Saturday 16 July 2011

ရန်ကုန် ( စာအုပ်များ )


“ ဆရာကြီး မင်းသိင်္ခ နှင့် ဒေါက်တာဒဂုန် ၊ ဆရာဒဂုန် နှင့် ဒေါက်တာ မင်းသိင်္ခ ” ဇင်ယော်နီ ဇာတ်ကြောင်းပြန်သည် ဆိုတဲ့ စာအုပ်ကို ဝယ်လာတယ် ။ ၂၀၀၀ ကျပ်ပေးရပါတယ် ။ ဆရာ ဒဂုန် က ဆရာကြီး မင်းသိင်္ခ ကို မေးခွန်းမေးပြီး ၊ ပြန်ဖြေတဲ့ အဖြေတွေကို ဆရာ ဇင်ယော်နီ ကပြန်လည်ရေးသားဖော်ပြတဲ့ စာအုပ်ဖြစ်ပါတယ် ။

အဘ မင်းသိင်္ခ အလွန်လေးစားအားကျသော ဆန်းဆရာကြီး ဦးထွန်းမြတ် ၊ သုံးတန်ပေါ်နိစ် ၊ နဲ့ ဆရာကြီး မင်းသိင်္ခ ရေးထိုးခဲ့သော သုံးတန်ပေါ်နိစ်ကျောက်စာ ၊ ကန်တော့ပွဲထိုးပုံ ၊ ဂဏန်းဗေဒင် ၊ တဲရော့--စတဲ့ အကြောင်းအရာတွေကိုဖတ်ရတယ် ။ ဓါတ်ပုံတွေတော်တော်များများပါတယ် ။

ဗဂျီအောင်စိုး

ဗဂျီအောင်စိုး ( ဗဂျီအောင်စိုး နှစ် နှစ်ဆယ်ပြည့် အမှတ်တရ ) စာအုပ်ကို ဝယ်လို့ရပါတယ် ။ ၅၅၀၀ ကျပ်ပေးရတယ်ထင်တယ် ။ သူရေးဆွဲခဲ့တဲ့ ပန်းချီ ၊ သူ့ဓါတ်ပုံတွေနဲ့ ကြည့်ရ၊ ဖတ်ရတာကောင်းပါတယ် ။ ပန်းချီအောင်စိုး ဘဝပုံရိပ်များ ( အခန်း ၆) မှာ သူ့ဓါတ်ပုံတော်တော်များများကို ဖော်ပြထားပါတယ် ။
မနောမဟိဒ္ဓိ ဓါတ်ပန်းချီ အကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။ သူ့လက်ရာအများစုကို ဦးဆန်နီငြိမ်း ကစုဆောင်းထားပုံရပါတယ် ။

No comments:

Post a Comment