Monday 26 December 2011

အင်းလေးကန်



အင်းလေးကန်အတွင်းမှာ ရိုက်ခဲ့တဲ့ Random photos တွေကို အင်းလေးကန် ခေါင်းစဉ် အောက်မှာတင်ထားခြင်းဖြစ်ပါတယ် ။ ပုံတွေ အားလုံးဟာ ဝါသနာအရ ထင်ရာမြင်ရာ ရိုက်ထားခဲ့တာဖြစ်ပါတယ် ။ အခုပိုစ်မှာ ပုံနှစ်ပုံတင်ထားပါတယ် ။




7 comments:

  1. တောင်ကြီးနဲ့ အင်းထဲ တည်းခိုစားရိတ် တညဘယ်လောက် ပေးရပါသလဲခင်ဗျား၊ ဒီနှစ်သစ်ကူးပိတ်ရက် လေးမှာမိသားစုသွားချင်လို့ပါ။ ကလော၊ ပင်းတယ ကော မရောက်ခဲ့ဘူးလားဗျာ။ ကျေးဇူးပါ။

    ReplyDelete
  2. ဟုတ်ကဲ့ ။ ကျနော်တောင်ကြီးမှာ မတည်းပါဘူး ။ အင်းထဲက ဟော်တယ်တွေက တည်းခိုခအမျိုးမျိုးရှိပါတယ် ။ ကျနော်သိသလောက် လူသိများတဲ့နေရာ ၊ နာမည်ကြီး နေရာတွေမှာတည်းခိုခ တစ်ညကို ၃သောင်း ၊ ၄သောင်းကနေ ၆ သောင်း ၊ တစ်သိန်းထိရှိတယ်လို့သိရပါတယ် ။ ကိုယ်တည်းတဲ့အခန်းက ရေပြင်ကိုမျက်နှာမူနေတဲ့နေရာ ၊ ရေမမြင်ရတဲ့ နေရာ ၊ စသဖြင့် အမျိုးမျိုးကွဲတယ်လို့သိရပါတယ် ။ နှစ်ယောက်ခန်း ၊ မိသားစုတွေအတွက် အခန်း စသဖြင့် အမျိုးမျိုးရှိပါတယ် ။တစ်ဦးတယောက် ၊ မိသားစု တစ်စုရဲ့ လိုအပ်ချက်ပေါ်လိုက်ပြီး ကွဲတယ်လို့ကျနော်ထင်ပါတယ် ။ ကလော ၊ ပင်းတယ ကို အချိန်မရလို့ မသွားခဲ့ပါ ။

    ReplyDelete
  3. ကျွန်တော်လည်း ကလော၊ပင်းတယသိပ်မသွားဖြစ်ဘူး...။ ပင်းတယဆိုဆယ်နှစ်ကျော်ပြီ မရောက်တာ..အင်လေးတော့ဆယ်နှစ်ကြာမှ တစ်ခေါက်ပြန်ရောက်တယ်...မရောက်ရောက်အောင်သွားတာမို့..။

    ReplyDelete
  4. ကျနော်လည်း ကလော ၊ ပင်းတယ ဘက်ကိုသွားချင်တယ် ။ အခုသွားတုန်းက အချိန်မရတော့လို့ မဝင်ခဲ့ရတာ ။ အင်းလေးက တော့ ပထမဆုံးရောက်ဖူးတာပါ ။

    ReplyDelete