Saturday 10 December 2011

ဟိုဟိုဒီဒီများ ( Mark Twain )

ဟုတ်ကဲ့ ။ ရန်ကုန်ကနေဝယ်လာခဲ့တဲ့ စာအုပ်အမျိုးအစားထဲမှာ ကဗျာစာအုပ် နဲ့ ဟာသစာပေ တွေလည်းပါပါတယ် ။ ကုန်ပစ္စည်းကြော်ငြာ စာကြောင်းတိုတိုနံနံလေး ထဲမှာ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့၊ ကုန်ပစ္စည်းအကြောင်းကို အများသိအောင်လုပ်ရတာမလွယ်သလို ၊ ရေးဖွဲ့ထားတဲ့ စာနည်းနည်းလေးနဲ့ လူအများကို စိတ်လက်ကြည်လင်ပျော်ရွှင်အောင်လုပ်ရတာလည်း မလွယ်လှဘူးလို့ကျနော်ထင်တယ် ။

စာရေးဆရာကြီး ဦးသော်တာဆွေ မှ အစ စာရေးဆရာကြီး ဦးမင်းလူ ၊ ဆရာ နီကိုရဲ အလယ် ၊ ဆရာကြီး ဂျက် အဆုံး ၊ သူတို့ရေးတဲ့စာတွေကို ဖတ်ချင်စိတ်ဖြစ်နေမိပါတယ် ။ တဆက်တည်း ဖတ်ချင်နေမိတာက ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain ရဲ့စာတွေဖြစ်ပါတယ် ။ သူ ဘယ်လို စာတွေရေးခဲ့သလဲ ၊ စာဖတ်သူရဲ့ စိတ်ကိုကြည်လင်လာအောင် သူဘယ်လိုရေးခဲ့သလဲ ၊ ဘယ်လိုထောက်ပြဝေဖန်ရေးခဲ့သလဲ  ၊ ၂၀ ရာစုက comic writer တွေအကြောင်းပြောရင် သူ့ကို  Mark Twain ဘာလို့ကိုးကားနေဆဲလဲ ။ စသဖြင့် စိတ်ဝင်စားဖို့ကောင်းပါတယ် ။



photo reference: wiki







No comments:

Post a Comment