Saturday 23 July 2011

Antoine de Saint-Exupery , the Little Prince and Doodles







Antoine de Saint-Exupery ( icn2, watercolor on paper)


The Little prince ကို ရေးတဲ့ စာရေးဆရာကြီး ရဲ့စာရေးစားပွဲခုံကို “ ဖတ်ကိုဖတ်ရမယ့်စာအုပ် --” ဆိုတဲ့ ထဲမှာလား ၊ တခြားစာအုပ်တစ်အုပ်အုပ်ထဲမှာလား ၊ အမှတ်မထင်တွေ့လိုက်ရတယ် ။ သူ့စာကြည့် ၊ စာရေး စားပွဲပေါ်မှာ အရုပ်တွေ ရေးထွင်းထားတယ်လို့မှတ်မိနေတယ် ။ အဲသည့်စားပွဲကို ဘလော့ပေါ်တင်ချင်လို့ အင်တာနက်ပေါ်ရှာကြည့်တာ မတွေ့ရဘူး ။ သူစာရေးနေရင်း တခုခုနဲ့ ( ဓါး ၊ ဒါမှမဟုတ်၊ ထောက်ချွန် ) နဲ့ ထွင်းခဲ့တာထင်တယ် ။ ပြောမယ့်သာပြောရတာ ကျနော်က သူ့စာရေးစားပွဲလို့ထင်နေခဲ့ပြီး တခြားစာရေးဆရာ တယောက်ရဲ့စားပွဲလည်းဖြစ်နိုင်တယ် ။




(မင်းသားလေး စာအုပ်ကို ဆယ်တန်းအောင်ခါစက သူငယ်ချင်းတယောက်ကညွန်းလို့ဖတ်ကြည့်ဖူးတယ် ။ ပထမ တခန်း ၊ နှစ်ခန်းလောက်ပဲ နားလည်တယ်လို့ထင်တယ် ။ ဖတ်ပြီးတော့ စာအုပ်သာပြီးသွားတယ် ။ သူပြောချင်တာတွေကို နားမလည်ဘူး ။ )



photo (icn2)


တခါတလေ အမှတ်မထင် စိတ်ထဲရှိရာတွေ လျောက်ခြစ်တာကနေ ထူးထူးဆန်းဆန်း ပုံ တွေထွက်လာတတ်တယ်လို့လည်းကြားဖူးတယ် ၊ ထောက်ချွန်းနဲ့ စာရေးစားပွဲပေါ်မှာ အရုပ်ရေးတာကို ကိုယ်တိုင်မကြုံဖူးပေမယ့် ၊ ကျနော် အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းကစားပွဲတွေကို ထောက်ချွန်နဲ့ ပေါက်ပြီး ၊ လကမ္ဘာမျက်နှာပြင်ပေါ်က ချိုင့်ခွက်တွေလိုမျိုးဖြစ်အောင် ၊ စားပွဲကို အပေါက်တွေဖောက်တာတွေ့ဖူးတယ် ။ ကိုယ်တိုင်လည်း ဖောက်ခဲ့ဖူးတယ် ။ တယောက်ထဲဖောက်တာထက် စပ်တူဖောက်တယ်ဆိုပိုမှန်မယ် ။ ဘေးနားက သူငယ်ချင်း နဲ့ တလှည့်ဆီ ထောက်ချွန်းနဲ့စားပွဲခုံကိုပေါက်တယ် ။ ဆွတယ် ။ ဖယ်ထုတ်တယ် ။ အခုချိန်ခေါင်းထဲပြန်စဉ်းစားကြည့်တော့ တော်တော်ကို ဖျက်လိုဖျက်ဆီးနိုင်တာပဲ ။ အဲသည့်တုန်းကတော့ဘာမှရည်ရွယ်ချက်မရှိခဲ့ဘူး ။ ဘာလို့ အဲသလိုလုပ်မှန်းလဲ မသိဘူး ။

ဘာရည်ရွယ်ချက်မှမရှိဘဲ စိတ်ထဲထင်တာတွေ လျောက်ခြစ်တဲ့ပုံတွေထဲက နာမည်ကြီး ပုဂ္ဂိုလ်တွေ၊ သမ္မတကြီးတွေ ၊ ဆရာသမားတွေရဲ့ လက်ရာကို အင်တာနက်မှာ ရှာကြည့်လိုက်တော့ ။



အမေရိကန် သမ္မတကြီး ကနေဒီ ၊ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးခွင်းလက်နက်ကိစ္စ ခေါင်းမီးတောက်နေချိန်မှာရေးထားတဲ့ အရာလို့ပြောတယ် ။



National Doodle day ဆိုတဲ့ဆိုဒ်ကိုလည်းတွေ့ရတယ် ။ ဘာပဲဖြစ်ဖြစ် သူ့အလိုအလျောက် ပေါ့ပေါ့ပါးပါးနဲ့ ရေးခြစ်ဖြစ်တာလေးတွေက စိတ်ဝင်စားဖို့ကောင်းပါတယ် ။

No comments:

Post a Comment