Saturday 7 September 2013

စက်တင်ဘာ ကဗျာ ၅ ပုဒ်

ကျန်ရစ်သော
=========
မျိုးဆက်တခုက နောက်မျိုးဆက်တခုကို
ကျန်ရစ်သော
သီချင်းဟောင်း သီချင်းကောင်းတပုဒ်ကို
အဆိုရှင် အသစ်က
ကျန်ရစ်သော
တချို့က သံသွားဝယ်တယ်
နောက်ဆုံးတခါးကို ကိုယ်တို ရိုက်ပိတ်ချင်တဲ့စိတ်နဲ့
ကျန်ရစ်သော
တချို့က ငွေပေါ်အောင်ကြိုးစားတယ်
ကျန်ရစ်သော
လူသားတွေပါ
ကျန်ရစ်သော
သွားနှင့်သူထက် ကျန်ရစ်သူတို့
ပိုခက်တယ် ။

icn2
2-9-2013




 အဆန်းတကြယ်
==========
အဆန်းတကြယ်များကြားမှ
ကြွက်တွေကို သုတ်သင်ခဲ့သလို
ကမ္ဘာ့ စစ်ကြီးများ။

အဆန်းတကြယ်များကြားမှ
အနုပညာရှင်များ
အနုပညာလက်ရာများ ဖန်တီးချိန်
ယာယီတည်ငြိမ်မူများ ။

အဆန်းတကြယ်များ ကြားမှ
အေးအေးဆေးဆေး ပြောရမည့်စကားဝိုင်း
စားပွဲပေါ်မှာ ပါဝင်မယ့်
အဖြစ်အပျက် တစ်ခုမဟုတ်တဲ့ အဖြစ်အပျက်တခု ။

အဆန်းတကြယ်များ ကြားမှ
တိုတောင်းသော
ငြိမ်းချမ်းရေး ကြားကာလ ။

icn2
2-9-2013
=======================

လူများ သက္ကရဇ် ဘဝ စာအုပ်မှ
စာ၅၆--အဖြစ်အပျက်မပါသော ဝတ္ထုတပုဒ်မှစာသားတွေကို ယူသုံးထားပါတယ်။



 သီချင်းဆိုသူ
========
တယောက်သောသူ
တုတ်တချောင်းနဲ့ မြေကြီးပေါ် စည်းဝိုင်းဆွဲ
စည်းဝိုင်းကိုပိတ် စည်းရိုးပေါ်စာရေး
နာမည်တပ်လိုက်တယ် ။

တယောက်သောသူ
ဂိတ်ဝကထွက် သီချင်းဟစ်အော်ဆို
အသံကွဲကွဲအက်အက်ကြီးနဲ့
အော်ရင်း ထွက်ခွာသွားတယ် ။

icn2
1-9-2013


 ရောက်လာချိန်
=========
အမြင့်လည်းမဟုတ်
အနိမ့်လည်းမဟုတ်

ချီမွမ်းခြင်းကို လည်းကောင်း
ကဲ့ရဲ့ခြင်းကိုလည်းကောင်း
ငြင်းပယ်နိုင်ချိန်
ငြိမ်သက်ခြင်း နှင့်အတူ
သူရောက်လာမယ် ။

icn2
3-9-2013


နယ်မြို့လေးသို့အလွမ်း
=============

မောင်းဝင်လာတဲ့ ခရီးသည်တင်ကားကြီးနောက်ကို
ဈေးသည်လေးတွေပြေးလိုက်သွား
ငါတို့ရဲ့ ဇာတ်လမ်းဖြစ်သလို
ငါတို့ရဲ့ဇာတ်လမ်းလည်းမဟုတ်ခဲ့ ။


တိတ်ဆိတ်သောနေ့လည်ခင်း
တိုက်ခတ်နေတဲ့လေထဲ
လမ်းမကြီးတွေ ပေါ်
တချို့ခရီးသွား ။


တိတ်ဆိတ်ညထဲ
အဝေးကပျံလွင့်လာတဲ့
တရားဓမ္မသံ
အဝေးရောက်မှ သတိထားမိခဲ့ ။

Icn2
6-9-2013
 


No comments:

Post a Comment