Sunday 11 September 2011

ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )

Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing  ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)

အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။ 
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။





၂။ ကဗျာ ဘဝ ရှာတော်ပုံ

ကျနော်နဲ့ခင်တဲ့ ကဗျာဆရာ တစ်ယောက်ကို မြန်မာကဗျာများမှာတွေ့ရတဲ့ (LP) ကဗျာအရေးအသားများ၊ ဆရာ ဇေယျာလင်း ရေးသားတဲ့ ကဗျာဆိုင်ရာဆောင်းပါးများ နဲ့ပတ်သက်တဲ့ အမြင်ကို သိချင်လို့ မေးမြန်းဖူးပါတယ် ။ သူက မေးခွန်းမေးသူကို အားနာလို့လားမသိ ၊ မယုတ်မလွန် ၊ ဘယ်သူကိုမှ မထိခိုက်အောင်ဖြေပါတယ် ။ သူဖြေတဲ့အဖြေတွေထဲက  ပညာရပ်ဆိုင်ရာနဲ့ တော်တော်ပတ်သက်တယ် ဆိုတာကို ကျနော်လည်း ထောက်ခံပါတယ် ။ 

နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာ ဇေယျာလင်း ရဲ့ “ ကဗျာဘဝရှာတော်ပုံ ” စာအုပ်ကို ကျနော် အဆင်ပြေသလို ခဏခဏပြန်ဖတ်နေမိပါတယ် ။ အဲသည့်စာအုပ်ထဲမှာ ပညာရပ်ဆိုင်ရာဆွေးနွေးမူတွေတော်တော်ပါတာကိုတွေ့ရပါတယ် ။ ( တော်တော်ပါတယ်ဆိုတာ ကျနော် သတ်မှတ်တဲ့ “တော်တော်”ဖြစ်ပါတယ် ။) ကျနော်က အဲသည့်ဘာသာရပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူမဟုတ်ပါဘူး ။ အဲသည့်စာအုပ်ထဲက ဆရာ ဇေယျာလင်း ပြောဆိုဆွေးနွေးတာတွေကို တခြားစာအုပ်တွေ နည်းနည်းပါးပါးဖတ်ပြီးမှ သူတို့ဘာကိုဆွေးနွေးတယ်ဆိုတာ သိနိုင်မယ်လို့ထင်ပါတယ် ။

No comments:

Post a Comment