Saturday 16 June 2012

BinTan

ကမ်းခြေက ကောက်လာတဲ့ ကျောက်တုံးတခု




ှစင်ကာပူ နဲ့ နီးနီးနားနားသွားရလွယ်ကူတဲ့ BinTan ကို တော်တော်များများသွားလည်ကျတယ် ။ ကျနော်အတွက်ကတော့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပဲ ။ အလုပ်ပိတ်ရက် တရက်  ၊ နှစ်ရက်လောက်အချိန်ယူပြီးသွားရင် အဆင်ပြေတာကြောင့်လည်း တော်တော်များများသွားဖြစ်ကြတယ်ထင်တယ် ။
Ferry လှေ ပေါ်မှာ လူအပြည့်ပါပဲ ။



 ခရီးသွားအေဂျင်စီတွေက လက်မှတ်တွေ ဈေးချတဲ့အခါ ၊ တော်ရုံတန်ရုံတည်းလို့ရမယ်နေရာ (Hotel/ resort) နဲ့ စားစရိတ်ကို အလွယ်တကူဝယ်လို့ရပါတယ် ။  လက်မှတ်ထဲမှာ စားဖို့သောက်ဖို့လည်းပါတဲ့အခါကျတော့ သက်သာတယ်လို့ပြောလို့ရမယ်ထင်ပါတယ် ။ လူနှစ်ယောက်သွားတယ်ဆိုရင် နေစရိတ် ၊ စားစရိတ် ၊ အပါ အဝင် လက်မှတ်ဈေးချရင် စင်ကာပူဒေါ်လာ ၂၀၀ လောက်ဆိုရင်ရပါတယ် ။ ဖယ်ရီ Ferry စရိတ် နဲ့ တခြားဝန်ဆောင်မူစရိတ်တွေအတွက် နောက်ထပ် စင်ကာပူဒေါ်လာ ၁၅၀ လောက် ထပ်ပေးလိုက်တော့ စုစုပေါင်း လူနှစ်ယောက်အတွက်  စင်ကာပူ ဒေါ်လာ ၃၅၀ လောက်ကုန်ပါတယ် ။ တညအိပ် နှစ်ရက်ခရီး အတွက်ကိုဆိုလိုတာပါ ။ ထုံးစံအတိုင်း လက်မှတ်ကိုကြိုဝယ်ထားပြီး ကိုယ်သွားချင်တဲ့ ရက်ကို သတ်မှတ်ထားတဲ့ကာလအတွင်းရွေးပြီး ၊ ကြိုတင်ဘိုကင်လုပ်ရုံပါပဲ ။ ကျနော်တို့လို မြန်မာနိုင်ငံသားအတွက် ဗီဇာ မလိုပါဘူး ။





မနက် ၉ နာရီ ၊ ၁၀ နာရီ စင်ကာပူဘက်ကနေထွက်သွားရင် တည်းခိုမယ့်နေရာကို  နေ့လည်စာ စားချိန်လောက်ရောက်သွားပါတယ် ။  (လှေဆိပ်ကနေ ကားနဲ့ တည်းမယ့်နေရာကို တနာရီ မပြည့်တပြည့်လောက်မောင်းရပါတယ် ။ )လက်မှတ်ထဲမှာပါတဲ့ အစားအသောက်တွေက ရောက်တဲ့နေ့စားတဲ့ နေ့လည်စာ ၊ ညစာ ၊ နောက်တနေ့ မနက်စာ၊ ဖြစ်ပါတယ် ။ (ကိုယ်ဝယ်တဲ့လက်မှတ်ပေါ်မူတည်ပါတယ် ။) ညနေဘက်ပြန်မယ်ဆိုရင် နေလည်စာတနပ်ကိုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ဝယ်စားရပါတယ် ။ စင်ကာပူ ဒေါ်လာနဲ့ရှင်းလို့ရပါတယ် ။ မြန်မာပြည်အတွင်းက နာမည်ကျော် အပန်းဖြေစရာ ကမ်းခြေတွေကို သွားရင် ကုန်ကျစရိတ်ဘယ်လောက်ကုန်တယ်ဆိုတာ သိပ်မသိပါဘူး ။ ငွေဆောင် လို ၊ ချောင်းသာလို ကမ်းခြေဘက်မရောက်တာ ၅ နှစ်ကျော်လောက်ရှိသွားပြီထင်ပါတယ်



4 comments:

  1. လူနှစ်ယောက်အတွက် စင်ကာပူ ဒေါ်လာ ၃၅၀

    one n ight stay. two days. two person I think I could not effort. If I effort will be back to yangon If you ask me.

    ReplyDelete
    Replies
    1. နိုင်းရသဘောနဲ့ပြောတာပါ အမ ။ ရန်ကုန်လေယဉ်လက်မှတ်ဖိုးထက်နည်းတယ်ထင်တာပဲး)

      Delete
  2. stone beautiful. but could not carry to yangon as souvenir , may be too heavy. if you ask me again I will chose small one.

    ReplyDelete
    Replies
    1. အမှန်က ကျောက်တုံးကသေးပါတယ် ။ ကျနော်ဓါတ်ပုံကကြီးနေတာပါ ။

      Delete