Friday 16 December 2011

ညောင်ရွှေ-အင်းလေး

ဟုတ်ကဲ့ ။ အင်းလေးကန်ထဲကိုသွားဖို့ တောင်ကြီး ကနေ ညောင်ရွှေကို ပြန်မောင်းပါတယ် ။ တစ်နာရီ ကျော်ကျော်ကြာမယ်လို့ ထင်ပါတယ် ။ ညောင်ရွှေမြို့သို့သွားတဲ့ လမ်းဟာ ကောင်းပါတယ် ။ လမ်းမှာ နိုင်ငံခြားသား ခရီးသည်တွေကို စက်ဘီးတွေ နဲ့တွေ့ပါတယ် ။ အေးအေးလူလူ စက်ဘီးလေးစီးပြီး ဓါတ်ပုံရိုက်နေကြပါတယ် ။ လိုက်ပို့တဲ့ အကို အပြောအရ “လုံခြုံမူ” ရှိပါတယ် ။ 




photo: icn2



အွန်လိုင်းပေါ်မှာ “Shwe Yan Pyay ” လို့ရိုက်ထည့်လိုက်ရင် တွေ့နိုင်တဲ့ နာမည်ကျော် ဘုန်းကြီးကျောင်းရှေ့ရောက်ပါတယ် ။ အချိန်လုနေရတဲ့အတွက် စစ်ပွဲ သတင်းထောက်လို တွေ့ရာ ၊ ထင်ရာမြင်ရာကို အမြန်ရိုက်ပါတယ် ။ ကျနော့် အမြင်တော့ ပန်းချီဆရာကြီး (ဦး) ပေါ်ဦးသက် ရဲ့ ပန်းချီကားတွေထဲက ဘုန်းကြီးကျောင်းတွေနဲ့ အခု ကျနော်မြင်တွေ့နေရတဲ့ ဘုန်းကြီးကျောင်းပုံဟာ တော်တော့်ကိုတူနေတယ်လို့ခံစားရပါတယ် ။  မြန်မာမူ ၊ မြန်မာဟန်ကို ဆရာ ပေါ်ဦးသက် ဘယ်လို ရအောင်ဖမ်းခဲ့တယ်ဆိုတဲ့အကြောင်း ကို အခုဒီစာလေးရေးနေရင်း စဉ်းစားမိပါတယ် ။ သရုပ်မှန်ရေးဆွဲနည်းမှ ခွဲထွက်ပြီး ရေးဆွဲလာသူတွေထဲမှ ကို မင်းဇော် ရဲ့ စေတီ ၊ ဘုရား ၊ ပုထိုး ၊ ဘုန်းကြီးကျောင်း ပုံတွေကို ကျနော် ကြိုက်ပါတယ် ။



ပန်းချီ - ဆရာ ပေါ်ဦးသက်

အဲသည့်ဘုန်းကြီးကျောင်းက ပြတင်းပေါက်မှာ ကိုရင်လေးတွေ ထိုင်နေ ၊ ရပ်နေတာကို ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အွန်လိုင်းပေါ် တွေ့ဖူးပါတယ် ။ ဓါတ်ပုံဖွဲ့စည်းပုံလှတယ်လို့ ရေးကြ ပြောကြပါတယ် ။
ကမ္ဘာကျော် ဓါတ်ပုံဆရာကြီး     Henri Cartier-Bresson ရဲ့ ပြတင်းပေါက်ကနေ လူတွေ ထွက်နေတဲ့ပုံမျိုးလို့ထင်ပါတယ် ။ ဒီဘိုးတော်ကြီး အကြောင်းရေးထားတဲ့စာအုပ်ကို ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က စင်ကာပူမှာ ဈေးချလို့ ဝယ်ထားလိုက်ပါတယ် ။ သူ့လက်ရေးမူနဲ့ ဓါတ်ပုံတွေနဲ့ အလှဆင်ထားတဲ့စာအုပ် မို့လို့ ကျနော့် အမြင်မှာ လှပါတယ် ။ ဒါပေမယ့် စာအုပ်ထဲက ဓါတ်ပုံတော်တော်များများကိုတော့ အွန်လိုင်းပေါ်မှာ ကြည့်လို့ရမယ်ထင်ပါတယ် ။ အဲသည့်စာအုပ်ထဲက ဓါတ်ပုံတချို့ကို ကျနော် အရင်က ကူးဆွဲဖူးပါတယ် ။

photo: Henri Cartier-Bresson



photo by Henri Cartier-Bresson


quote { Above everything in this photograph, taken in Mexico City in 1934, evokes the spirit or surrealism. There is a montage effect between the different section of the image.} unquote -pg 41 Henri Cartier-Bresson ,Thames & Hudson




drawing  by icn2. photo  by Henri Cartier-Bresson

အင်းလေး ကန်ထဲသို့သွားတဲ့ လှေဆိပ်ရောက်တော့ မှောင်နေပါပြီ ။ စီစဉ်ထားတဲ့ အစီအစဉ်နဲ့ တိုက်ကြည့်မယ်ဆိုရင် တစ်နာရီခွဲလောက်နောက်ကျပါတယ် ။ ညောင်ရွှေကနေ အင်းလေး ကန်ထဲကို သွားတဲ့ စက်လှေတွေမှာ အသက်ကယ် အင်္ကျီတွေပါတာကိုတွေ့ရပါတယ် ။ တစ်ယောက်ကို စောင်တစ်ထည်စီပေးထားပါတယ် ။





ညောင်ရွှေလှေဆိပ်



ညောင်ရွှေ မှ အင်းလေး သို့



နေမဝင်ခင် မှောင်မှောင်ရီရီမှာ ဆိုတော့နေမဝင်ခင် အချိန်လေးကို လှေပေါ်ကနေ ဓါတ်ပုံရိုက်ခွင့်ရသွားပါတယ် ။ ဓါတ်ပုံကလည်း ကောင်းကောင်းမရိုက်တတ်တော့ အမှတ်တရ ဖြစ်အောင် ဗီဒီယိုပဲ ရိုက်လိုက်ပါတယ် ။


2 comments:

  1. မှောင်တော့မယ်ဆိုတော့ အင်းထဲကဟော်တယ်မှာတည်းတာလား..။

    ReplyDelete
  2. ဟုတ်ယ် ၊ အင်းထဲက ဟော်တယ်မှာ တည်းတာ ။ ကျနော်ရေးတာမရှင်းဖြစ်သွားတာ ။ ညောင်ရွှေရောက်တော့ မှောင်နေပြီ ၊ ညောင်ရွှေကနေ အင်းထဲကို ၊ တည်းမည့်နေရာဟော်တယ်ဆီကို ၊ သိပ်မမှောင်ခင် စက်လှေနဲ့သွားတာ ။ အဲမျိုး ။ တည်းမယ့်နေရာကိုရောက်တော့ မှောင်ရော ။ :)

    ReplyDelete