Saturday 5 November 2011

ဟိုဟိုဒီဒီများ-၆ ( အီးဘွတ်များ ၊ ဘလော့များ ၊ အက်ဆေးများ )



ကျနော်တို့ မြန်မာစာရေးဆရာတွေ ၊ စာအုပ်သမားတွေဖတ်ကြတဲ့  The Best American Essays ဆိုတဲ့စီရီးတွဲလေးအကြောင်းကို သူငယ်ချင်းတယောက်က လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောပြတယ် ။


(Youtube, twitter, facebook) အသုံးများလာတဲ့ ကာလတွေမှာ စာအုပ်တွေ နဲ့ အီလက်ထရောနစ် အီးဘွတ်တွေ ဘယ်သူက ပိုပြီး နေရာယူလာကြမလဲ ။ ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်အားပေးမူ စတဲ့အကြောင်းအရာတွေကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေး စာအုပ် အမှာစာမှာရေးသားထားပါတယ် ။

အဲသည့်စီးရီး အယ်ဒီတာတွေထဲကတယောက်ဖြစ်တဲ့ Robert Atwan ကလည်း ၊ နောင် အီးဘွတ်တွေမှာ ဂန္တဝင် ဝတ္တုတွေကို အီလက်ထရောနစ် နည်းပညာနဲ့ထုတ်ဝေကြတဲ့အခါ အဲသည့်ဝတ္တုဇာတ်လမ်းနောက်ခံခေတ်ကာလက တေးဂီတတွေ ၊ ရောင်စုံ ဇိမ်ခံပစ္စည်းကြော်ငြာတွေ ၊ မှတ်တမ်းမှတ်ရာ ဓါတ်ပုံတွေ ၊ စာအုပ်ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မယ့် လင့်တွေ ၊ စာအုပ်ကိုဖတ်နေရင်း အချင်းချင်း ဆက်သွယ် အမြင်ဖလှယ် ဆွေးနွေးနိုင်မယ့် ချက်တင်လိုမျိုးတွေ ၊ မှတ်တမ်းရုပ်ရှင်တိုလေးတွေနဲ့ ဂန္တဝင်ဝတ္တုတွေကိုထုတ်ဝေလာခဲ့ရင် စာအုပ်ဖတ်သူဟာ စာအုပ်ကိုဖတ်နေရင်း ရုပ်ရှင်တကားကြည့်နေရသလို ၊ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ၊ မှတ်တမ်းရုပ်ရှင်တကားကို ကြည့်နေရသလို ၊ ချက်တင် လုပ်နေရသလို အခြေအနေမျိုးကိုတပြိုင်တည်းရရှိနိုင်မယ်လို့ ရေးသားထားပါတယ် ။ အဲသည့်အရေးအသားကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေးမိတ်ဆက်စာမှာဖတ်ရူ နိုင်တယ်လို့ သိရပါတယ် ။



မြန်မာစာရေးဆရာ ၊ ဝေဖန်ရေးဆရာ မင်းခက်ရဲ ၊ နွယ်နီမဂ္ဂဇင်းမှာ “ မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာရေးဆရာများ” အကြောင်းကို သူကရေးပါတတယ် ။ ဘာသာပြန်တဲ့သူရဲ့ စိတ်ကြိုက် ၊ သာသာပြန်ဆရာ ကြိုက်နှစ်သက်တဲ့ စာရေးဆရာကိုသာ မြန်မာစာပေလောကမှာ ဘာသာပြန်ခဲ့တဲ့အတွက် တခြားသော ကမ္ဘာကျော် စာရေးဆရာများ ကျန်နေခဲ့လို့ ဆရာ မင်းခက်ရဲ က အဲသည့်ဆောင်းပါးတွဲကိုရေးသားတယ်လို့ သိရပါတယ် ။ 


မန်းချောင်းလရောင် ၊  ဖြူး (မိတ်ဆွေများ) ၊ စိတ်ကူးချိုချို စာအုပ်တိုက်၊ ရွှေအမြုတေ ၊ ဥတ္တရလမင်း စတဲ့စာပေ အသင်းအဖွဲ့များက ရွေးခြယ်တဲ့ ဝတ္ထုတိုတွေ ၊ ကဗျာတွေဟာ ရေးဖွဲ့ဟန်မျိုးစုံနဲ့ ဖတ်လို့ကောင်းနေပါတယ် ။ မြန်မာကဗျာဆရာများကလည်း ကဗျာများကို ရွေးခြယ်ရာမှာ အယ်ဒီတာ တယောက်ထဲ ၊ တယောက်ထဲအကြိုက်နဲ့ မဟုတ်ဘဲ ၊ ကဗျာဆရာ ၊ ကဗျာအယ်ဒီတာတယောက်စီက တလှည့်စီ ရွေးခြယ်ပေးမယ့် ကဗျာတွေကို စီစဉ်တယ်လို့ သိရပါတယ် ။ 

အကောင်းဆုံးအမေရိကန် အက်ဆေးတွေကို နှစ်အလိုက်ရွေးခြယ်ပေးတဲ့ နှစ်အလိုက် စီးရီး အယ်ဒီတာ စာရေးဆရာတွေကလည်း စာပေအနုပညာနိုင်ငံရေးနယ်ပယ်က အထင်ကရနာမည်ကျော်တွေဖြစ်ကြပါတယ် ။ သူတို့တယောက်ခြင်းစီရဲ့ လက်ရာတွေကလည်း လက်ရာကောင်းတွေလို့သိရပါတယ် ။

Robert Atwan ဆိုတဲ့ စီးရီးအယ်ဒီတာကလည်း အခုခေတ်ကာလမှာ Blog ဘလော့များကို ဖတ်ရူနေတဲ့စာဖတ်ပရိသတ်အရေအတွက်ဟာ များပြားတယ်လို့ရေးသားထားပါတယ် ။ ၂၀၁၀ အကောင်းဆုံးအမေရိကန်အက်ဆေးစာအုပ် အမှာစာမှာဖြစ်ပါတယ် ။

2 comments:

  1. ညီမက တော့ စာအုပ်ကို အုပ်လိုက်ကိုင်ဖတ်ရတာ ပိုသဘောကျသလိုပဲ.

    ReplyDelete
  2. ဟုတ်တယ် ကျနော်လည်း စာအုပ်ကိုကိုင်ဖတ်ရတာ သဘောကျတယ် ။

    ReplyDelete