Saturday 23 July 2011

Random Photos ( ဦးလွန်းကြွယ် )



ကျန်ခဲ့တဲ့ သုံး ၊ လေး နှစ် လောက်တုန်းက ပန်းချီဆရာကြီး ဦးလွန်းကြွယ် စင်ကာပူမှာ ပန်းချီပြပွဲလာလုပ်တုန်းက လက်တွေ့ရေးဆွဲပြသနေပုံ ။ ဆရာကြီး ရဲ့ ပန်းချီကားတချို့ရောင်းရတာတွေ့ခဲ့ရပါတယ် ။ ရွှေတိဂုံဘုရားပုံ ဆီဆေး ပန်းချီကားကြီးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ နဲ့ ရောင်းထားပြီးဆိုတဲ့စတစ်ကာလေးလည်းတွေ့ခဲ့ရပါတယ် ။ အခုဒီ ဓါတ်ပုံကို သိမ်းထားတဲ့ ဖိုင်အဟောင်းတွေထဲမှာတွေ့လို့ပြန်တင်လိုက်ပါတယ် ။ ပြပွဲမှာ အလကားဝေတဲ့ စာရွက်ထဲမှာ ပါတဲ့ ရွှေတိဂုံဘုရားပုံတော် ပန်းချီကားကို (pastel) နဲ့ ပြန်ကူးဆွဲထားတဲ့ပုံလည်း ပြန်တွေ့လို့ဒီပိုစ်မှာတပေါင်းတည်း တင်လိုက်ပါတယ် ။



ပန်းချီဆရာကြီး ဦးလွန်းကြွယ်



ပန်းချီဆရာကြီး ဦးလွန်းကြွယ် ရဲ့ ပန်းချီကားကို ပြန်ကူးဆွဲထားသောပုံ (pastel on paper)

No comments:

Post a Comment