ကျနော်တို့ မြန်မာစာရေးဆရာတွေ ၊ စာအုပ်သမားတွေဖတ်ကြတဲ့ The Best American Essays ဆိုတဲ့စီရီးတွဲလေးအကြောင်းကို သူငယ်ချင်းတယောက်က လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောပြတယ် ။
(Youtube, twitter, facebook) အသုံးများလာတဲ့ ကာလတွေမှာ စာအုပ်တွေ နဲ့ အီလက်ထရောနစ် အီးဘွတ်တွေ ဘယ်သူက ပိုပြီး နေရာယူလာကြမလဲ ။ ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်အားပေးမူ စတဲ့အကြောင်းအရာတွေကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေး စာအုပ် အမှာစာမှာရေးသားထားပါတယ် ။
အဲသည့်စီးရီး အယ်ဒီတာတွေထဲကတယောက်ဖြစ်တဲ့ Robert Atwan ကလည်း ၊ နောင် အီးဘွတ်တွေမှာ ဂန္တဝင် ဝတ္တုတွေကို အီလက်ထရောနစ် နည်းပညာနဲ့ထုတ်ဝေကြတဲ့အခါ အဲသည့်ဝတ္တုဇာတ်လမ်းနောက်ခံခေတ်ကာလက တေးဂီတတွေ ၊ ရောင်စုံ ဇိမ်ခံပစ္စည်းကြော်ငြာတွေ ၊ မှတ်တမ်းမှတ်ရာ ဓါတ်ပုံတွေ ၊ စာအုပ်ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မယ့် လင့်တွေ ၊ စာအုပ်ကိုဖတ်နေရင်း အချင်းချင်း ဆက်သွယ် အမြင်ဖလှယ် ဆွေးနွေးနိုင်မယ့် ချက်တင်လိုမျိုးတွေ ၊ မှတ်တမ်းရုပ်ရှင်တိုလေးတွေနဲ့ ဂန္တဝင်ဝတ္တုတွေကိုထုတ်ဝေလာခဲ့ရင် စာအုပ်ဖတ်သူဟာ စာအုပ်ကိုဖတ်နေရင်း ရုပ်ရှင်တကားကြည့်နေရသလို ၊ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ၊ မှတ်တမ်းရုပ်ရှင်တကားကို ကြည့်နေရသလို ၊ ချက်တင် လုပ်နေရသလို အခြေအနေမျိုးကိုတပြိုင်တည်းရရှိနိုင်မယ်လို့ ရေးသားထားပါတယ် ။ အဲသည့်အရေးအသားကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေးမိတ်ဆက်စာမှာဖတ်ရူ နိုင်တယ်လို့ သိရပါတယ် ။