတာ ။ ဓါတ်ပုံနည်နည်းရိုက်ခဲ့တယ် ။ ပတ်ဝန်းကျင်က သာယာတယ် ။ မနက်စောစောဖြစ်လို့ သိပ်မပူဘူး ။ တိတ်တိတ်ဆိတ်ဆိတ် သာသာယာယာ နဲ့ ကြည်နူးဖို့ကောင်းပါတယ် ။


Sunday 17 June 2012

အောက်စ်ဖိုဒ် ဗုဒ္ဓဝိဟာရ ( စင်ကာပူ )

19 Novena Terrace မှာတည်ရှိတဲ့ အောက်စ်ဖိုဒ် ဗုဒ္ဓဝိဟာရ ( စင်ကာပူ ) ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ် ။



Saturday 16 June 2012

BinTan

ကမ်းခြေက ကောက်လာတဲ့ ကျောက်တုံးတခု




ှစင်ကာပူ နဲ့ နီးနီးနားနားသွားရလွယ်ကူတဲ့ BinTan ကို တော်တော်များများသွားလည်ကျတယ် ။ ကျနော်အတွက်ကတော့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပဲ ။ အလုပ်ပိတ်ရက် တရက်  ၊ နှစ်ရက်လောက်အချိန်ယူပြီးသွားရင် အဆင်ပြေတာကြောင့်လည်း တော်တော်များများသွားဖြစ်ကြတယ်ထင်တယ် ။
Ferry လှေ ပေါ်မှာ လူအပြည့်ပါပဲ ။

Friday 1 June 2012

2012 Summer Palace -Ayutthaya


အယုဒယမြို့တော် နားမှာရှိတဲ့ Summer Palace ဟာ သာယာလှပတဲ့နေရာတခုဖြစ်ပါတယ် ။ ရိုက်ခဲ့တဲ့ ဗီဒီယိုအတိုလေး နှစ်ခုကို ယူကြုကနေတဆင့် တင်လိုက်ပါတယ် ။ အရှေ့တိုင်း အနုပညာလက်ရာ နဲ့ အနောက်တိုင်း အနုပညာလက်ရာများပေါင်းစပ်ထားတာကို တွေ့မြင်ရပါတယ် ။