
Showing posts with label Random photos. Show all posts
Showing posts with label Random photos. Show all posts
Thursday, 31 May 2012
Sunday, 27 May 2012
Sunday, 29 April 2012
Monday, 9 April 2012
Sunday, 29 January 2012
Monday, 26 December 2011
အင်းလေးကန်

အင်းလေးကန်အတွင်းမှာ ရိုက်ခဲ့တဲ့ Random photos တွေကို အင်းလေးကန် ခေါင်းစဉ် အောက်မှာတင်ထားခြင်းဖြစ်ပါတယ် ။ ပုံတွေ အားလုံးဟာ ဝါသနာအရ ထင်ရာမြင်ရာ ရိုက်ထားခဲ့တာဖြစ်ပါတယ် ။ အခုပိုစ်မှာ ပုံနှစ်ပုံတင်ထားပါတယ် ။
Monday, 12 December 2011
Random photos ( အင်းလေး )
အင်းလေးကန် အတွင်းက ဟိုတယ်တစ်ခုမှာ နိုင်ငံခြားသားဧည့်သည်များထားခဲ့သော စာအုပ်တချို့။
ရန်ကုန်မှာ သူငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းစကားပြောဖြစ်ပါတယ် ။ သူက စာအုပ်တွေဝယ်ယူစုဆောင်းတယ် ၊ အဟောင်းတွေရော ၊ အသစ်တွေပါ ဝယ်စုတယ် ။ ကျနော်လည်း တချို့စာအုပ်တွေသူဆီကနေ ဌားဖတ်ဖူးတယ် ။
စာအုပ်အဟောင်းဆိုင်တချို့ အရင်လို အလုပ်မဖြစ်တော့ဘူးလို့ သူကပြောတယ် ။ အင်တာနက်ကနေ အီးဘွတ်တွေ ( အင်္ဂလိပ် ဝတ္ထုတွေ ၊ တခြား ဘာသာရပ်ဆိုင်ရာစာအုပ်) နဲ့ ကိုးကားစရာ စာများအလွယ်တကူရနိုင်တာကြောင့် အင်္ဂလိပ်ဝတ္ထုအဟောင်းရောင်းတဲ့ဆိုင်တချို့အလုပ်မဖြစ်ဘူး လို့သူကပြောတယ် ။
Saturday, 5 November 2011
Thursday, 27 October 2011
Random photos ( Holy Bible)
| သူငယ်ချင်းတယောက်လက်ဆောင်ပေးသော Holy Bible |
Saturday, 20 August 2011
Random Photos
![]() |
| photo: icn2 |
စနေ ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ညဘက် အခုလို မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ဘီယာသောက် ၊ ရောက်တတ်ရာရာပြောရတာလည်း ကောင်းတာပဲ။
Tuesday, 9 August 2011
ဟိုဟိုဒီဒီများ (chain smoker, medium, message, process--)
![]() |
| ခရီးသွားရင်း ရိုက်ထားသောပုံ |
Chain smoking (heavy smoker)
ဆေးလိပ်ကို တနေကုန် မရပ်မနားမီးကူးသောက်တဲ့ သူတွေ တနေ့ ဆေးလိပ်ဘယ်နှစ်လိပ်သောက်သလဲ ။ မြန်မာစာရေးဆရာကြီးတယောက်လည်း ဆေးလိပ်ကို ဆက်တိုက်တနေကုန် သောက်တယ်လို့ဖတ်ဖူးတယ် ။ အဖြေကိုသိချင်လို့ ဟိုဟိုဒီဒီရှာကြည့်တော့ ။ heavy smoker ထက်ပိုတဲ့ chain smoker က တနေ့ကို အလိပ် ၁၀၀ ဝန်းကျင်လောက်သောက်တယ်လို့ တွေ့တယ် ။
အလုပ်(သက်မွေးမူ) လုပ်နေတဲ့သူတယောက်က တနေ့ကို ၁၀ လိပ်လောက်သောက်တယ်ဆိုတဲ့အဖြေကိုမှန်တယ်လို့ယူဆပါတယ် ။
( medium, message, product , process and ad)
အေးအေးလူလူ အချိန်လေးရလို့ ယခုလက်ရှိ ဖန်တီးနေသော အနုပညာ နဲ့ပတ်သက်နေတဲ့ အကြောင်းအရာလေးတွေကို ဖတ်မှတ်မိတယ် ။
အနုပညာဖန်တီးသူ တယောက်ဖန်တီးထားတဲ့ ၊ အပိုင်းအစများ ၊ အစိတ်အပိုင်းများ များကို အနုပညာခံစားသူများက သူတို့စိတ်ကြိုက်၊ နှစ်သက်သလို ပြန်လည်ပေါင်းစပ် အဓိပ္ပါယ်တည်ဆောက်ခြင်းဖြင့် အနုပညာဖန်တီးသူ (စာရေးသူ ၊ ကဗျာရေးသူ ) တို့ပေးလိုတဲ့ယေဘူယျအကြောင်းအရာ အချက်အလက်များ လက်အောက်မှရုန်းထွက်သွားပြီး ၊ စာဖတ်သူ ကိုယ်တိုင် အဓိပ္ပါယ်တည်ဆောက်မူ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာတယ် လို့ ပြောဆိုရေးသားကြတယ် ။ ဘလော့ပေါ်တွင်ရေးသားသောကဗျာများ ၊ မဂ္ဂဇင်း ကဗျာ ၊ ယခုလက်ရှိထုတ်ဝေနေသော ကဗျာစာအုပ်များထဲ ကဗျာတချို့က end product ထက် process ကို ပိုဦးစားပေးတယ်လို့လည်း ဖတ်မှတ်ရပါတယ် ။ medium ကို message ထက်ပိုပြီး သုံးလာတယ်လို့ဆိုတယ် ။ စာဖတ်သူကို ဦးစားပေးတယ်လို့လည်း ဆိုတယ် ။
စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းကြော်ငြာများမှာ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖော်ပြခြင်းဖြင့်လည်းကောင်း ၊ လုံးတီးပုံများအသုံးပြုခြင်းဖြင့်လည်းကောင်း ၊ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပေါင်းစပ်တင်ပြလာတယ် ။ အမျိုးသမီးများရဲ့ ခန္ဓာ အစိတ်အပိုင်းများကို ဖော်ပြပြီး လူသိအောင်ကြော်ငြာတဲ့ အနုပညာဖန်တီးမူများကို အမျိုးသမီးအရေးကိစ္စကိုဆောင်ရွက်နေသူတို့က ကန့်ကွက်ပြောဆိုကြတယ် ။
အရင်ကဖန်တီးထားတဲ့ ပန်းချီလက်ရာတွေကို ပြန်လည်ဖန်တီး ပေါင်းစပ်အသုံးပြုလာတယ် ။ မတူညီသော အကြောင်းအရာများကို ပေါင်းစပ်ဖန်တီးလာတယ် ။ နိုင်ငံများ တဖက်နှင့် တဖက် နိုင်ငံရေးဝါဒ အားပြိုင်မူများမှာလည်း အနုပညာလက်ရာ (ပန်းချီရေးဆွဲဟန် ၊ ယူဆပုံ ၊ ပန်းချီဆရာအုပ်စုတစု ဆွဲမြဲခံယူထားသော အခြေခံအယူအဆ) တို့ကို မိမိတို့ပြောဆိုငြင်းခုန်နေသောအရာများ အနိုင်ရဖို့အတွက် ( နိင်ငံရေးသမားများ ၊ ဝေဖန်ရေးဆရာတချို့ က) စံနမူနာပြုပြီး ထုတ်ယူသုံးဆွဲလာတယ် ။
အရင်ကဖန်တီးထားတဲ့ ပန်းချီလက်ရာတွေကို ပြန်လည်ဖန်တီး ပေါင်းစပ်အသုံးပြုလာတယ် ။ မတူညီသော အကြောင်းအရာများကို ပေါင်းစပ်ဖန်တီးလာတယ် ။ နိုင်ငံများ တဖက်နှင့် တဖက် နိုင်ငံရေးဝါဒ အားပြိုင်မူများမှာလည်း အနုပညာလက်ရာ (ပန်းချီရေးဆွဲဟန် ၊ ယူဆပုံ ၊ ပန်းချီဆရာအုပ်စုတစု ဆွဲမြဲခံယူထားသော အခြေခံအယူအဆ) တို့ကို မိမိတို့ပြောဆိုငြင်းခုန်နေသောအရာများ အနိုင်ရဖို့အတွက် ( နိင်ငံရေးသမားများ ၊ ဝေဖန်ရေးဆရာတချို့ က) စံနမူနာပြုပြီး ထုတ်ယူသုံးဆွဲလာတယ် ။
Tuesday, 2 August 2011
Random photo ( ကံစမ်းမဲ )
![]() |
| ကံစမ်းမဲ (photo: icn2) |
ဒီဓါတ်ပုံက စီစဉ်ပြီးရိုက်ထားတာမဟုတ်ပါဘူး ။ နေကြာစေ့ထုတ်ထဲကပါလာတဲ့ကံစမ်းမဲ ။ အမှန်အကန်ကို မဲပေါက်တာဗျ ။ ဆုကြီးကြီးလောက်ပေါက်ဖို့ကောင်းတာ ။ :)
Monday, 1 August 2011
Random photo ( the castle)
![]() |
| drawing-icn2 |
Saturday, 30 July 2011
ပြီးခဲ့တဲ့စနေနေ့နဲ့ ဆင်တူနေ့
![]() |
| photo (icn2) |
“ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့ ” ဆိုတာ ကဗျာဆရာကြီး (ဦး) အောင်ချိမ့် ရဲ့ ကဗျာခေါင်းစဉ်ပါ ။ ဒီနေ့က စနေနေ့လည်းဖြစ်တယ် ။ ဟိုဟိုဒီဒီ လည်းလျှောက်ရေးခြင်တာနဲ့ ဒီခေါင်းစဉ်ကိုယူလိုက်ပါတယ် ။ ဒီစနေ့ကတော့ လကုန်ရက်ဖြစ်နေလို့ ၊ လခဝင်လို့ ကျန်ခဲ့တဲ့စနေနေ့နဲ့ မတူ ၊ နည်းနည်းတော့ ကွဲတာပေါ့ ။ ရန်ကုန်အပြန်တုန်းက အိမ်မှာ ငယ်ငယ်က စုထားတဲ့ စုဗူးထဲကလက်ကျန်အကြွေလေးတွေတွေ့လို့ ယူလာလိုက်တယ် ။ လကုန်ရက်မှာရေးတဲ့ပိုစ့်ဆိုတော့ အကြွေတွေကို ဓါတ်ပုံရိုက်လိုက်တာပေါ့ ။ အသက်ကြီးလာတော့ ဘောလုံးစကားနဲ့ပြောရရင် ( injury time) သိပ်မရှိတော့ဘူး ။ ငယ်ငယ်ကလို တမတ်စေ့အကြွေတွေ မဲနေရင် ၊ သဲပေါ်ချပြီး ဖနောင့်နဲ့ဖိနင်း ၊ လူကို တစ်ပတ်လည်လိုက်ပြီး မတ်စေ့ကို ကြေးရောင်ပြန်တက်အောင်လုပ်လို့ရရင်ကောင်းသား ။ လွမ်းဖို့ကောင်းသား ။ ကဗျာဆရာကြီး အောင်ချိမ့်ရဲ့ အဲသည့် ကဗျာ “ ပြီးခဲ့တဲ့ စနေနေနဲ့ ဆင်တူနေ့“ ကိုပြန်ဖတ်ကြည့်တော့လည်း အရသာတွေ့နေဆဲ ။
Tuesday, 26 July 2011
Random photo ( ခရမ်းပြာထက်လူ ရဲ့ ကဗျာစာအုပ် )

ခရမ်းပြာထက်လူ ရဲ့ နံရံမှာ ငါရေးထွင်း ကဗျာစာအုပ် ။ ပင်နီဇူးလားမှာဝယ်တာ ၇ ဒေါ်လာပေးရတယ် ။ ကဗျာတွေဖတ်ရတာကောင်းတယ် ။ ဘာသာပြန်သူက ကဗျာတွေကို အင်္ဂလိပ်လိုဘာသာပြန်ထားပေမယ့် ကဗျာဆရာနာမည်ကို အင်္ဂလိပ်လိုဘာသာမပြန်ထားဘူး ။ :)
Sunday, 24 July 2011
Random photos (@ ngee Ann city)
| photo (icn2) |
Saturday, 23 July 2011
Random photos ( စန်းဦး - နှစ်ထပ်ဘောလုံး )
![]() |
| photo-icn2 |
Random Photos ( ဦးလွန်းကြွယ် )

ကျန်ခဲ့တဲ့ သုံး ၊ လေး နှစ် လောက်တုန်းက ပန်းချီဆရာကြီး ဦးလွန်းကြွယ် စင်ကာပူမှာ ပန်းချီပြပွဲလာလုပ်တုန်းက လက်တွေ့ရေးဆွဲပြသနေပုံ ။ ဆရာကြီး ရဲ့ ပန်းချီကားတချို့ရောင်းရတာတွေ့ခဲ့ရပါတယ် ။ ရွှေတိဂုံဘုရားပုံ ဆီဆေး ပန်းချီကားကြီးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ နဲ့ ရောင်းထားပြီးဆိုတဲ့စတစ်ကာလေးလည်းတွေ့ခဲ့ရပါတယ် ။ အခုဒီ ဓါတ်ပုံကို သိမ်းထားတဲ့ ဖိုင်အဟောင်းတွေထဲမှာတွေ့လို့ပြန်တင်လိုက်ပါတယ် ။ ပြပွဲမှာ အလကားဝေတဲ့ စာရွက်ထဲမှာ ပါတဲ့ ရွှေတိဂုံဘုရားပုံတော် ပန်းချီကားကို (pastel) နဲ့ ပြန်ကူးဆွဲထားတဲ့ပုံလည်း ပြန်တွေ့လို့ဒီပိုစ်မှာတပေါင်းတည်း တင်လိုက်ပါတယ် ။
Subscribe to:
Posts (Atom)













