Wednesday 23 October 2013

ကလော

ရန်ကုန်ကားကြီးဂိတ်ကနေ အဝေးပြေးကားစီးပြီး ကလောကို ညဘက်သွားဖြစ်တယ် ။ ကားဆရာက အေးအေးဆေးဆေးပဲ ။ ပုံမှန်မောင်းသွားတာ အိပ်နေရာက လန့်နိုးလာတော့ တောင်ပေါ်တက်တဲ့လမ်းပေါ်မှာ ရောက်နေတယ် ။ ပတ်ဝန်းကျင်ကလည်း မြူတွေ ၊ တောင်ခိုးတွေ ဝိုင်းနေတယ် ။ မနက် ၆ နာရီမထိုးသေးဘူး ။ ကလော မရောက်ခင် ရေယား ကိုမရောက်သေးဘူး ။ အဲဒါနဲ့ပဲ ကင်မရာထုတ်ပြီး ဓါတ်ပုံနဲ့ ဗီဒီယို အတိုလေး ရိုက်ဖြစ်သွားတယ် ။
















 ကလောကို မနက် ၇ နာရီကျော်ကျော်လောက်ရောက်သွားပါတယ် ။ အင်တာနက်ပေါ်မှာတွေ့တွေ့နေရတဲ့ နေရာလေးကို ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ် ။



ဒီနေရာဟာ ကလောမြို့ရဲ့ အချက်အချာကျတဲ့ နေရာလို့သိရပါတယ် ။












ခြံစည်းရိုးနိမ့်နိမ့် ကတ္တရာလမ်းကျဉ်းကျဉ်းလေးနဲ့ ကလောမြို့လေးဟာ မိုးမရွာတော့တဲ့အချိန် ဆောင်းဝင်ခါစမှာ ချစ်စရာကောင်းနေတယ် ။ မိုးတွင်းဆိုရင်တော့ မိုးသည်းတဲ့အခါ တမြို့လုံး ငြိမ်ငြိမ်သက်သက်နဲ့ အရောင်းအဝယ်ပါး ပြီး ဆိုင်တွေ စောစောပိတ်ကြ ၊ တချို့လည်း မဖွင့်ကြဘူးလို့သိရတယ် ။ အောက်တိုဘာလထဲရောက်သွားတော့မနက်ခင်း နေရောင်နုနုအောက်မှာ လမ်းတွေက ချစ်စရာကောင်းနေတယ် ။

စက္ကူပန်းတွေလည်း မနက်ခင်းမှာ နေရောင်နဲ့အတူလှနေတယ် ။









အေးအေးငြိမ်းငြိမ်း

No comments:

Post a Comment