Saturday 26 October 2013

ကဗျာဆရာများ

ဦးပြည့်မင်း ( မောင်ပြည့်မင်း )
ကဗျာဆရာများ
  
ရန်ကုန်မှာရှိနေခိုက် မြန်မာကဗျာလောကက ကဗျာဆရာ ကိုစိုင်းဝင်းမြင့် နဲ့ ဦးပြည့်မင်း ( မောင်ပြည့်မင်း) တို့ကို ဓါတ်ပုံတချို့ရိုက်ချင်လို့ ကိုစိုင်းဝင်းမြင့် အိမ်မှာ ချိန်းဆိုပြီးတွေ့ဖြစ်ပါတယ် ။ ကဗျာဆရာတွေက သဘောကောင်းတယ်ဗျ ။ သူတို့အမှာစာရေးထားတဲ့ ကဗျာ စာအုပ်တွေကို လက်ဆောင်အဖြစ်ပေးပါတယ် ။ 

ဦးပြည့်မင်း

Thursday 24 October 2013

ကလောမြို့က လှပတဲ့အိမ်ကလေးများ



ကလောမြို့က လှပတဲ့အိမ်ကလေးများ

ကျနော်တည်းခဲ့တဲ့နေရာမဟုတ်ပါဘူး ။ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦ ( မူရင်းအဆောက်အဦး ) ကို ပုံစံတူထပ်ဆောက်ထားတယ်လို့ပြောတဲ့ ဒုတိယအဆောက်အဦ နဲ့ စုစုပေါင်း ရှေးခေတ်လက်ရာ အဆောက်အဦး ၂ခုကိုတွေ့ရပါတယ် ။

လိုက်ပြတဲ့သူရဲ့ ပြောစကားပေါ်အခြေခံပြီးရေးတဲ့အတွက် အချက်အလက်မှားနိုင်ပါတယ် ။ သာယာလှပတာကတော့ မလွဲနိုင်ပါဘူး  သူတို့အင်တာနက် ဝက်ဆိုဒ်ရှိပါတယ် ။  Amara Mountain Resort မှာ တည်းချင်သူများသွားတည်းနိုင်အောင် ပုံတချို့တင်လိုက်ပါတယ် ။ ( ကြော်ငြာခရလို့ ရေးတာမဟုတ်ပါး) )



Wednesday 23 October 2013

မြင်းမထီ သဘာဝလိုဏ်ဂူတော်ကြီး


မြင်းမထီ သဘာဝလိုဏ်ဂူတော်ကြီး ထဲမှာ ရိုက်ခဲ့တဲ့ ဗီဒီယို အတိုလေးကို ရှယ်လိုက်ပါတယ် ။ အမှတ်တရ ရိုက်ထားတာဖြစ်လို့ ကင်မရာမငြိမ်ဘဲ တုန်နေရင် ခွင့်လွတ်ပါ ။ မြင်းမထီလိုဏ်ဂူက တဘက်က ဝင်သွားရင် တဘက်ကနေပြန်ထွက်လို့ရပါတယ် ။ လိုဏ်ဂူကအထွက်မှာပုံကြမ်းလေးတပုံဆွဲခဲ့တယ် ။

တောင်ကုန်းလေးပေါ်မှ ကလောမြို့မြင်ကွင်း


တောင်ကုန်းလေးပေါ်မှ ကလောမြို့မြင်ကွင်း

ကလော မနက်ခင်း

 
 
 


ရောက်တဲ့မနက်မှာ ဒေသခံ တယောက်လမ်းညွန်မူကြောင့် ရှမ်းခေါက်ဆွဲ ကောင်းကောင်းရတဲ့ နာမည်ကျော် ပြည့်ပြည် ဆိုင်ကို ရောက်သွားပါတယ် ။ ခေါက်ဆွဲမစားခင် ပုံတပုံ ဆွဲဖြစ်ပါတယ် ။


 

ကလော

ရန်ကုန်ကားကြီးဂိတ်ကနေ အဝေးပြေးကားစီးပြီး ကလောကို ညဘက်သွားဖြစ်တယ် ။ ကားဆရာက အေးအေးဆေးဆေးပဲ ။ ပုံမှန်မောင်းသွားတာ အိပ်နေရာက လန့်နိုးလာတော့ တောင်ပေါ်တက်တဲ့လမ်းပေါ်မှာ ရောက်နေတယ် ။ ပတ်ဝန်းကျင်ကလည်း မြူတွေ ၊ တောင်ခိုးတွေ ဝိုင်းနေတယ် ။ မနက် ၆ နာရီမထိုးသေးဘူး ။ ကလော မရောက်ခင် ရေယား ကိုမရောက်သေးဘူး ။ အဲဒါနဲ့ပဲ ကင်မရာထုတ်ပြီး ဓါတ်ပုံနဲ့ ဗီဒီယို အတိုလေး ရိုက်ဖြစ်သွားတယ် ။




ရေယား မှ ဝင်းထိပ်တန်း ထမင်းဆိုင်

ရေယား မှ ဝင်းထိပ်တန်း ထမင်းဆိုင်

ကလော မရောက်ခင် ရေယား မှာ ဒေသအတွင်း နာမည်ကြီးတဲ့ ထမင်းဆိုင်တဆိုင် အကြောင်းညွန်းချင်ပါတယ် ။ အဝေးပြေးလမ်းမကြီး ဘေးမှာရှိတဲ့ ဆိုင်ကလေးကို ကလောမြို့ထဲ့က မြို့ခံ ဒေသခံ တချို့က တကူးကတ လာစားကြပါတယ် ။  မန္တလေးမှ ကလောကို အလည်လာသူများလည်း ခရီးတထောက်နားပြီး ကလောမရောက်ခင် ဝင်စားကြပါတယ် ။ ကလောက နေ နာရီဝက်လောက် ရေယားကို ရောက်ဖို့ မောင်းရပါတယ် ။ ကျနော်တို့ရောက်သွားချိန်က ည အချိန်ဖြစ်ပါတယ် ။

များများစားစား ယိုးဒယားစတိုင် ၊ တရုတ်စတိုင်လ် ၊ မြန်မာစတိုင်း ဟင်းလျာများရွေးစရာမရှိပါ ။ အဲဒီတော့ စိတ်မများဘူးပေါ့ ။ ရနိုင်တဲ့ဟင်းလျာများကတော့

ကြက် ကာလသားချက်
ရေမုန့်ညင်းချက် ၊ ရေမူန်ညင်း သုတ်
ဆတ်သားခြောက်ကြော်
( ပါးစပ်ဖျားတင် နာမည်မေ့နေတဲ့ အမူန့်ဖြစ်အောင်ထောင်းထားတဲ့ အမူန့်) ရှင်းသွားတာပဲ ။ သတိရရင် ပြန် ပြိး အပ်ဒိတ်လုပ်ပါမယ် ။ လောလောဆယ်တော့ တေးမှတ်ထားလိုက်ပါတယ် ။

ပုံအောက်ခြေတင် စာမှန်အောင်ထိုးပါ ။

 

ရာမည ထမင်းဆိုင်

မုံရွာ ဗောဓိတထောင် အထွက်မှာရှိတဲ့ ရာမည ထမင်းဆိုင် ၊ ကြက်သားတမျိုးတည်းကို နည်းမျိုးစုံချက်ထားပါတယ် ။ ဟင်းရံများ ချပေးပါတယ် ။ လူလေးယောက်အတွက် တသောင်း ၂ ထောင်ယူပါတယ် ။ တပွဲစီကို ဘယ်လောက်ယူသလဲမသိရပါ ။ ထမင်းဟင်းလိုက်ပွဲများလည်း အပါအဝင်ပါ ။ အစားအသောက်ကောာင်းလို့ နာမည်ကြီးပါတယ် ။ သူများညွန်းလို့ အဲသည့်ဆိုင်မှာစားဖြစ်ပါတယ် ။



ဆရာဦးသုခမိန်လှိုင် နှင့် ပန်းချီကားများ ။

ဆရာဦးသုခမိန်လှိုင် နှင့် ပန်းချီကားများ ။

ဆရာ့ ရဲ့ အသက် ၆၅ ပြည့် မွေးနေ့ အောက်တိုဘာ ၁၇ ရက်မှာ အမှတ်တရ ဓါတ်ပုံရိုက်ကူးခွင့်ရခဲ့ပါတယ် ။ ဓါတ်ပုံလည်း အရိုက်ခံ ၊ ထမင်းလည်းကျွေးပါတယ် ။ ကဗျာစာအုပ် တအုပ်လည်း လက်ဆောင်ပေးပါတယ် ။ အန်တီယံကိုလည်း ကျေးဇူးပါ ခင်ဗျ ။



ပန်းရဲ့လမ်း - ၆၄လမ်း မင်းသီဟ လက်ဖက်ရည်ဆိုင်- မန္တလေး




မန္တလေးမြို့ ။ ၆၄ လမ်း မှာရှိတဲ့ မင်းသီဟ လက်ဖက်ရည်ဆိုင်ကို လက်ဖက်သောက်သွားရင်း ပန်းရဲ့လမ်း လူမူကွန်ယက် ဖျော်ဖြေမူ ပွဲရှိတယ် ဆိုတဲ့ ကြော်ငြာကိုတွေ့ခဲ့ရပါတယ် ။ အင်တာနက်ပေါ် ၊ ဖေ့ဘွတ်ပေါ်တွေမှာသာ မြင်တွေ့ဖူးတဲ့ ကိုရဲလွင် ဦးစီးတဲ့ ပန်းရဲ့လမ်း ဖျော်ဖြေမူကို အပြင်မှာတွေ့ဖူးချင်တာကြောင့် နောက်တနေ့ နေ့လည် ၃ နာရီ မထိုးခင် မင်းသီဟ ဆိုင်ကို အရောက်ပြန်သွားခဲ့ပါတယ် ။


Tuesday 22 October 2013

ကို ကကြီး -YGN INK


ဖေ့ဘွတ်အသုံများလာတဲ့အချိန်မှာ ဖေ့ဘွတ်ပေါ်မှာ တက်တူး အနုပညာနဲ့ပတ်သက်တဲ့ပုံတွေစတွေမိပါတယ် ။ ကျနော်တို့ မြန်မာ့လူနေမူအသိုင်းအဝိုင်းမှာ တက်တူး ဆေးမင်ကြောင်ထိုးခြင်းနဲ့ပတ်သက်ပြီး နားလည် ခံယူထားမူကိုအဆင့်ကို သေချာမသိပေမယ့် ဒီဘက်ခေတ် ၊ ဖေ့ဘွတ်အသုံးပြုတဲ့ခေတ်မှာ ယောက်ျားလေး ၊ မိန်းကလေးများထိုးထားတဲ့ တက်တူးပုံများကို ကျနော်တွေ့ရပါတယ် ။ တက်တူး အနုပညာကို ဖန်တီးတဲ့ အနုပညာသမား ၊ တက်တူးထိုးသူကိုလည်း ကျနော်စိတ်ဝင်စားပါတယ် ။ စိတ်ဝင်စားရတဲ့အကြောင်းအချက်အလက်တွေထဲ တချက်ကတော့ ဆေးမင်ကြောင်ထိုးနည်း ကို ဘယ်လိုလေ့လာခဲ့ပါသလဲ ( တနည်း ) ခေတ်ပေါ်ကဗျာဆရာများပြောတဲ့စကားကိုကိုးကားပြောရရင် တက်တူးထိုးနည်းကျောင်းမရှိဘဲ ဘယ်လို လေ့လာသင်ယူခဲ့သလဲ ဆိုတာက တချက်ဖြစ်ပါတယ် ။
 
 

Sunday 29 September 2013

သားထွေး

တေးရေး -တေးဆို --ကိုသားထွေး
>








ရန်ကုန်ပုံ - ၃ပုံ

အထက၂ ကမာရွတ်




အသုပ် - ရေကြည်

မူရင်း ဓါတ်ပုံ- ခင်သန္တာအောင် ။ အသုပ်

အသုပ် ရေကြည် ပုံ၂ ပုံ ။ မူရင်းဓါတ်ပုံ - ခင်သန္တာအောင်



Saturday 7 September 2013

စက်တင်ဘာ ကဗျာ ၅ ပုဒ်

ကျန်ရစ်သော
=========
မျိုးဆက်တခုက နောက်မျိုးဆက်တခုကို
ကျန်ရစ်သော
သီချင်းဟောင်း သီချင်းကောင်းတပုဒ်ကို
အဆိုရှင် အသစ်က
ကျန်ရစ်သော
တချို့က သံသွားဝယ်တယ်
နောက်ဆုံးတခါးကို ကိုယ်တို ရိုက်ပိတ်ချင်တဲ့စိတ်နဲ့
ကျန်ရစ်သော
တချို့က ငွေပေါ်အောင်ကြိုးစားတယ်
ကျန်ရစ်သော
လူသားတွေပါ
ကျန်ရစ်သော
သွားနှင့်သူထက် ကျန်ရစ်သူတို့
ပိုခက်တယ် ။

icn2
2-9-2013


Sunday 1 September 2013

လူများ ၊ သက္ကရာဇ်များ - ဘဝ -၁၉၂၁-၁၉၄၁






သို့ရာတွင် ကြူဝင်းသည် မီးလောင်ကျွမ်း၍ ပျက်စီးနေသော ဝါဆောမြို့ကြီး၏ အလှကို မြင်ခဲ့ပါသည် ။ အကြောင်းမူ သူငည် ပိုလန် လူမျိုးတဦးဖြစ်ပြီး ကဗျာဆရာ တစ်ယောက်ဖြစ်သောကြောင့် ဖြစ်ပါသည် ။

စာ-၂၀
လူများ ၊ သက္ကရာဇ်များ - ဘဝ -၁၉၂၁-၁၉၄၁

၂၀၁၃ ။ ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

၂၀၁၃ ။  ၈ လိုင်းပိုင်းမှာ ကျနော်ရေးဖြစ်တဲ့ ကဗျာ ၃ ပုဒ် ။

ဝှက်ထားသောအရာ

ကောက်ကွေ့သောမျဉ်းတကြောင်းပေါ်မှ
ဖြောင့်တန်းသောမျဉ်းတကြောင်းပေါ်မှာ
သတင်းတပုဒ်ထဲမှာ
ကဗျာတပုဒ်ထဲမှာ
လမ်းညွန်မြေပုံထဲမှာ
ရှိုက်ချလိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ
ဝယ်ယူထားတဲ့ ထီလက်မှတ်တွေထဲမှာ
ရှုသွင်းလိုက်တဲ့လေထုထဲမှာ
ဝှက်ထားသောအရာ
ဝှက်ထားသောအရာများထဲမှ
ပျော်ရွှင်မှုရာနှုန်းများဖို့ကိုသ
ဆုတောင်းနေခဲ့တာ။

Icn2
31-aug-13



Friday 9 August 2013

မန္တလေး အနီးအနား ပတ်ဝန်းကျင် - ၂




မန္တလေးမြို့အနီးအနား ပတ်ဝန်းကျင်-၂ ။ ဆွဲထားတဲ့ ပုံ ၂ပုံ ။


Monday 29 July 2013

“ဟာလာဟင်းလင်း “ကဗျာ ၊ ရန်ကင်းတောင်

 





၂၀၁၂ ဒီဇင်ဘာတုန်းက ပုဂံကိုရောက်ခဲ့တယ် ။ ရွှေစည်းခုံ စေတီ အနားမှာ မနက်စောစော ၆ နာရီခွဲလောက်ဓါတ်ပုံရိုက်ဖြစ်တယ် ။ အဲသည့်ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံနဲ့ ဆရာသုခမိန်လှိုင်ရဲ့ ဟာလာဟင်းလင်း ကဗျာကို ပြန်တွဲစပ်ဖြစ်ပါတယ် ။


Saturday 22 June 2013

ရန်ကုန်








ပလက်ဖောင်းပေါ်က ခိုများ ( လမ်းမတော် ၊ ရန်ကုန် )


Saturday 1 June 2013

ရန်ကုန် အဆောက်အဦးများ

ရန်ကုန် ကိုလိုနီခေတ် အဆောက်အဦးများ-၁ ( ကိုးကားဓါတ်ပုံ- သုခမိန်လှိုင် )




Wednesday 15 May 2013

ပုံကြမ်း






ပုဂံ၊ ညောင်ဦး ၊ ပုပ္ပါး ၊ ရေနံချောင်း



 ပုဂံ၊ ညောင်ဦး ၊ ပုပ္ပါး ၊ ရေနံချောင်း ဘက်မှာရိုက်ထားတဲ့ ဓါတ်ပုံ ၂ပုံကို အခြေခံပြီးဆွဲထားတဲ့ ပုံ ၂ပုံ ။


Saturday 11 May 2013

ကျနော်ဆွဲထားသော ပုံများနဲ့ပတ်သက်ပြီး မေတ္တာရပ်ခံချက်

ကျနော် အပျော်တမ်းဆွဲထားတဲ့ပုံများကို စီးပွားရေး မဟုတ်တဲ့ ကိစ္စတွေမှာရော ၊ စီးပွားရေးလုပ်ငန်းသုံးကိစ္စများမှာပါ အသုံးပြုလိုတဲ့အခါ ကျနော့်ကို ဖေ့ဘွတ်မက်ဆေ့ နဲ့၊ ကျနော့်အီးမေး paintergg@gmail.com ကို အကြောင်းကြားပြီးမှ အသုံးပြုစေလိုပါတယ် ။ မူရင်းပုံရေးဆွဲသူနာမည်ကိုလည်း ( ကိုဖြိုး - icn2 ) လို့ ထည့်ပေးစေလိုကြောင်း ကျိုးနွံစွာဖြင့် မေတ္တာရပ်ခံလိုပါတယ် ။ လေးစားလျှက် ကိုဖြိုး - icn2

Saturday 16 March 2013

ရန်ကုန် ဘတ်စကားပေါ်








၂၀၁၂ ဒီဇင်ဘာ ။ ရန်ကုန် ဘတ်စကားပေါ်မှာရိုက်ထားသောပုံ ။