Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)
အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။