Sunday 22 January 2012

ပန်းချီ (ကို)နေမျိုးဆေး ရဲ့၁၉၉၉ ခုနှစ်က ပြပွဲဖိတ်စာ


ပန်းချီဆရာ (ကို) နေမျိုးဆေး ရဲ့ ပန်းချီကားကို ပထမဆုံးတွေ့ဖူးတာ ရန်ကုန်ဗြိတိသျှသံရုံး စာကြည့်တိုက်က စာဖတ်ခန်းနေရာမှာဖြစ်ပါတယ် ။ William Turner ရဲ့  ပုံလို့မှတ်မိနေပါတယ် ။ ဒုတိယတကြိမ် သူ့ပန်းချီကားတွေကို တစုတဝေးတည်း  အများဆုံးတွေ့ဖူးတာက ပန်းဆိုးတန်းလမ်းက လောကနတ်ပန်းချီပြခန်းဖြစ်ပါတယ် ။ အဲသည့်မှာ သူပြပွဲလုပ်နေတာပါ ။

ကျနော်က သူငယ်ချင်းတယောက်နဲ့ အဲသည့်ဘက်ကိုရောက်တဲ့ အချိန် သူ့ပြပွဲကိုတွေ့တော့ လောကနတ်ပြခန်းပေါ်တက်ကြည့်ကြတာပါ ။ ( အဲဒီ တိုက်ကလှေကားက သံ နဲ့လုပ်ထားတဲ့လှေကားလို့ထင်တယ် ။ ) အဲဒီပြပွဲမှာ ဝေတဲ့ ပြပွဲဖိတ်စာ ကို ကျနော်တို့နစ်ယောက်ယူခဲ့တာပါ ။ ကျနော့်ဝါသနာထဲကတစ်ခုကတော့ အဲဒီလိုမျိုးဖိတ်စာ ၊ လက်မှတ် ၊ လက်မှတ်ထိုးထားတဲ့ အနုပညာပစ္စည်း  ၊ ပန်းချီကား ၊ ပန်းပု စတာတွေကိုစုဆောင်းတာပါ ။ ( ပန်းချီကားကောင်းကောင်းကတော့ မဝယ်နိုင်သေးပါး) ။ အတွင်း နဲ့ နောက်ကျောဘက် ပုံကိုပါတင်ထားပါတယ် ။ အလယ်လို့မှတ်မိနေတဲ့ (ခန့်မှန်းခြေ ၃ပေ ၊ ၂ပေ အရွယ်အစားရှိတဲ့ အဲဒီပြပွဲမှာပြမယ့်  ပန်းချီကားတွေကို ကြမ်းပြင်ပေါ်စီထားပြီး ၊ ပန်းချီကားတစ်ခုနဲ့ တစ်ခုကြားက ကျဉ်းမြောင်းတဲက နေရာလွတ်လေးပေါ်ကနေ (ခက်ခက်ခဲခဲ လေးဘက်ထောက်လုနီးပါး) လမ်းလျောက်နေတဲကပုံကတော့ ကျနော့်ဆီမှာမရှိတော့ပါ ။)


Wednesday 11 January 2012

ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း) - ၃


ငါးဖယ်ချောင်းကျောင်းမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို ဆက်တင်လိုက်ပါတယ် ။ ကျနော်တို့ရောက်သွားတဲ့ အချိန်မှာတွေ့ခဲ့ရတဲ့ နိုင်ငံခြားသားဧည့်သည်တွေက သူတို့ ဧည့်လမ်းညွန်နဲ့ သူတို့လာတယ် ။ အဲဒီဧည့်လမ်းညွန်ကပဲ သူ့တို့ဘာသာစကားနဲ့ ရှင်းပြတယ် ။ သူမသိတာရှိမှ သူတို့နဲ့အတူပါလာတဲ့ မြန်မာနိုင်ငံသားဧည့်လမ်းညွန်ကို လှမ်းမေးပါတယ် ၊

Sunday 8 January 2012

drawing (Medium Wave Band)

pen and watercolor on paper, icn2
ref: 1

နှင်းဝေဝေ

ပန်းချီဆရာကြီး (ဦး) ခင်မောင်ရင် နဲ့ This is Khin Maung Yin  စာအုပ်အကြောင်း ကိုပိုစ့်တခုမှာ ကျနော်နည်းနည်းရေးခဲ့ပါတယ် ။ မ နှင်းနှင်း က ဦးခင်မောင်ရင် ရဲ့ နှင်းဝေဝေ ပန်းချီကား ဓါတ်ပုံ အဲသည့်စာအုပ်ထဲမှာ ပါခဲ့ရင် ဓါတ်ပုံလိုချင်ပါတယ်လို့ ကျနော့်ကိုပြောပါတယ် ။
ကျနော် နှင်းဝေဝေ ကားကိုသူပြောမှ ကြားဖူးတာပါ ။ ဒါနဲ့ စာအုပ်ထဲပါမပါ ရှာကြည့်တော့ မတွေ့ဘူး ၊ တယောက်ယောက်ဆီမှာ နှင်းဝေဝေ ပန်းချီကားဓါတ်ပုံ ရှိရင်ကျနော်လည်းကြည့်ချင်ပါတယ် ။

ဦးခင်မောင်ရင်  ရဲ့ နှင်း နဲ့ပတ်သက်လို့ စာရေးဆရာကြီး မောင်မိုးသူ က စိတ်ကူးချိုချိုစာအုပ်တိုက်ကထုတ်တဲ့  ခင်မောင်ရင် စာအုပ်  စာမျက်နှာ ၂၄ မှာအခုလိုရေးထားပါတယ် ။

“ ခင်မောင်ရင် အဲဒီလိုမျိုး “ နှမလက်လျှော့ နေလေတော့ ” ဇာတ်ကားအဖွင့် ကမာရွတ် ၊ လှည်းတန်းထိပ် တက္ကသိုလ် ရိပ်သာလမ်းပေါ်က ပဲပြုတ်သည် အမျိုးသမီးကြီးတစ်ဦး ပဲပြုတ်တောင်းကိုရွက်ပြီး နှင်းတောထဲကိုလျောက်လာတာကို အဝေးပြရိုက်ချက်နဲ့ ရိုက်တယ် ။ နှင်းတောထဲမှာ မူန်ဝါးဝါး ပဲပြုတ်သည် တစ်ဦးလျှောက်လာတာကို အရှည်ကြီး အကြာကြီး ရိုက်ပြတယ် ။ ခင်မောင်ရင်ရဲ့ ပန်းချီ စိတ်ကူးပဲဖြစ်ပါတယ် ။ ခင်မောင်ရင်ဟာ အဲဒီ ပဲပြုတ်သည် ပန်းချီကားပေါင်းများစွာရေးပြီး အောင်မြင်စွာ ရောင်းစားဖူးပါတယ် ။ ဒါပေမဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာကျတော့ လှတော့လှပါရဲ့ ။ ပရိသတ်က စိတ်မရှည်ဘူး ။”


ဦးခင်မောင်ရင် အကြောင်းမှတ်တမ်းရုပ်ရှင်တိုလေး ရိုက်ကူးထားတဲ့အကြောင်းကြားသိရပါတယ် ။ ကျနော်လည်း အဲဒီမှတ်တမ်းရုပ်ရှင်တိုလေးကို ကြည့်ချင်ပါတယ် ။ “ နှမလက်လျှော့ နေလေတော့” ရုပ်ရှင်ကားကိုရော ဖြစ်နိုင်ရင်ကြည့်ဖူးချင်တယ် ။

Saturday 7 January 2012

သည်းထိတ်ရင်ဖိုဝတ္ထု

စာအုပ်ရေ သန်း ၃၀ ကျော်လောက်ရောင်းခဲ့ရတဲ့ နာမည်ကျော် ( The Girl with the Dragon Tattoo) စာအုပ်ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Niels Arden Oplev  ကရိုက်ကူးခဲ့ပါတယ် ။ မင်းသား  Michael Nyqvist မင်းသမီး Noomi Rapace တို့ကသရုပ်ဆောင်ပါတယ် ။  ရုပ်ရှင်အဖြစ်လည်း အုန်းအုန်းထ အောင်မြင်တယ်လို့ သိရပါတယ် ။ ပထမအကြိမ် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကြော်ငြာ ။ ရုပ်ရှင်စာတန်းထိုး မှာ ရေထဲကို မင် အမည်းရောင်တွေကျလာတာကိုရိုက်ပြထားပါတယ် ။ အဲသလို ရိုက်ချက်ကို နိုင်ငံတကာက ကဗျာဆရာတယောက်ရဲ့ စာအုပ်အဖုံးမှာလည်း တွေ့ရပါတယ် ။






Monday 2 January 2012

ဟိုဟိုဒီဒီများ



အပေါ်ကပုံကို ဆွဲဖြစ်တာကတော့ ။။ မြန်မာဓါတ်ပုံဆရာတွေရဲ့ ဓါတ်ပုံတွေကို အင်တာနက်ပေါ်မှာရှာရင်း နာဂ တိုင်းရင်းသားတွေပုံ ကိုတွေ့ပါတယ် ။ အဲသည်ကနေ ဆက်ကြည့်ရင်း အာဖရိကတိုက်က တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့ ဓါတ်ပုံတွေကိုတွေ့ပါတယ် ။ မျက်နှာပေါ်မှာရေးခြယ်ထားတဲ့ ဆေးတွေက ကျနော်ကိုဖမ်းစားပါတယ် ။ အဲသည့်လိုကြည့်ရတဲ့ ဓါတ်ပုံတွေကိုအခြေခံပြီး ဒီပုံလေးကို ရေးဖြစ်ပါတယ် ။ ပြီးတော့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး နည်းနည်းပါးပါး လိုတိုးပိုလျော့လုပ်ပါတယ် ။ watercolr and pen on paper


reference: National Geographic New Year's around the world

Sunday 1 January 2012

drawing ( အင်းလေးကန်--)

pen on paper

ဒီဇင်ဘာ ၃၁ ရက် နဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာဆွဲဖြစ်သော ပုံ၃ပုံ ။

ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း ) -၂



ဧည့်သည်တွေရောက်လာရင် ဆရာတော်ကြီးက ဂလိုင်ခေါက်ပြီး ကြောင်လေးတွေကိုခေါ်ပါတယ် ။ အဲသည့်ကြောင်လေးတွေပုံကို ဒီဇင်ဘာ ၃၁ ရက်နေ့ကဆွဲဖြစ်ပါတယ် ။ ရေဆေး ၊ ဆီဆေး တို့ကိုသုံးပြီး ဆွဲထားတဲ့ပုံပေါ်ဆေးခြယ်ပါတယ် ။ စုစုပေါင်း နှစ်ပုံရပါတယ် ။