Showing posts with label စာအုပ်. Show all posts
Showing posts with label စာအုပ်. Show all posts

Sunday, 31 July 2011

သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ



ကဗျာဆရာကြီး သစ္စာနီ ရဲ့ ပိုလျှံနေသောဝါကျများ စာအုပ်ကိုဝယ်လို့ရပါတယ် ။ အင်္ဂလိပ်လို ဘာသာပြန်ဆိုသူမှာ ဆရာ ဇေယျာလင်း ဖြစ်ပါတယ် ။ မျက်နှာဖုံးပန်းချီမှာ ပန်းချီဆရာ ကိုမုတ်သုန်ဖြစ်ပါတယ် ။  အမှာစာအရ ဆရာသစ္စာနီ စာရေးသက် နှစ်ပေါင်း လေးဆယ် လောက်ရှိပြီလို့ ယူဆပါတယ် ။ ကဗျာ ဆယ့်သုံးပုဒ် ပါဝင်ပြီး ၊ ဆယ်သုံးပုဒ် လုံးကို ဆရာ ဇေယျာလင်းက အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပါတယ် ။ အမှာစာကိုတော့ဘာသာမပြန်ထားပါ ။ ကဗျာဆရာ နာမည်နဲ့ ဘာသာပြန်သူ နာမည်ကို အင်္ဂလိပ်လိုပြန်ဆိုထားတာမတွေ့ရပါ ။ အမှာစာမှာ ဆရာသစ္စာနီက သူကဗျာများနဲ့သူ့ကဗျာသက်တမ်းအကြောင်းရေးထားပါတယ် ။ ကျနော်ကတော့ သူ့ကဗျာတွေကိုကြိုက်တယ် ။ သူ့စာများကြိုက်သူများအတွက် လက်တို့ရုံသက်သက် ။

Tuesday, 26 July 2011

Random photo ( ခရမ်းပြာထက်လူ ရဲ့ ကဗျာစာအုပ် )



ခရမ်းပြာထက်လူ ရဲ့ နံရံမှာ ငါရေးထွင်း ကဗျာစာအုပ် ။ ပင်နီဇူးလားမှာဝယ်တာ ၇ ဒေါ်လာပေးရတယ် ။ ကဗျာတွေဖတ်ရတာကောင်းတယ် ။ ဘာသာပြန်သူက ကဗျာတွေကို အင်္ဂလိပ်လိုဘာသာပြန်ထားပေမယ့် ကဗျာဆရာနာမည်ကို အင်္ဂလိပ်လိုဘာသာမပြန်ထားဘူး ။ :)

Sunday, 24 July 2011

စာအုပ် အကြောင်း ( Haruki Murakami)

drawing (icn2)


Dance Dance Dance စာအုပ်ကို သူငယ်ချင်းတယောက်ဆီကနေဌားဖတ်တယ် ။ သူလည်း အဲသည့်စာရေးဆရာရဲ့စာအုပ်တွေကို ကြိုက်လို့ဝယ်လည်းဖတ်တယ် ။ စာကြည့်တိုက်ကနေလည်း ဌားဖတ်တယ် ။  Haruki Murakmi စာအုပ်တွေကို စင်ကာပူမှာတော်တော်ဖတ်တယ်လို့ ပြောလို့ရမယ်ထင်တယ် ။ ကျနော်သူ့စာအုပ်ကိုဖတ်ပြီးတော့သူရေးတဲ့အကြောင်းအရာတွေထဲက တူတာတချို့ကိုတွေ့ရပါတယ် ။ ဝတ္တုဖတ်သူ ၊ စာဖတ်သူအခြင်းခြင်း ဝတ္ထုအကြောင်းပြောသလိုမျိုး ပြောရရင်

Friday, 22 July 2011

သိပ္ပံ ဝတ္ထု Flashforward


FlashForward by Robert J Sawyer

FlashForward သိပ္ပံ ဇာတ်လမ်း စီးရီး ကို တီဗီမှာ နည်းနည်းကြည့်လိုက်ရတယ် ။ ပထမဦးဆုံးအဖွင့် ဇာတ်လမ်းအစ ကိုပြတဲ့နေ့ကကြည့်လိုက်ရတယ် ။ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖြစ်တာရယ် ၊ ရိုက်ပြတဲ့အကွက်တွေကလည်းမိုက်နေတာကြောင့် စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့်မကြည့်ဖြစ်ပါဘူး ။ ဘာဆက်ဖြစ်မလဲသိချင်လို့ မူရင်းစာအုပ်ကို လှန်လောကြည့်မိတယ် ။

ဝေဖန်ရေးဆရာရေးတာကတော့ တီဗီဇာတ်လမ်းဟာ မူရင်း ဇာတ်လမ်းကနေ တော်တော်ခွဲထွက်နေတယ် ။ အဓိကဇာတ်ကောင် တွေက လော့စ်အင်ဂျီလစ် FBI ကဆရာသမားတွေဖြစ်နေတယ် ။ မူရင်းမှာက အဓိက ဇာတ်ကောင်တွေဟာ ဆွစ်ဇလန် နိုင်ငံက သိပ္ပံပညာရှင်တွေဖြစ်နေတယ် ။ တကမ္ဘာလုံးကလူတွေ ခေတ္တ ခဏ( နှစ်မိနစ် ၊ ၁၇ စက္ကန့်) ရုတ်တရက်မေ့လဲပြီး ၊ ရှေ့ဖြစ်မှာကိုကြိုမြင်တာက မူရင်း ဝတ္ထုနဲ့တူပေမယ့် ဘာကြောင့် အဲသလိုဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကျတော့ တီဗီဇာတ်လမ်းတွဲနဲ့ ဝတ္ထုကွဲလွဲနေတယ်ဆိုတယ် ။ မူရင်းဝတ္ထုမှာ သချာင်္ ၊ ရူပဗေဒ ဆိုင်ရာ အကြောင်းတွေ ၊ စဉ်းစားစရာ ကိစ္စတွေပါတယ် (ဥပမာ-- ကိုယ့်ကို အသက်အန္တရယ် ဖြစ်စေ၊ သေလောက်တဲ့ အန္တရယ်ဖြစ်နိုင်တဲ့ ကိစ္စကို ရင်ဆိုင်ပြီး ကိုယ့်အနာဂတ်ကို သိဖို့ကြိုးစားမလား ၊) ။ တီဗီဇာတ်လမ်းတွဲကတော့ အဲမျိုးတွေ လျော့နေတယ် လို့ ဆိုပါတယ် ။

ကျနော်ကတော့ ဇာတ်လမ်းတွဲကို မကြည့်ဖူးဘူး ။ စာအုပ်အဖုံး ဒီဇိုင်းကိစ္စတွေ စိတ်ဝင်စားလို့ သူ့စာအုပ်အဖုံးကိုသေချာတော့ကြည့်မိတယ် ။ မျက်စိထဲချက်ခြင်းဆွဲသွားစေတယ်လို့ခံစားရပါတယ် ။ သိပ္ပံဝတ္ထုရေးဆရာတွေရဲ့ ဖန်တီးမူကတော့ လက်ဖျားခါလောက်ပါတယ် ။ မူရင်းစာရေးဆရာရဲ့ အင်တာနက် web page ကိုလည်းသွားကြည့်နိုင်ပါတယ် ။

ရည်ညွန်း ၊ ကိုးကား  (1) 
http://en.wikipedia.org/wiki/FlashForward

Saturday, 16 July 2011

ရန်ကုန် ( စာအုပ်များ )


“ ဆရာကြီး မင်းသိင်္ခ နှင့် ဒေါက်တာဒဂုန် ၊ ဆရာဒဂုန် နှင့် ဒေါက်တာ မင်းသိင်္ခ ” ဇင်ယော်နီ ဇာတ်ကြောင်းပြန်သည် ဆိုတဲ့ စာအုပ်ကို ဝယ်လာတယ် ။ ၂၀၀၀ ကျပ်ပေးရပါတယ် ။ ဆရာ ဒဂုန် က ဆရာကြီး မင်းသိင်္ခ ကို မေးခွန်းမေးပြီး ၊ ပြန်ဖြေတဲ့ အဖြေတွေကို ဆရာ ဇင်ယော်နီ ကပြန်လည်ရေးသားဖော်ပြတဲ့ စာအုပ်ဖြစ်ပါတယ် ။

အဘ မင်းသိင်္ခ အလွန်လေးစားအားကျသော ဆန်းဆရာကြီး ဦးထွန်းမြတ် ၊ သုံးတန်ပေါ်နိစ် ၊ နဲ့ ဆရာကြီး မင်းသိင်္ခ ရေးထိုးခဲ့သော သုံးတန်ပေါ်နိစ်ကျောက်စာ ၊ ကန်တော့ပွဲထိုးပုံ ၊ ဂဏန်းဗေဒင် ၊ တဲရော့--စတဲ့ အကြောင်းအရာတွေကိုဖတ်ရတယ် ။ ဓါတ်ပုံတွေတော်တော်များများပါတယ် ။

ဗဂျီအောင်စိုး

ဗဂျီအောင်စိုး ( ဗဂျီအောင်စိုး နှစ် နှစ်ဆယ်ပြည့် အမှတ်တရ ) စာအုပ်ကို ဝယ်လို့ရပါတယ် ။ ၅၅၀၀ ကျပ်ပေးရတယ်ထင်တယ် ။ သူရေးဆွဲခဲ့တဲ့ ပန်းချီ ၊ သူ့ဓါတ်ပုံတွေနဲ့ ကြည့်ရ၊ ဖတ်ရတာကောင်းပါတယ် ။ ပန်းချီအောင်စိုး ဘဝပုံရိပ်များ ( အခန်း ၆) မှာ သူ့ဓါတ်ပုံတော်တော်များများကို ဖော်ပြထားပါတယ် ။
မနောမဟိဒ္ဓိ ဓါတ်ပန်းချီ အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူ့လက်ရာအများစုကို ဦးဆန်နီငြိမ်း ကစုဆောင်းထားပုံရပါတယ် ။

မောင်အောင်ဝင်း အယ်လ်ဘမ်


မောင်အောင်ဝင်း အယ်လ်ဘမ် ဆိုတဲ့စာအုပ်ကို ရန်ကုန်ကအပြန်မှာဝယ်ခဲ့ပါတယ် ။ ဦး စန်းဦး ၊ စိတ်ကူးချိုချို  ကထုတ်ဝေပါတယ် ။ မျက်နှာဖုံး ဒီဇိုင်း (mso) ဖြစ်ပါတယ် ။ ဒဿနိက (အဓိက) ဖြင့် ဝိဇ္ဖာဘွဲ့ရရှိပြီး ၊ ကထိက အဖြစ် ပင်လုံတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း ၂၀၀၉ ခုနစ် ၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားတယ်လို့သိရပါတယ် ။

ကိုရဲလွင် နဲ့ လေးကိုတင် တို့က အမှာစာရေးပေးပါတယ် ။ သူရဲ့ ဝတ္ထုတို ၊ စာပေဆောင်းပါး ၊ အင်တာဗျူး ( ကိုနေဝင်း နှင့် အင်တာဗျူး ) ၊ သူရဲ့ အနုပညာအယူအဆ စတာတွေပါဝင်တာကိုတွေ့ရပါတယ် ။ သူ့ ဓါတ်ပုံ များဒီထက်ပိုပြီး ဖော်ပြနိုင်ရင်ကောင်းမယ်လို့ထင်မိပါတယ် ။ စာအုပ်အဖုံး ဓါတ်ပုံတစ်ပုံပဲတွေ့ရပါတယ် ။

“ ကျွန်တော်ရဲ့ အခန်းကျဉ်း”  ဝတ္ထုတို အဆုံးမှာ “ (မှတ်ချက်) ၂၃-၉-၂၀၀၉ ရက်နေ့တွင် ကွယ်လွန်သွားသော မောင်အောင်ဝင်း ( ကိုနော် ) ၏ ကြွင်းကျန်သော ဝတ္ထုတို ” လို့ရေးထားတဲ့ မှတ်ချက်လေးကို ကျနော်သဘောကျနေပါတယ် ။

ပန်းခရမ်းပြာ သီချင်းကိုရေးသားခဲ့သူတယောက်ရဲ့စာများကို ဖတ်ချင်သူများအတွက် လက်တို့ရုံသက်သက်သာဖြစ်ပါတယ် ။