Showing posts with label ဟဲဟိုး (Heho). Show all posts
Showing posts with label ဟဲဟိုး (Heho). Show all posts

Sunday, 27 November 2011

ဟဲဟိုး - တောင်ကြီး လမ်းမပေါ်





ထီးလုပ်တဲ့ ဆိုင်ကနေထွက်လာပြီး တောင်ကြီး မြို့ ကို သွားပါတယ် ။ လမ်းမှာ နိုင်ငံခြားသားဧည့်သည်တော်တော်များများ စက်ဘီးတွေနင်းပြီး တောင်ကြီး ဘက်သွားနေတာကိုတွေ့ရပါတယ် ။ လိုက်ပို့ပေးတဲ့ အကိုပြောပြတာကတော့ စက်ဘီးတွေနဲ့ တောင်ကြီးမြို့ ပတ်ဝန်းကျင်က မြို့တွေ ၊ နေရာတွေကို သွားလည်ကြတယ် ။ အဲသည့်အတွက် ဝန်ဆောင်မူပေးတဲ့ အေဂျင်ဆီတွေ ၊ တိုးဂိုက် ( ဧည့်လမ်းညွန်) တွေ ၊ တောင်ကြီးမြို့ပေါ်မှာရှိတယ်လို့ ဆိုပါတယ် ။

နိုင်ငံခြားသားဧည့်သည်တွေက အဲသလို သွားရတာကို ပိုနှစ်သက်တယ်လို့လည်း သူကပြောပါတယ် ။ အန္တရယ် ၊ လုံခြုံမူလည်း ရှိပါတယ် ။ ဒါပေမယ့် တလောက ဖြစ်သွားတဲ့ ဆိုင်ကယ်ကယ်ရီ သမားနဲ့ ဂျပန်ဧည့်သည်အမျိုးသမီး မူခင်းအကြောင်းကိုလည်း သူတို့ကြားသိရပေမယ့် အခုထက်ထိ ဒီဒေသမှာ အဲသလို အမူအခင်းမျိုးမရှိသလောက်ရှားလွန်းပါတယ်လို့ သူကကျနော့်ကိုရှင်းပြပါတယ် ။

စက်ဘီးပေါ်က လွတ်လပ်ပျော်ရွင်နေတဲ့ ပုံရိပ်တွေကိုဓါတ်ပုံရိုက်ရင်း ပျော်ရွင်မူကို ရှာဖွေပုံခြင်း ၊ ရှာဖွေတဲ့ နယ်ပယ်ခြင်းမတူကြပုံ  အကြောင်း ခေါင်းထဲရောက်လာပါတယ်။  တောင်ကြီး မရောက်ခင် အေးသာယာ ဝိုင်ချက်စက်ရုံ ကို ဝင်ဖို့သူကအကြံပြုပါတယ် ။ နာမည်ကျော် အေးသာယာ ဝိုင်တွေလုပ်တဲ့ နေရာဆီ မရောက်ခင် ရိုက်ထားခဲ့တဲ့ ပုံတချို့ကို တင်လိုက်ပါတယ် ။


ဟဲဟိုး-၂ ( ရိုးရာထီး လုပ်ငန်း )



ဟဲဟိုး လေဆိပ်မှာ လေယဉ်ပေါ်က ဆင်းတော့ ပတ်ဝန်းကျင်က အရမ်းမအေးဘူး ၊ နေလဲသာတယ် ၊ နေလို့ကောင်းတယ် ။ ဓါတ်ပုံတွေ အုန်းအုန်းထ ရိုက်ကြတယ် ။ သူများနည်းတူ ဓါတ်ပုံတွေလိုက်ရိုက်လိုက်တယ် ။ လေဆိပ်ထဲမှာ ရှေးဟောင်းစက်ပစ္စည်း ( အသုံးအဆောင်) တွေကို ဆေးသုတ်ပြီး ထားထားတယ် ။ နိုင်ငံခြားသားတွေက အဲသည့်ပစ္စည်းတွေကို ဓါတ်ပုံရိုက်ကြတယ် ။ ကျနော်လည်း ရိုက်ခဲ့တယ် ။ ဘာပစ္စည်းလဲ ၊ ဘာအတွက်သုံးတာလဲဆိုတော့ မသိဘူး ။






ဟဲဟိုးမြို့နဲ့တောင်ကြီးမြို့ကိုဆက်ထားတဲ့ကားလမ်းမကြီးပေါ်က အိမ်လေးတွေ ။

လေဆိပ်ကထွက်တဲ့လမ်းတလျှောက်မှာ လေယဉ်လက်မှတ်ရောင်းတဲ့ အေဂျင်စီတွေကိုတွေ့ရတယ် ။ အရင်ကရောက်ဖူးတဲ့ နောင်ချိုမြို့လိုပဲ ။ လှတယ် ။ ဟဲဟိုးကနေ တောင်ကြီးကို ၁ နာရီလောက်ကားမောင်းရတယ်လို့ လိုက်ပို့ပေးတဲ့အကိုက ပြောပြတယ် ။ လမ်းမှာ ရိုးရာထီးလုပ်ငန်း ဆိုင်လေး ၂ ဆိုင်ရှိတယ်လို့လည်းပြောတယ် ။ ဒါနဲ့ပဲ ဓါတ်ပုံရိုက်ချင် ၊ မြင်ဖူးချင်တာနဲ့ ဝင်လိုက်တယ် ။ ဆိုင်ပိုင်ရှင်က သူကိုယ်တိုင် ထီးတလက်ကို လက်တွေ့လုပ်ပြတယ် ။


Saturday, 26 November 2011

အင်းလေး - ၁ ( ဟဲဟိုး )





ခရီးသွားဖို့ ရတဲ့ အချိန်နည်းတာကြောင့် လေယဉ်နဲ့ပဲ အင်းလေးကို သွားဖို့စီစဉ်ဖြစ်တယ် ။ ရန်ကုန်ကနေ ဟဲဟိုး ကို အရင်သွား ၊ ဟဲဟိုးကနေ တောင်ကြီး ကိုသွား ၊ တောင်ကြီးကနေ ညောင်ရွှေကို ပြန်ဆင်း ၊ ညောင်ရွှေကနေ အင်းထဲကို စက်လှေနဲ့သွားဖို့ ကျနော်တို့ကို စီစဉ်ပေးတယ် ။ လေယဉ်အတွက် ရန်ကုန် အဲဝေးက ဈေးတွေချတယ်လို့ပြောလို့ ဝယ်လိုက်တယ်။  ရန်ကုန် အဲဝေး ကသွားရတာ အဆင်ပြေတယ် ။ လေယဉ်ပေါ်မှာ ကျွေးတဲ့ အစားအသောက်လည်း ကောင်းတယ် ။ ( ကြော်ငြာခတပြားမှ မရထားပါ ။ :) ခရီးသွားလည်းများတယ် ။ နိုင်ငံခြားသားရော ၊ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားတော်တော်များပါတယ် ။ လေယဉ်က ဟဲဟိုးကို ဝင်တော့ ပန်းချီဆရာတွေ ဆွဲတဲ့ ရှမ်းပြည်ရဲ့ တောင်တန်း ၊ စိုက်ခင်း အလှတွေကို တွေ့ရတယ် ။ အစိမ်း ၊ အဝါ ၊ အနီ ၊ အညိုနဲ့ အရောင်စုံလှတယ် ။ လေယဉ်ပြတင်းပေါက်ကနေ ဓါတ်ပုံရိုက်ထားလိုက်တယ် ။