Saturday 24 December 2011

ရွှေအင်းတိန် ဘုရား - ၆ ( ဝါးတော )



ဟုတ်ကဲ့ ။ ရွှေအင်းတိန် ဘုရား ငါးရက်ဈေးနဲ့ ကြုံလို့ ဈေးထဲပတ်ကြည့်ပါတယ် ။ ကျနော်ကဓါတ်ပုံတချို့ရိုက်ပါတယ် ။ နိုင်ငံခြားသားဧည့်သည်များပါတယ် ။ သူတို့တတွေက ဒေသခံ တွေရဲ့ ပုံတွေကို သေချာ အနီးကပ်ရိုက်ကြပါတယ် ။ ကျနော်တို့ကို လိုက်ပို့ပေးတဲ့ အကိုက ဝါးတောဘက်ကနေ သွားဖို့ အကြံပြုပါတယ် ။ အဲသည့်ဘက်မှာ ချောင်း နဲ့ ချောင်းရေကျနေတဲ့ တောင်ကုန်း ( ရေတံခွန်သေးသေးလေး) တစ်ခုရှိတယ်လို့ဆိုပါတယ် ။











ဝါးတောထဲကို တံတားပေါ်မှရိုက်ထားတာပါ
ချောင်းရေကျနေတဲ့ နေရာကိုရောက်ပါတယ် ။


ဝါးတောထဲသို့ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်



ချောင်းရေ မှာ ရေချိုးနေကြသူများက ဘုရားဖူးများကို ဆွဲဆောင်ပါတယ် ။ တချို့က ဓါတ်ပုံတွေကို ကင်မရာ ပြောင်းတွေ ချိန်းပြီး ရိုက်ကြပါတယ် ။


ဝါးတောထဲကနေဖြတ်သွားတဲ့အခါ ချောင်းငယ်လေးတစ်ခုကိုတွေ့ပါတယ် ။ ကလေးတွေ ရေချိုးနေတာကို တွေ့ရပါတယ် ။ ပျော်ရွှင်ဖွယ် ရယ်သံများ ချောင်းလေးဘေးမှာ ဝဲပျံနေပါတယ် ။ ထုံးစံ အတိုင်း ဓါတ်ပုံတွေရိုက်ကြပြန်တယ် ။

ပျော်ရွှင်သောကလေးများ







ဝါးတောထဲကနေ ကျနော်တို့ ဖြတ်လျှောက်ပြီးတဲ့အခါ ဘုရားဇောင်းတန်းကို ရောက်ပါတယ် ။ တမူထူးစွာ ယွန်းပန်းချီဆွဲနေတဲ့ အကိုကြီး တယောက်ကိုတွေ့ပါတယ် ။ အမျိုးစုံလှတဲ့ ပန်းပုလက်ရာတွေကို ဘုရားဇောင်းတန်းမှာ တွေ့ရပါတယ် ။ ကြောက်စရာကောင်းတဲ့ အရုပ်တွေလည်းတွေ့ရပါတယ် ။

No comments:

Post a Comment