Showing posts with label Kalaw. Show all posts
Showing posts with label Kalaw. Show all posts

Thursday, 24 October 2013

ကလောမြို့က လှပတဲ့အိမ်ကလေးများ



ကလောမြို့က လှပတဲ့အိမ်ကလေးများ

ကျနော်တည်းခဲ့တဲ့နေရာမဟုတ်ပါဘူး ။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦ ( မူရင်းအဆောက်အဦး ) ကို ပုံစံတူထပ်ဆောက်ထားတယ်လို့ပြောတဲ့ ဒုတိယအဆောက်အဦ နဲ့ စုစုပေါင်း ရှေးခေတ်လက်ရာ အဆောက်အဦး ၂ခုကိုတွေ့ရပါတယ် ။

လိုက်ပြတဲ့သူရဲ့ ပြောစကားပေါ်အခြေခံပြီးရေးတဲ့အတွက် အချက်အလက်မှားနိုင်ပါတယ် ။ သာယာလှပတာကတော့ မလွဲနိုင်ပါဘူး  သူတို့အင်တာနက် ဝက်ဆိုဒ်ရှိပါတယ် ။  Amara Mountain Resort မှာ တည်းချင်သူများသွားတည်းနိုင်အောင် ပုံတချို့တင်လိုက်ပါတယ် ။ ( ကြော်ငြာခရလို့ ရေးတာမဟုတ်ပါး) )



Wednesday, 23 October 2013

မြင်းမထီ သဘာဝလိုဏ်ဂူတော်ကြီး


မြင်းမထီ သဘာဝလိုဏ်ဂူတော်ကြီး ထဲမှာ ရိုက်ခဲ့တဲ့ ဗီဒီယို အတိုလေးကို ရှယ်လိုက်ပါတယ် ။ အမှတ်တရ ရိုက်ထားတာဖြစ်လို့ ကင်မရာမငြိမ်ဘဲ တုန်နေရင် ခွင့်လွတ်ပါ ။ မြင်းမထီလိုဏ်ဂူက တဘက်က ဝင်သွားရင် တဘက်ကနေပြန်ထွက်လို့ရပါတယ် ။ လိုဏ်ဂူကအထွက်မှာပုံကြမ်းလေးတပုံဆွဲခဲ့တယ် ။

တောင်ကုန်းလေးပေါ်မှ ကလောမြို့မြင်ကွင်း


တောင်ကုန်းလေးပေါ်မှ ကလောမြို့မြင်ကွင်း

ကလော မနက်ခင်း

 
 
 


ရောက်တဲ့မနက်မှာ ဒေသခံ တယောက်လမ်းညွန်မူကြောင့် ရှမ်းခေါက်ဆွဲ ကောင်းကောင်းရတဲ့ နာမည်ကျော် ပြည့်ပြည် ဆိုင်ကို ရောက်သွားပါတယ် ။ ခေါက်ဆွဲမစားခင် ပုံတပုံ ဆွဲဖြစ်ပါတယ် ။


 

ကလော

ရန်ကုန်ကားကြီးဂိတ်ကနေ အဝေးပြေးကားစီးပြီး ကလောကို ညဘက်သွားဖြစ်တယ် ။ ကားဆရာက အေးအေးဆေးဆေးပဲ ။ ပုံမှန်မောင်းသွားတာ အိပ်နေရာက လန့်နိုးလာတော့ တောင်ပေါ်တက်တဲ့လမ်းပေါ်မှာ ရောက်နေတယ် ။ ပတ်ဝန်းကျင်ကလည်း မြူတွေ ၊ တောင်ခိုးတွေ ဝိုင်းနေတယ် ။ မနက် ၆ နာရီမထိုးသေးဘူး ။ ကလော မရောက်ခင် ရေယား ကိုမရောက်သေးဘူး ။ အဲဒါနဲ့ပဲ ကင်မရာထုတ်ပြီး ဓါတ်ပုံနဲ့ ဗီဒီယို အတိုလေး ရိုက်ဖြစ်သွားတယ် ။




ရေယား မှ ဝင်းထိပ်တန်း ထမင်းဆိုင်

ရေယား မှ ဝင်းထိပ်တန်း ထမင်းဆိုင်

ကလော မရောက်ခင် ရေယား မှာ ဒေသအတွင်း နာမည်ကြီးတဲ့ ထမင်းဆိုင်တဆိုင် အကြောင်းညွန်းချင်ပါတယ် ။ အဝေးပြေးလမ်းမကြီး ဘေးမှာရှိတဲ့ ဆိုင်ကလေးကို ကလောမြို့ထဲ့က မြို့ခံ ဒေသခံ တချို့က တကူးကတ လာစားကြပါတယ် ။  မန္တလေးမှ ကလောကို အလည်လာသူများလည်း ခရီးတထောက်နားပြီး ကလောမရောက်ခင် ဝင်စားကြပါတယ် ။ ကလောက နေ နာရီဝက်လောက် ရေယားကို ရောက်ဖို့ မောင်းရပါတယ် ။ ကျနော်တို့ရောက်သွားချိန်က ည အချိန်ဖြစ်ပါတယ် ။

များများစားစား ယိုးဒယားစတိုင် ၊ တရုတ်စတိုင်လ် ၊ မြန်မာစတိုင်း ဟင်းလျာများရွေးစရာမရှိပါ ။ အဲဒီတော့ စိတ်မများဘူးပေါ့ ။ ရနိုင်တဲ့ဟင်းလျာများကတော့

ကြက် ကာလသားချက်
ရေမုန့်ညင်းချက် ၊ ရေမူန်ညင်း သုတ်
ဆတ်သားခြောက်ကြော်
( ပါးစပ်ဖျားတင် နာမည်မေ့နေတဲ့ အမူန့်ဖြစ်အောင်ထောင်းထားတဲ့ အမူန့်) ရှင်းသွားတာပဲ ။ သတိရရင် ပြန် ပြိး အပ်ဒိတ်လုပ်ပါမယ် ။ လောလောဆယ်တော့ တေးမှတ်ထားလိုက်ပါတယ် ။

ပုံအောက်ခြေတင် စာမှန်အောင်ထိုးပါ ။