Friday 22 July 2011

သိပ္ပံ ဝတ္ထု Flashforward


FlashForward by Robert J Sawyer

FlashForward သိပ္ပံ ဇာတ်လမ်း စီးရီး ကို တီဗီမှာ နည်းနည်းကြည့်လိုက်ရတယ် ။ ပထမဦးဆုံးအဖွင့် ဇာတ်လမ်းအစ ကိုပြတဲ့နေ့ကကြည့်လိုက်ရတယ် ။ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖြစ်တာရယ် ၊ ရိုက်ပြတဲ့အကွက်တွေကလည်းမိုက်နေတာကြောင့် စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့်မကြည့်ဖြစ်ပါဘူး ။ ဘာဆက်ဖြစ်မလဲသိချင်လို့ မူရင်းစာအုပ်ကို လှန်လောကြည့်မိတယ် ။

ဝေဖန်ရေးဆရာရေးတာကတော့ တီဗီဇာတ်လမ်းဟာ မူရင်း ဇာတ်လမ်းကနေ တော်တော်ခွဲထွက်နေတယ် ။ အဓိကဇာတ်ကောင် တွေက လော့စ်အင်ဂျီလစ် FBI ကဆရာသမားတွေဖြစ်နေတယ် ။ မူရင်းမှာက အဓိက ဇာတ်ကောင်တွေဟာ ဆွစ်ဇလန် နိုင်ငံက သိပ္ပံပညာရှင်တွေဖြစ်နေတယ် ။ တကမ္ဘာလုံးကလူတွေ ခေတ္တ ခဏ( နှစ်မိနစ် ၊ ၁၇ စက္ကန့်) ရုတ်တရက်မေ့လဲပြီး ၊ ရှေ့ဖြစ်မှာကိုကြိုမြင်တာက မူရင်း ဝတ္ထုနဲ့တူပေမယ့် ဘာကြောင့် အဲသလိုဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကျတော့ တီဗီဇာတ်လမ်းတွဲနဲ့ ဝတ္ထုကွဲလွဲနေတယ်ဆိုတယ် ။ မူရင်းဝတ္ထုမှာ သချာင်္ ၊ ရူပဗေဒ ဆိုင်ရာ အကြောင်းတွေ ၊ စဉ်းစားစရာ ကိစ္စတွေပါတယ် (ဥပမာ-- ကိုယ့်ကို အသက်အန္တရယ် ဖြစ်စေ၊ သေလောက်တဲ့ အန္တရယ်ဖြစ်နိုင်တဲ့ ကိစ္စကို ရင်ဆိုင်ပြီး ကိုယ့်အနာဂတ်ကို သိဖို့ကြိုးစားမလား ၊) ။ တီဗီဇာတ်လမ်းတွဲကတော့ အဲမျိုးတွေ လျော့နေတယ် လို့ ဆိုပါတယ် ။

ကျနော်ကတော့ ဇာတ်လမ်းတွဲကို မကြည့်ဖူးဘူး ။ စာအုပ်အဖုံး ဒီဇိုင်းကိစ္စတွေ စိတ်ဝင်စားလို့ သူ့စာအုပ်အဖုံးကိုသေချာတော့ကြည့်မိတယ် ။ မျက်စိထဲချက်ခြင်းဆွဲသွားစေတယ်လို့ခံစားရပါတယ် ။ သိပ္ပံဝတ္ထုရေးဆရာတွေရဲ့ ဖန်တီးမူကတော့ လက်ဖျားခါလောက်ပါတယ် ။ မူရင်းစာရေးဆရာရဲ့ အင်တာနက် web page ကိုလည်းသွားကြည့်နိုင်ပါတယ် ။

ရည်ညွန်း ၊ ကိုးကား  (1) 
http://en.wikipedia.org/wiki/FlashForward

No comments:

Post a Comment