Monday 12 December 2011

Random photos ( အင်းလေး )



အင်းလေးကန် အတွင်းက ဟိုတယ်တစ်ခုမှာ နိုင်ငံခြားသားဧည့်သည်များထားခဲ့သော စာအုပ်တချို့။

ရန်ကုန်မှာ သူငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းစကားပြောဖြစ်ပါတယ် ။ သူက စာအုပ်တွေဝယ်ယူစုဆောင်းတယ် ၊ အဟောင်းတွေရော ၊ အသစ်တွေပါ ဝယ်စုတယ် ။ ကျနော်လည်း တချို့စာအုပ်တွေသူဆီကနေ ဌားဖတ်ဖူးတယ် ။

စာအုပ်အဟောင်းဆိုင်တချို့ အရင်လို အလုပ်မဖြစ်တော့ဘူးလို့ သူကပြောတယ် ။ အင်တာနက်ကနေ အီးဘွတ်တွေ ( အင်္ဂလိပ် ဝတ္ထုတွေ ၊ တခြား ဘာသာရပ်ဆိုင်ရာစာအုပ်)  နဲ့ ကိုးကားစရာ စာများအလွယ်တကူရနိုင်တာကြောင့် အင်္ဂလိပ်ဝတ္ထုအဟောင်းရောင်းတဲ့ဆိုင်တချို့အလုပ်မဖြစ်ဘူး လို့သူကပြောတယ် ။

No comments:

Post a Comment