Showing posts with label တောင်ကြီး (Taunggyi). Show all posts
Showing posts with label တောင်ကြီး (Taunggyi). Show all posts
Friday, 16 December 2011
Monday, 28 November 2011
တိမ်တွေနဲ့ နီးနေတဲ့မြို့ (သို့) တောင်ကြီး
တောင်ကြီးဈေး ကိုရောက်တော့ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ် ။ ကျနော်လည်း ထင်ရာမြင်ရာတွေလျှောက်ရိုက်ပါတယ် ။ အခု ဘလော့ပေါ်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေတင်မယ်လုပ်ရင်း ဓါတ်ပုံတွေပြန်ကြည့်တော့ တိမ်တွေကို မျက်စိကရောက်ရောက်သွားတယ် ။ ကျနော့်မျက်စိထဲတော့ တိမ်တွေလှတယ်ဗျာ ။ အမှတ်တရရိုက်ခဲ့တဲ့ပုံတွေထဲက တချို့ကိုတင်လိုက်ပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဗိုက်ကဆာလာတာကိုမှတ်မိနေတယ် ။ အေးသာယာမှာ အမြည်းလွန်သွားတာတော့မဟုတ်လောက် :)
Sunday, 27 November 2011
ဟဲဟိုး - တောင်ကြီး လမ်းမပေါ်
ထီးလုပ်တဲ့ ဆိုင်ကနေထွက်လာပြီး တောင်ကြီး မြို့ ကို သွားပါတယ် ။ လမ်းမှာ နိုင်ငံခြားသားဧည့်သည်တော်တော်များများ စက်ဘီးတွေနင်းပြီး တောင်ကြီး ဘက်သွားနေတာကိုတွေ့ရပါတယ် ။ လိုက်ပို့ပေးတဲ့ အကိုပြောပြတာကတော့ စက်ဘီးတွေနဲ့ တောင်ကြီးမြို့ ပတ်ဝန်းကျင်က မြို့တွေ ၊ နေရာတွေကို သွားလည်ကြတယ် ။ အဲသည့်အတွက် ဝန်ဆောင်မူပေးတဲ့ အေဂျင်ဆီတွေ ၊ တိုးဂိုက် ( ဧည့်လမ်းညွန်) တွေ ၊ တောင်ကြီးမြို့ပေါ်မှာရှိတယ်လို့ ဆိုပါတယ် ။
နိုင်ငံခြားသားဧည့်သည်တွေက အဲသလို သွားရတာကို ပိုနှစ်သက်တယ်လို့လည်း သူကပြောပါတယ် ။ အန္တရယ် ၊ လုံခြုံမူလည်း ရှိပါတယ် ။ ဒါပေမယ့် တလောက ဖြစ်သွားတဲ့ ဆိုင်ကယ်ကယ်ရီ သမားနဲ့ ဂျပန်ဧည့်သည်အမျိုးသမီး မူခင်းအကြောင်းကိုလည်း သူတို့ကြားသိရပေမယ့် အခုထက်ထိ ဒီဒေသမှာ အဲသလို အမူအခင်းမျိုးမရှိသလောက်ရှားလွန်းပါတယ်လို့ သူကကျနော့်ကိုရှင်းပြပါတယ် ။
စက်ဘီးပေါ်က လွတ်လပ်ပျော်ရွင်နေတဲ့ ပုံရိပ်တွေကိုဓါတ်ပုံရိုက်ရင်း ပျော်ရွင်မူကို ရှာဖွေပုံခြင်း ၊ ရှာဖွေတဲ့ နယ်ပယ်ခြင်းမတူကြပုံ အကြောင်း ခေါင်းထဲရောက်လာပါတယ်။ တောင်ကြီး မရောက်ခင် အေးသာယာ ဝိုင်ချက်စက်ရုံ ကို ဝင်ဖို့သူကအကြံပြုပါတယ် ။ နာမည်ကျော် အေးသာယာ ဝိုင်တွေလုပ်တဲ့ နေရာဆီ မရောက်ခင် ရိုက်ထားခဲ့တဲ့ ပုံတချို့ကို တင်လိုက်ပါတယ် ။
Subscribe to:
Posts (Atom)