Sunday 24 July 2011

စာအုပ် အကြောင်း ( Haruki Murakami)

drawing (icn2)


Dance Dance Dance စာအုပ်ကို သူငယ်ချင်းတယောက်ဆီကနေဌားဖတ်တယ် ။ သူလည်း အဲသည့်စာရေးဆရာရဲ့စာအုပ်တွေကို ကြိုက်လို့ဝယ်လည်းဖတ်တယ် ။ စာကြည့်တိုက်ကနေလည်း ဌားဖတ်တယ် ။  Haruki Murakmi စာအုပ်တွေကို စင်ကာပူမှာတော်တော်ဖတ်တယ်လို့ ပြောလို့ရမယ်ထင်တယ် ။ ကျနော်သူ့စာအုပ်ကိုဖတ်ပြီးတော့သူရေးတဲ့အကြောင်းအရာတွေထဲက တူတာတချို့ကိုတွေ့ရပါတယ် ။ ဝတ္တုဖတ်သူ ၊ စာဖတ်သူအခြင်းခြင်း ဝတ္ထုအကြောင်းပြောသလိုမျိုး ပြောရရင်



သူ့စာအုပ်သုံးအုပ် (Kafka on the shore, Dance Dance Dance, Norwegian Wood) ထဲမှာ

ဖတ်ဖြစ်တဲ့ဝတ္ထုစာအုပ် သုံးအုပ်မှာ ကလေးဇာတ်ကောင် တစ်ယောက်တော့ အမြဲပါနေတယ် ။ ပုံမှန် ၊ သာမန် နဲ့မတူနဲ့ စရိုက်လက္ခဏာ ၊ အပြုအမူ ၊ အရည်အချင်း ၊ လိင် ကိစ္စဆိုင်ရာ စိတ်ဝင်စားမူ ၊ စတာတွေနဲ့ဇာတ်ကောင်ကိုရေးဖွဲ့ထားပါတယ် ။

ယခုနေထိုင်နေသောလူမူဝန်းကျင်မှ စီးပွားရေး ၊ လူမူရေး ၊ လူနေမူ ဘဝပုံစံ ၊ အသုံးအဆောင်ပစ္စည်း အစားအသောက်စတာတွေကို ရွေးခြယ်မူ၊ နှစ်သက်မူ ၊ နိုင်ငံရေး စတာတွေကို ထည့်ရေးတယ် ။ လက်ဝဲ ၊ လက်ယာ နိုင်ငံရေး ၊ စီးပွားရေး အယူအဆ တွေ ၊ အတွေးအခေါ်ပညာရှင်တွေ ၊ နိုင်ငံရေးသိပ္ပံပညာရှင်တွေရဲ့ အယူအဆတွေကိုလည်း သူ့အမြင်နဲ့ပေါင်းရေးတယ် ။


ကမ္ဘာကျော်သီချင်း ၊ ကမ္ဘာကျော်ဝတ္ထုဆရာ ၊ ကမ္ဘာကျော် ဝတ္ထုဇာတ်ကောင် စတာတွေကို ၊ ထည့်ရေးတယ် ။ သူ့ဇာတ်ကောင်တယောက်ယောက်က အဲသည့်အကြောင်းအရာတွေကိုပြောတယ် ။
လိင်ကိစ္စအကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းရေးသားပါတယ် ။ ဆန့်ကျင်ဘက်လိင်ရော ၊ မျိုးတူလိင် ကိစ္စရော ၊ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး သက်မွေးမူအကြောင်းရော ။ သူ့ဇာတ်ကောင်တွေကို စွဲသွားစေလောက်တဲ့ ဇာတ်ကွက်တွေပါပါတယ် ။


အိပ်မက်လိုလို ၊ စိတ်ထဲစွဲထင်နေသလိုလို ၊ စိတ်ကူးထဲမှာဖြစ်တာလား ၊ တကယ့်လက်တွေ့မှာဖြစ်နေတာလားဆိုတာမျိုး သိပ်ခွဲလို့မရတဲ့ ဇာတ်အိမ် ၊ ဇာတ်ကွက်မျိုးတွေပါတယ် ။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေပါတယ် ။ 

နောက်တခုက သူ့ ကိုယ်ပိုင် (Official website) က လုပ်ထားတာ မိုက်တယ် ။ နောက်ခံတေးဂီတလည်း ခြောက်ခြားဖွယ်ဖြစ်နေတယ် ။ အောက်ကပုံတွေကတော့ ဝတ္ထုဖတ်ရင်း ရေးခြစ်ထားတဲ့ပုံတွေပါ ။


ရည်ညွန်း Haruki Murakmi





drawing (icn2)







drawing (icn2)





drawing (icn2)





drawing(icn2)

No comments:

Post a Comment