ကျန်ရစ်သော
=========
မျိုးဆက်တခုက နောက်မျိုးဆက်တခုကို
ကျန်ရစ်သော
သီချင်းဟောင်း သီချင်းကောင်းတပုဒ်ကို
အဆိုရှင် အသစ်က
ကျန်ရစ်သော
တချို့က သံသွားဝယ်တယ်
နောက်ဆုံးတခါးကို ကိုယ်တို ရိုက်ပိတ်ချင်တဲ့စိတ်နဲ့
ကျန်ရစ်သော
တချို့က ငွေပေါ်အောင်ကြိုးစားတယ်
ကျန်ရစ်သော
လူသားတွေပါ
ကျန်ရစ်သော
သွားနှင့်သူထက် ကျန်ရစ်သူတို့
ပိုခက်တယ် ။
icn2
2-9-2013
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts
Saturday, 7 September 2013
Sunday, 1 September 2013
၂၀၁၃ ။ ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။
၂၀၁၃ ။ ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။
ဝှက်ထားသောအရာ
ကောက်ကွေ့သောမျဉ်းတကြောင်းပေါ်မှာ
ဖြောင့်တန်းသောမျဉ်းတကြောင်းပေါ် မှာ
သတင်းတပုဒ်ထဲမှာ
ကဗျာတပုဒ်ထဲမှာ
လမ်းညွန်မြေပုံထဲမှာ
ရှိုက်ချလိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ
ဝယ်ယူထားတဲ့ ထီလက်မှတ်တွေထဲမှာ
ရှုသွင်းလိုက်တဲ့လေထုထဲမှာ
ဝှက်ထားသောအရာ
ဝှက်ထားသောအရာများထဲမှ
ပျော်ရွှင်မှုရာနှုန်းများဖို့ကိုသာ
ဆုတောင်းနေခဲ့တာ။
Icn2
31-aug-13
ဝှက်ထားသောအရာ
ကောက်ကွေ့သောမျဉ်းတကြောင်းပေါ်မှ
ဖြောင့်တန်းသောမျဉ်းတကြောင်းပေါ်
သတင်းတပုဒ်ထဲမှာ
ကဗျာတပုဒ်ထဲမှာ
လမ်းညွန်မြေပုံထဲမှာ
ရှိုက်ချလိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ
ဝယ်ယူထားတဲ့ ထီလက်မှတ်တွေထဲမှာ
ရှုသွင်းလိုက်တဲ့လေထုထဲမှာ
ဝှက်ထားသောအရာ
ဝှက်ထားသောအရာများထဲမှ
ပျော်ရွှင်မှုရာနှုန်းများဖို့ကိုသ
ဆုတောင်းနေခဲ့တာ။
Icn2
31-aug-13
Saturday, 20 October 2012
အဓိပတိလမ်းက ကဗျာဆရာ
>

ကဗျာဆရာ ( ကို ) တင်မင်းထက် ရိုက်ထားတဲ့ တရုတ်ပြည်ကမြို့တမြို့ရဲ့ ညရူခင်းဓါတ်ပုံကိုကူးဆွဲထားတဲကပုံ ဖြစ်ပါတယ် ။ နောက်ထပ်တပုံက ကဗျာဆရာရဲ့ ဓါတ်ပုံကိုကူးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။
အဓိပတိလမ်း
ဖြောင့်စင်းတဲ့လမ်းမရဲ့ အဆုံး
ကွေ့ကောက်လိုင်းထန် ဘဝတွေ
ပြန်လှည့်မရတော့ဘူး--။
တင်မင်းထက် (၂၀၀၉ ခုနှစ်)
Monday, 15 October 2012
လက်နိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ ထဲကညများ

ကျန်ခဲ့တဲ့ တနင်းဂနွေနေ့ညနေက စာအတိုလေး တပုဒ်နဲ့ ပုံ ၂ ပုံဆွဲဖြစ်ပါတယ် ။ “ လက်နှိပ်ဓာတ်မီးထိုးပြီး ရေးတဲ့ကဗျာ ( သုခမိန်လိုင် ) ” စာအုပ်ထဲမှ ဓါတ်ပုံ ၂ ပုံကို ကိုးကားပြီးဆွဲဖြစ်တာပါ ။ စာမျက်နှာ ၄ နဲ့ စာမျက်နှာ ၈ က ဓါတ်ပုံများဖြစ်ပါတယ် ။ ဓာတ်ပုံများအတွက် ကဗျာဆရာကြီး သုခမိန်လိုင်ကို ကျေးဇူးအထူးတင်ပါတယ် ။
Tuesday, 13 December 2011
မြန်မာကဗျာစာအုပ်များ
နောက်ဆုံးအကြိမ်ဝယ်တဲ့ စာအုပ်တွေထဲမှာ မြန်မာကဗျာစာအုပ်လေး ငါး ခြောက်အုပ်လောက်ပါတယ် ။ ကဗျာဖတ်ရတာကြိုက်တဲ့သူမလို့ ကဗျာစာအုပ်တွေ ကိုဝယ်ဖြစ်တယ် ။ ကဗျာဆရာ တွေရဲ့ လုံးချင်းကဗျာစာအုပ်တွေကို ဝယ်သိမ်းလေ့လဲရှိတယ် ။ နာမည်ကျော် ကဗျာဆရာကြီးတွေရဲ့စာအုပ်တွေကတော့ တချို့ဆိုင်ကြီးတွေမှာ သိပ်မရှိတော့ ။ ကုန်သွားတာဖြစ်မယ် ။ ကဗျာဆရာ တဦးခြင်းအလိုက် ၊ ကဗျာစာအုပ်တွေထွက်လာတော့ ကိုယ်ကြိုက်တဲ့ကဗျာဆရာလက်ရာကို တစုတဝေးတည်း အလွယ်တကူဖတ်လို့ရလာတယ် ။
( ဒါပေမယ့် အခုချိန်ထိ ဝယ်ထားပြီးကဗျာစာအုပ်တွေကို မဖတ်ရသေးဘူး ။ ဟိုလှန် ၊ ဒီလှန် နဲ့ သေချာမဖတ်ဖြစ်သေးဘူး ။ ဖတ်စရာကဗျာများလာတော့ ( အွန်လိုင်းကဗျာရော ၊ ပုံနှိပ်ကဗျာများပါ ) အကုန်သေချာဖတ်ဖို့ အချိန်များများလိုလာတယ် ။ အလုပ်ထဲမှာ အချိန်ကုန်တာများတော့ ကဗျာဖတ်ချိန် နည်းသွားပါတယ် ။)

ပန်းချီ ကိုနေမျိုးဆေး ရဲ့ ကဗျာ စာအုပ်ဒီဇိုင်း ၊ လှတယ် ၊ ဆွဲဆောင်မူရှိတယ်လို့ ခံစားရတယ် ။
( ဒါပေမယ့် အခုချိန်ထိ ဝယ်ထားပြီးကဗျာစာအုပ်တွေကို မဖတ်ရသေးဘူး ။ ဟိုလှန် ၊ ဒီလှန် နဲ့ သေချာမဖတ်ဖြစ်သေးဘူး ။ ဖတ်စရာကဗျာများလာတော့ ( အွန်လိုင်းကဗျာရော ၊ ပုံနှိပ်ကဗျာများပါ ) အကုန်သေချာဖတ်ဖို့ အချိန်များများလိုလာတယ် ။ အလုပ်ထဲမှာ အချိန်ကုန်တာများတော့ ကဗျာဖတ်ချိန် နည်းသွားပါတယ် ။)
ပန်းချီ ကိုနေမျိုးဆေး ရဲ့ ကဗျာ စာအုပ်ဒီဇိုင်း ၊ လှတယ် ၊ ဆွဲဆောင်မူရှိတယ်လို့ ခံစားရတယ် ။
Sunday, 11 September 2011
ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )
Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)
အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။
Sunday, 4 September 2011
ဟိုဟိုဒီဒီများ- ၄ ( ကဗျာဆရာကြီး မောင်ချောနွယ် ၊ အသည်းနှလုံး )

ပထမဆုံးမဟုတ်ပေမယ့် ကျနော်အစောဆုံးဝယ်ဖြစ်တဲ့ ကဗျာစာအုပ် သုံးလေးအုပ်ထဲမှာ မြန်မာကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ်ပါတယ် ။ ကဗျာဆရာ ပိုင်စိုးဝေ ၊ ကဗျာဆရာ မောင်ချောနွယ် တို့ရဲ့ကဗျာတွေကို ဖတ်ပြီးမြန်မာခေတ်ပေါ်ကဗျာများနဲ့ ရင်းနှီးလာပါတယ် ။ ကဗျာဆရာ မောင်ချောနွယ်ကို အပြင်မှာ မတွေ့ဖူးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလား ၊ ကဗျာအကြောင်းဦးစားပေးဖော်ပြတဲ့ တခြားမဂ္ဂဇင်းတခုမှာလားမသိဘူး ၊ သူ့ အင်တာဗျူးကို ဖတ်ရင်း သူ့ဓါတ်ပုံကိုတွေ့ဖူးပါတယ် ။
သူဆုံးပါးသွားတာ နည်းနည်းကြာသွားပေမယ့် အခုချိန်မှာ ကျနော်တို့ကဗျာဖတ်သူအခြင်းခြင်းတွေ့တဲ့အခါ ၊ လက်ဖက်ရည်သောက်ရင်း ၊ အရက် ဘီယာသောက်ရင်း သူ့ကဗျာ အပိုင်းအစလေးတွေကို တော်တော်များများ ကိုးကားပြောဆိုတတ်ကြပါတယ် ။ ကိုချောက ဘာပြောခဲ့သလဲ ဆိုပြီး သူ့ကဗျာ အပိုင်းအစလေးတွေကို ရွတ်ရွတ်ပြပြတတ်တဲ့သူငယ်ချင်းတယောက် ကို အခုစာလေးရေးနေရင်း သတိရမိပါတယ် ။ သူငယ်ချင်းကြည့်ရတာ မောင်ချောနွယ် ကဗျာတွေကို လွယ်လင့်တကူ မှတ်မိနေတယ် ။ ခက်ခက်ခဲခဲနဲ့ မှတ်ထားတာလည်းမဟုတ်ပါဘူး ။
Subscribe to:
Posts (Atom)