Showing posts with label oil. Show all posts
Showing posts with label oil. Show all posts

Sunday, 1 January 2012

ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း ) -၂



ဧည့်သည်တွေရောက်လာရင် ဆရာတော်ကြီးက ဂလိုင်ခေါက်ပြီး ကြောင်လေးတွေကိုခေါ်ပါတယ် ။ အဲသည့်ကြောင်လေးတွေပုံကို ဒီဇင်ဘာ ၃၁ ရက်နေ့ကဆွဲဖြစ်ပါတယ် ။ ရေဆေး ၊ ဆီဆေး တို့ကိုသုံးပြီး ဆွဲထားတဲ့ပုံပေါ်ဆေးခြယ်ပါတယ် ။ စုစုပေါင်း နှစ်ပုံရပါတယ် ။


Tuesday, 13 December 2011

Chinatown-4 ( Yangon )



ညဈေးတွေကို ဓါတ်ပုံရိုက်ထားရတဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုကတော့ ပန်းချီဆရာကြီး ( ဦး ) ကြီးမြင့်စော ရဲ့ ညကားတွေကို ကြည့်ပြီးငြိသွားလို့ သူ့လိုလိုက်ဆွဲဖို့ကြိုးစားတဲ့အခါ ကိုးကားလို့ရအောင်ပါ ။

ပန်းချီဆရာကြီး (ဦး) ခင်မောင်ရင်က သူ့ပန်းချီကားတွေကို ညဘက်မှာလည်းဆွဲတယ်လို့ပြောတယ် ။ ညမီးရောင်အောက်မှာ သူရေးဆွဲတဲ့ အခါ ၊ သူရွေးခြယ်လိုက်တဲ့အရောင်ဖွဲ့စည်းမူ တွေက ၊ နေခင်းဘက် ပုံမှန်အလင်းရောင်အောက်လည်းရောက်ရော တမူထူးတဲ့ အရောင်ရွေးခြယ်မူတွေဖြစ်နေတယ်လို့ ဖတ်ဖူးတယ် ။

ကျနော့်အတွက်တော့ ညဘက် ပုံဆွဲရင် မျက်စိညောင်းလာပြီး အိပ်ချင်လာရောခင်ဗျ ။ :)


Sunday, 31 July 2011

ကိုနေဝင်း

Oil and Acrylic on paper ( icn2 )

 Youtubeပေါ်မှာ ကိုနေဝင်း သီချင်းတိုက်နေသော ဗီဒီယိုလေးကို တွေ့ရပါတယ် ။  အဲသည့်ဗီဒီယိုကိုကြည့်ပြီး ဆွဲထားသောပုံ။

ref: (1) , (2)

Saturday, 16 July 2011

painting ( Allen Ginsberg )



ကဗျာစိတ်ဝင်စားသူတိုင်းသိကြတဲ့ အမေရိကန် ကဗျာဆရာ ( Allen Ginsberg ) ပုံကို ရေဆေး ၊ ဆီဆေး တို့နဲ့ ဆွဲဖြစ်ပါတယ် ။ သူ့ရဲ့ ကဗျာများကို ဆရာဦးသာနိုး ၊ ဆရာ သစ္စာနီ ၊ နဲ့ အခြားသော ကဗျာဆရာ၊ ဘာသာပြန်ဆရာကြီးငယ်တို့ ဘာသာပြန်ကြပါတယ် ။ ကျနော်ကတော့ သူတို့အုပ်စုရဲ့ ဖန်တီးမူများ ၊ သူတို့တတွေ တွေ့ကြုံခဲ့ရပုံများကို လျောက်ကြည့်ဖြစ်ပါတယ် ။ သူ ရဲ့ လိင်ကိစ္စဆိုင်ရာ တိမ်းညွတ်မူနဲ့ပတ်သက်ပြီး တချို့ကလည်း မကြိုက်ကြပါဘူး ။