Sunday 27 November 2011

မန်းမြေမှာ တစ်ညတာ

ကျနော် မန္တလေးကိုရောက်သွားချိန်မှာ ပေါက်နေတဲ့ လူပြောများတဲ့ အဆိုတော် (ဗီဒီယို အခွေ)ကတော့ မြန်မာပြည်သိန်းတန် ဖြစ်ပါတယ် ။ ဒီပိုစ့်ခေါင်းစဉ်ကို သူ့ရဲ့ နာမည်ကျော် မန်းမြေမှာလေးနှစ်တာ ကို တုပပြီး ပေးလိုက်ပါတယ် ။ ၁၉၄၅ ခုနှစ်မှာ မြန်မာပြည် သိန်းတန်ကိုမွေးဖွားခဲ့ပါတယ်လို့ သိရပါတယ် ။ သူ့အကြောင်းအပြောများတာတွေထဲကတစ်ခုကတော့ ( သီချင်းဆိုတော်တာတွေအပြင်) သူစင်ပေါ်မှာ ဧည့်ခံဖျော်ဖြေစဉ် ဝတ်စဉ်ခဲ့တဲ့ အင်္ကျီများအကြောင်း ဖြစ်ပါတယ် ။







အကိုတယောက်ကောင်းမူနဲ့ ၆၈ လမ်း (၃၄ နဲ့ ၃၅ လမ်းကြား) က 3 Seasons Beer Pub ကိုရောက်သွားပါတယ် ။ ဘီယာရော ၊ ခွက်ပါ ရေခဲရိုက်ထားတာကို တခါမှမမြင်ဖူးလို့ ကျနော်တို့ တသိုက်သဘောတွေကျနေခဲ့ပါတယ် ။ ငါး ဟင်းတပွဲ ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ကျနော်တို့စားခဲ့တဲ့ ငါးဟင်းနာမည်ကတော့ “ ဆယ်ကွေ့ တစ်ကွေ့” ဖြစ်မယ်လို့ ကျနော်ထင်တယ် ။ ( ဟင်းနာမည်ဘယ်လိုခေါ်သလဲ မသိလောက်အောင်တော့ မသောက်ပါဘူး)




No comments:

Post a Comment