Sunday 8 January 2012

နှင်းဝေဝေ

ပန်းချီဆရာကြီး (ဦး) ခင်မောင်ရင် နဲ့ This is Khin Maung Yin  စာအုပ်အကြောင်း ကိုပိုစ့်တခုမှာ ကျနော်နည်းနည်းရေးခဲ့ပါတယ် ။ မ နှင်းနှင်း က ဦးခင်မောင်ရင် ရဲ့ နှင်းဝေဝေ ပန်းချီကား ဓါတ်ပုံ အဲသည့်စာအုပ်ထဲမှာ ပါခဲ့ရင် ဓါတ်ပုံလိုချင်ပါတယ်လို့ ကျနော့်ကိုပြောပါတယ် ။
ကျနော် နှင်းဝေဝေ ကားကိုသူပြောမှ ကြားဖူးတာပါ ။ ဒါနဲ့ စာအုပ်ထဲပါမပါ ရှာကြည့်တော့ မတွေ့ဘူး ၊ တယောက်ယောက်ဆီမှာ နှင်းဝေဝေ ပန်းချီကားဓါတ်ပုံ ရှိရင်ကျနော်လည်းကြည့်ချင်ပါတယ် ။

ဦးခင်မောင်ရင်  ရဲ့ နှင်း နဲ့ပတ်သက်လို့ စာရေးဆရာကြီး မောင်မိုးသူ က စိတ်ကူးချိုချိုစာအုပ်တိုက်ကထုတ်တဲ့  ခင်မောင်ရင် စာအုပ်  စာမျက်နှာ ၂၄ မှာအခုလိုရေးထားပါတယ် ။

“ ခင်မောင်ရင် အဲဒီလိုမျိုး “ နှမလက်လျှော့ နေလေတော့ ” ဇာတ်ကားအဖွင့် ကမာရွတ် ၊ လှည်းတန်းထိပ် တက္ကသိုလ် ရိပ်သာလမ်းပေါ်က ပဲပြုတ်သည် အမျိုးသမီးကြီးတစ်ဦး ပဲပြုတ်တောင်းကိုရွက်ပြီး နှင်းတောထဲကိုလျောက်လာတာကို အဝေးပြရိုက်ချက်နဲ့ ရိုက်တယ် ။ နှင်းတောထဲမှာ မူန်ဝါးဝါး ပဲပြုတ်သည် တစ်ဦးလျှောက်လာတာကို အရှည်ကြီး အကြာကြီး ရိုက်ပြတယ် ။ ခင်မောင်ရင်ရဲ့ ပန်းချီ စိတ်ကူးပဲဖြစ်ပါတယ် ။ ခင်မောင်ရင်ဟာ အဲဒီ ပဲပြုတ်သည် ပန်းချီကားပေါင်းများစွာရေးပြီး အောင်မြင်စွာ ရောင်းစားဖူးပါတယ် ။ ဒါပေမဲ့ရုပ်ရှင်ပိတ်ကားပေါ်မှာကျတော့ လှတော့လှပါရဲ့ ။ ပရိသတ်က စိတ်မရှည်ဘူး ။”


ဦးခင်မောင်ရင် အကြောင်းမှတ်တမ်းရုပ်ရှင်တိုလေး ရိုက်ကူးထားတဲ့အကြောင်းကြားသိရပါတယ် ။ ကျနော်လည်း အဲဒီမှတ်တမ်းရုပ်ရှင်တိုလေးကို ကြည့်ချင်ပါတယ် ။ “ နှမလက်လျှော့ နေလေတော့” ရုပ်ရှင်ကားကိုရော ဖြစ်နိုင်ရင်ကြည့်ဖူးချင်တယ် ။

No comments:

Post a Comment