Showing posts with label Link. Show all posts
Showing posts with label Link. Show all posts

Monday, 2 January 2012

ဟိုဟိုဒီဒီများ



အပေါ်ကပုံကို ဆွဲဖြစ်တာကတော့ ။။ မြန်မာဓါတ်ပုံဆရာတွေရဲ့ ဓါတ်ပုံတွေကို အင်တာနက်ပေါ်မှာရှာရင်း နာဂ တိုင်းရင်းသားတွေပုံ ကိုတွေ့ပါတယ် ။ အဲသည်ကနေ ဆက်ကြည့်ရင်း အာဖရိကတိုက်က တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့ ဓါတ်ပုံတွေကိုတွေ့ပါတယ် ။ မျက်နှာပေါ်မှာရေးခြယ်ထားတဲ့ ဆေးတွေက ကျနော်ကိုဖမ်းစားပါတယ် ။ အဲသည့်လိုကြည့်ရတဲ့ ဓါတ်ပုံတွေကိုအခြေခံပြီး ဒီပုံလေးကို ရေးဖြစ်ပါတယ် ။ ပြီးတော့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး နည်းနည်းပါးပါး လိုတိုးပိုလျော့လုပ်ပါတယ် ။ watercolr and pen on paper


reference: National Geographic New Year's around the world

Thursday, 8 December 2011

ဟိုဟိုဒီဒီများ ( Link တချို့)

Caricature 

Caricature နဲ့ ပတ်သက်ပြီး မြန်မာကာတွန်းဆရာ ဇိုဇမ် ပြုစုရေးသား ဘာသာပြန်တဲ့စာအုပ်မှာ အခြေခံရေးဆွဲနည်းတွေပါလို့ ကျနော်ကြိုက်ပါတယ် ။ အခုတလော ကျနော်ကြိုက်နေတဲ့ ကာတွန်းဆရာကို ရှယ်လုပ်ချင်ပါတယ် ။ Russ Cook ဖြစ်ပါတယ် ။ သူ့ ရဲ့ဆိုဒ်က

Electronics

Electronics Engineering ကိုလေ့လာနေသူများကိုးကားတဲ့ ဆိုဒ်တစ်ခုကို သူငယ်ချင်းတယောက်ကပေးလို့ ရှယ်လိုက်ပါတယ် ။ တော်တော်များများသိကြပါတယ် ။ မသိသေးသောသူများအတွက်ရည်ရွယ်ပါတယ် ။ Cornell


Owen Freeman

သူ့လက်ရာတွေကို ကျနော်ကြိုက်ပါတယ် ။ Blog  ရော  website ပါ လွယ်လင့်တကူသွားနိုင်ပါတယ် ။ www dot owenfreeman dot com ဖြစ်ပါတယ် ။