Thursday 31 May 2012

၂၀၁၂- အယုဒယ --၂



 ကျနော်ဟာခရီးသွားတဲ့အခါ ရယ်ချင်သူတယောက်ဖြစ်ပါတယ် ။ ဒါကို ကျနော်တို့ရဲ့ ဘုရားဖူး ဧည့်လမ်းညွန်က သိပုံရပါတယ် ။ ဟာသာတွေကို သူ့ရှင်းပြတဲ့ အကြောင်းအရာတွေထဲမှာထည့်ထည့်ပြောတယ် ။ သူအတွက်လူအများကို  စကားပြောရတာ သိပ်မလွယ်လောက်ပါဘူး ။ ဘုရားဖူး ၊ ခရီးသွား ဧည့်သည် ၃၀ ၊ ၄၀ လောက်ကို ဆရာလုပ်သလို ၊ အမိန့်ပေးသလိုလည်းမဖြစ်အောင် ၊ အချိန်ဇယားအတိုင်း ဘယ်အချိန်ဘယ်နေရာမှာပြန်ဆုံကြမယ်ဆိုတာကို ဟာသ လေးနဲ့ပြောတာကို ကျနော် သိပ်သဘောကျပါတယ် ။ သူပြောသမျှအကုန်လုံးတော့ မမှတ်မိပါဘူး ၊ အယုဒယမြို့ဟောင်းမှာ နာမည်ကျော်ကြားလူသိများတဲ့ ဘုရားစေတီပုထိုးပေါင်း ၃၀ ကျော် ၊ ၄၀ ကျော်ရှိပါတယ် ။ တယောက်က ဘုရားတဆူဖူးချင်တယ် ။ နောက်တယောက်က နောက်ဘုရားတဆူကို ဖူးချင်တယ်ဆိုရင် ၊ သူအနေနဲ့အခက်တွေ့ရပါလိမ့်မယ် ။-----”
ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာတွေကို မမှတ်မိတော့ပါဘူး ။ ရိုက်ဖြစ်ခဲ့တော့ ဓါတ်ပုံတချို့ဖြစ်ပါတယ် ။


၂၀၁၂ အယုဒယ




အယုဒယ မြို့ဟောင်းတွင်းမှာရှိတဲ့ ဘုရား ၊ စေတီ တွေမှာရိုက်ထားတဲ့ဓါတ်ပုံတချို့ဖြစ်ပါတယ်။

2012 -ဘန်ကောက် ညဈေး ဓါတ်ပုံတချို့



၂၀၁၂ - ၄ လပိုင်းမှာဆွဲဖြစ်တဲ့ပုံ ၂ ပုံ



Saturday 5 May 2012

Palau Ubin - 6


Palau Ubin ကနေ ဓါတ်ပုံတပုံရိုက်ပြီး ဖေ့ဘွတ်ပေါ် လက်ကိုင်ဖုံး သုံးပြီး တင်ကြည့်တာ တင်လို့ရတယ် ။ ပိုက်ဆံထုတ်တဲ့ ATM တော့ ( ကျနော်သိသလောက် ) မတွေ့ခဲ့ဘူး ၊ မရှိလောက်ဘူး ။ ဝါးတီးကောင်းကောင်းဖွင့်ခြင်ရင်တော့ ပိုက်ဆံအလုံအလောက်ထည့်သွားရမယ့် သဘောရှိပါတယ် ။


Pulau Ubin- 5




Pulau Ubin - 4




Palau Ubin - 3





ပတ်ဝန်းကျင်က အိမ်တွေ ၊ စက်ဘီးအဌားဆိုင်က စက်ဘီးတွေ ၊ ကြော်ငြာဆိုင်းဘုတ် အဝါရောင် ၊ အိမ်မျက်နှာစာကို သုတ်ထားတဲ့ဆေးရောင် အပြာ ၊ အစိမ်း ၊ အိမ်နံရံပေါ်မှာရေးထားတဲ့ သတိပေးစာ ၊ ကြော်ငြာစာ ၊ ဆွထားတဲ့အရုပ်တွေ ၊ ကျနော့်မျက်စိထဲတော့လှနေတယ် ။ ဒါ့ပုံတွေအားလုံး မူလအတိုင်းဖြစ်ပါတယ် ။


Pulau Ubin- 2



ပင်လယ်ရေ ကတော့ ကူစူးဘက်ကရေကပိုလှတယ် လို့ထင်တယ် ။


Palau Ubin - 1



Changi Point Ferry Terminal မှာ လှေခ တယောက်ကို  စင်ကာပူ ဒေါ်လာ ၂ ဒေါ်လာခွဲ ပေးရတယ် ။ Palau Ubin ကို  ၁၀ မိနစ်လောက်ပဲ မောင်းရတယ်ပြောတယ် ။  အောက်ထပ်ကနေ လှေဆိပ်ကိုဆင်းသွားတယ် ။ လှေတစင်းပေါ် လိုက်ပါတဲ့ ခရီးသည် လူဦးရေကတ်သတ်မူရှိတယ် ။ ၁၁ ယောက် လား ။ ၁၂ ယောက်လား မသိဘူး ။ အသက်အန္တရယ်မဖြစ်အောင် လူဦးရေ ကတ်သန့်ထားတယ်လို့သိရတယ် ။


 စနေ ၊ တနင်းဂနွေ ရက်မလို့ထင်တယ် Palau Ubin ကို သွားတဲ့သူများတယ် ။ ကိုယ်ပိုင် စက်ဘီးတွေ ၊ ( တောင်တက်ဘီး ) ကို လှေနဲ့သယ်သွားကြတာကိုတွေ့ရတယ် ။ တရုတ်ရိုးရာ နဂါး ကမယ့် အဖွဲ့တဖွဲ့ကိုလည်း တွေ့ရတယ် ။